မဇ္ဈိမပဋိပဒါ သို့ အလယ်လမ်း သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းသည့် စကားဖြစ်သည်။

ထေရဝါဒနှင့် ပါဠိစာပေ ပြင်ဆင်ရန်

ဓမ္မစကြာသုတ္တန် ပြင်ဆင်ရန်

ထေရေဝါဒဗုဒ္ဓဘာသာ၏ ပါဠိစာပေ၌ "အလယ်လမ်း (မဇ္ဈိမပဋိပဒါ)" ကို ဆိုသည့် စကား ပါဝင်သည်။ ဓမ္မစကြာသုတ္တန်သည် ဘုရားဖြစ်ပြီးနောက် မြတ်စွာဘုရားပထမဆုံး ဟောကြားတော်မူခဲ့သည့် သုတ္တန်ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို အလယ်အလတ်ကျင့်စဉ်အဖြစ် ဟောကြားခဲ့သည်။ အစွန်းနှစ်ဖက်ဖြစ်သည့် လောဘ အစွန်းနှင့် ဒေါသအစွန်းကြားရှိ အလယ်လမ်းကို ဆိုလိုသည်။

ရဟန်းတို့ ... ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ်အမြင်ကို ပြုတတ်သော၊ ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသောဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်ဖြစ်သော၊ ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်ကား အဘယ်နည်း။ (သစ္စာလေးရပ် တရားမြတ်ကို) မှန်စွာ ထိုးထွင်းသိမြင်ခြင်း 'သမ္မာဒိဋ္ဌိ'၊ (သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းဟူသော) မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'၊ မှန်စွာ ပြောဆိုခြင်း 'သမ္မာဝါစာ'၊ မှန်စွာ ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊ မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ'၊ (သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန်) မှန်စွာ ကြိုးစားအားထုတ်ခြင်း 'သမ္မာဝါယာမ'၊ (သစ္စာလေးရပ် တရားမြတ်အာရုံကို) မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ'၈။ (ဥပစာရသမာဓိ အပ္ပနာသမာဓိတည်းဟူသော) မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' တို့ပင်တည်း။ ရဟန်းတို့ ... ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော၊ ဉာဏ်အမြင်ကို ပြုတတ်သော၊ ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသောဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်သည်ကား ဤသည်ပင်တည်း။

မဟာယာန ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်