မလှိုင်မြို့နယ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်

မလှိုင်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မလှိုင်မြို့ ဖြစ်သည်။

မလှိုင်မြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိမြို့နယ်
Skyline of မလှိုင်မြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မလှိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မလှိုင်မြို့နယ်
မလှိုင်မြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°6′N 95°39′E / 21.100°N 95.650°E / 21.100; 95.650
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်ရုံးစိုက်ရာမြို့မလှိုင်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၃၉,၃၆၈ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း ပြင်ဆင်ရန်

မလှိုင်မြို့ရှိ ရွှေမု​ဌော​စေတီ​တော်မြတ်ကြီးသည် သာသနာသက္ကရာဇ် ၂၁၄ခုနှစ် ​တော်သလင်းလပြည့်​ကျော် ၁ရက်၊ ဘီစီ၃၃၀တွင် တည်ထားခဲ့သည်ဟု ဘုရားသမိုင်းအရလည်း​ကောင်း၊ပုဂံပြည့်ရှင် ပထမမင်းဖြစ်​သော သမုဒ္ဒရာဇ်မင်းမတိုင်မီကပင် မလှိုင်မြို့ ပြူကန်ရွာတွင် ပြူတို့​ကျေးရွာတည်​နေထိုင်ခဲ့​ကြောင်းကို မလှိုင်မြို့နယ်၏ ကျေးရွာများမှာ ဆည်ထိပ်​ကျေးရွာ ရွှေစာပင်​စေတီ​တော် အ​ထောက်အထားအရလည်း​ကောင်း၊မလှိုင်ရွာရှိ ပုပ္ပရတနာဦး​စေတီ​တော် ​လောကဉာဏ်ထွန်းလင်း ရုပ်ပွား​တော်မြတ်ကြီးအ​ကြောင်း ကမ္မည်း​ရေးထိုးထားသည့် ​ကြေးသွန်း​ခေါင်း​လောင်းကြီးတွင် ၁၁၆၃ခနှစ် တန်ခူးလပြည့်​ကျော်၁ရက်၊ တနင်္ဂ​နွေ​နေ့တွင် ​ရေစက်သွန်းချခဲ့​ကြောင်း အ​ထောက်အထားမျာူအရ မလှိုင်မြို့သည် ​ရှေးယခင်ကပင် ရွာအဖြစ်တည်ရှိခဲ့​ကြောင်း သိနိုင်သည်။ ဆရာ​တော် ဦးတိ​လောက ပြန်ဆို​​သော ပရိယတ္တိစာတမ်းတွင် မြို့ပိုင်ရုံးစိုက်ရာ ယခုမြို့သည် ​ရှေးမြန်မာမင်းများလက်ထက်ကပင် မြို့ဟု​ခေါ်ခဲ့​ကြောင်း ​တွေ့ရသည်။ ထိုစဉ်က မလှိုင်မှာ မြို့ဖြစ်​သော်လည်း လွန်ခဲ့​သော နှစ်​ပေါင်း ၁၇၀ခန့် ဘိုး​တော်ဘုရားလက်ထက်က ရွာတစ်ရွာသာဖြစ်​ကြောင်း ​ရှေး​ဟောင်း ​ခေါင်း​လောင်းတစ်ခုက ​ဖော်ပြသည်ဟု ​ရေးသားထားပြန်သည်။ ထို့အပြင် ပန်းအိုင်ရွာမှ ဆရာကြီးဦးမြင့်ဦး၏ ​လေ့လာမှုအရ မလှိုင်၊ပန်းလှိုင်၊ပန်းအိုင်ရွာညီ​နောင်များသည် နိဂုံးများဖြစ်ကာ မြန်မာဘုရင်များလက်ထက်ကပင် ပန်းတလဲ(ပင်းတလဲ)စီရင်စုလက်​အောက်တွင် ထားရှိကာ ပင်းတလဲမြို့ဝန်က အုပ်ချုပ်ခဲ့သည်။ ရွှေမု​ဌောဘုရားအနီးတွင် ပန်းများလှိုင်​နေရာမှ ပန်းလှိုင်ဟု​ခေါ်တွင်ရာမှ ​နောင်တွင် မလှိုင်ဟု အမည်တွင်လာခဲ့သည်။၁၉၇၅ခုနှစ် ဇူလိုင်၁၅ရက်တွင် ပြည်ထဲ​ရေးနှင့် သာသနာ​ရေးဝန်ကြီးဌာနမှ မြို့အဖြစ် သတ်မှတ်ခဲ့သည်။[၂]

ပထဝီဝင်အ​နေအထား ပြင်ဆင်ရန်

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၅မိနစ်နှင့် ၂၁ဒီဂရီ ၀၀မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ်နှင့် ၉၅ဒီဂရီ ၅၀မိနစ်အကြားတွင် တည်ရှိသည်။ဧရိယာစတုရန်းမိုင် ၄၂၈.၇တုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ် ပြင်ဆင်ရန်

မလှိုင်မြို့နယ်၏ အ​ရှေ့ဘက်တွင် ဝမ်းတွင်းမြို့နယ်၊​တောင်ဘက်တွင် ​​မိတ္ထီလာမြို့နယ်၊အ​နောက်ဘက်တွင် ​တောင်သာမြို့နယ်နှင့် ​ကျောက်ပန်း​တောင်းမြို့နယ်၊ ​မြောက်ဘက်တွင် ​တောင်သာမြို့နယ်၊နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

​ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ၉၀၀အထက်တွင် တည်ရှိသည်။​မြို့နယ်၏ ​မြောက်ပိုင်းတွင် ညီညာပြန့်ပြူး​သော ယာ​မြေများ၊အ​ရှေ့ပိုင်းတွင် ​ကျောက်စရစ်ကုန်း​မြေများ၊ ဆပ်ပြာ​မြေများ၊​တောင်ဘက်ပိုင်းတွင် လျို​မြောင် ​ချေက်ကမ္ဘားများ၊အ​နောက်ပိုင်းတွင် ပုပ္ပါး​တောင်နှင့် ထိစပ်​နေ​သော ​တောင်တန်းများ တည်ရှိသည်။ မလှိုင်မြို့၏ ​တောင်ဘက်ပိုင်းမှစတင်၍ နိမ့်ဆင်းသွား​သော မျက်နှာပြင်​ကြောင့် ​မြောက်ဘက်နှင့် အ​ရှေ့​မြောက်ဘက်သို့ ​ရေများ စီးဆင်းသွားသည်။

လူဦး​ရေ ပြင်ဆင်ရန်

မလှိုင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်းနှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၃%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယလူမျိုးများဖြစ်သည်။

စီးပွား​ရေး ပြင်ဆင်ရန်

မလှိုင်မြို့နယ်သည် မန္တ​လေးတိုင်းအတွင်း စီးပွား​ရေးဖွံ့ဖြိုးတိုးတက်မှု​နှေး​ကွေး​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ နှမ်း၊ပြောင်း၊ပဲစဉ်းငုံ၊ပဲနှောက်၊မြေပဲ၊ကြက်သွန်၊ ထန်းလျက်နှင့် မလှိုင်ဝါများဖြစ်ကာ ရန်ကုန်တိုင်းသို့ အများဆုံး တင်ပို့​ရောင်းချသည်။ နိုင်ငံပိုင် ဝါကြိတ်စက်ရုံ၊ ပုဂ္ဂလိကပိုင် အလုပ်ရုံ၂ရုံ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ၁၇၂ခု တည်ရှိသည်။

​ဈေးများ ပြင်ဆင်ရန်

  • မြို့မ​ဈေး
  • ပန်းအိုင်ဈေး
  • ​နှောကန်​ဈေး
  • သိမ်ကုန်းဈေး
  • ဆည်တို​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး ပြင်ဆင်ရန်

မလှိုင်မြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ တိုင်းအတွင်းမြို့နယ်များနှင့်သာ ထိစပ်​နေ​သော ကုန်းပိတ်မြို့နယ်တစ်ခုဖြစ်ကာ ကုန်းလမ်းဖြင့်သာ သွားလာနိုင်သည်။ မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း၊ မြင်းခြံ-မိတ္ထီလာလမ်းတို့ ဖြတ်သန်းသွားကာ မြို့နယ်၏ အ​ရှေ့ဘက်ပိုင်းတွင် ရန်ကုန်-မန္တ​လေး အမြန်လမ်းမကြီးမှာ အနည်းငယ်ဖြတ်သန်းသွားသည်။

ပညာ​ရေး ပြင်ဆင်ရန်

အ​ခြေခံပညာ ပြင်ဆင်ရန်

အထက ပြင်ဆင်ရန်

အထက်တန်းကျောင်း ၇ကျောင်းရှိသည်။

  • အထက မလှိုင်
  • အထက ဆည်တို
  • အထက မုံပင်
  • အထက ​နှောကန်
  • အထက ပန်းအိုင်
  • အထက မှရိုး
  • အထက ​ရေငံရွှေ​ပေါ်ကျွန်း

အထက(ခွဲ)/အလက ပြင်ဆင်ရန်

  • အထက (ခွဲ) အလက/ သာထွန်း​အေး
  • အထက (ခွဲ) အလက/ ရုံးပင်​ဇောက်
  • အထက (ခွဲ) အလက/ ဝါးရုံ
  • အထက (ခွဲ) အလက/ ကျွဲခြံ
  • အထက (ခွဲ) အလက/ မြို့သစ်
  • အထက (ခွဲ) အလက/ ​ကျောက်တန်း
  • အထက (ခွဲ) အလက/ သက္ကယ်ကျင်း
  • အထက (ခွဲ) အလက/ ကျပ်ဖြူ
  • အထက (ခွဲ) အလက/ တောင်ရိုးတဲ
  • အထက (ခွဲ) အလက/ ယာကြီးကုန်း
  • အထက (ခွဲ) အလက/ တည်ကြီး​တော
  • အထက (ခွဲ) အလက/ ကူကြီးကုန်း
  • အလက ထန်း​တော
  • အလက အုပ်ကြီး
  • အလက ကုန်းလည်
  • အလက သိမ်ကုန်း
  • အလက လယ်တာ​ကောင်း
  • အလက ထန်းပင်ကန်
  • အလက သဘွတ်ကုန်း
  • အလက ​ပျော်ဘွယ်
  • အလက ဖက်ကုန်း
  • အလက လက်​စွေ့
  • အလက မြင်းဦးလှည့်
  • အလက ကသစ်ပင်
  • အလက လဲ​​တော
  • အလက သမန်းကန်
  • အလက အုတ်ဖိုကန်
  • အလက ​ဖျောက်ဆိပ်ကုန်း
  • အလက​ ညောင်ကုန်း
  • အလက ကံရွာ
  • အလက သုံး​တောင်

အမက ပြင်ဆင်ရန်

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၄၈ကျောင်းရှိသည်။

ကျန်းမာ​ရေး ပြင်ဆင်ရန်

  • မလှိုင်မြို့နယ်ဆေးရုံ
  • ဆည်တို တိုက်နယ်​ဆေးရုံ
  • ကျောက်တန်း တိုက်နယ်​ဆေးရုံ
  • ​နှောကန် တိုက်နယ်​ဆေးရုံ
  • မရိုး(မှတ်+ရိုး) တိုက်နယ်ဆေးရုံ

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ မလှိုင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 14 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။