မဟာဗန္ဓုလလမ်း(ယခင် ဒါလဟိုစီလမ်း) ရန်ကုန်မြို့တောင်ပိုင်းတွင်ရှိသော အဓိကလမ်းမကြီးဖြစ်သည်။ ထိုလမ်းမကြီးသည် အနောက်မှ အရှေ့သို့ ဖောက်လုပ်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်အပြိုင် တည်ရှိနေသည်။ မဟာဗန္ဓုလလမ်းသည် ကမ်းနားလမ်းနှင့် ၈ လမ်းတို့ဆုံရာနေရာမှ အောက်ပုဇွန်တောင်လမ်းအနီး ရာဇဓိရာဇ်လမ်းအထိ ရှည်လျားသော အရှေ့အနောက် သွယ်တန်းနေသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ ဤလမ်းကို ကိုလိုနီခေတ်က အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အိန္ဒိယဘုရင်ခံချုပ် လော့(ဒ်)ဒါလဟိုဇီ (Lord Dahlousie)အား ဂုဏ်ပြုသောအားဖြင့် ဒါလဟိုဇီလမ်းဟု အမည်ပေးခဲ့ကြသည်။ ဒါလဟိုဇီလမ်းကို (၃.၄.၁၉၅၆)တွင် ကျင်းပခဲ့သည့် ရန်ကုန်မြူနီစီပယ် အစည်းအဝေးမှ မဟာဗန္ဓုလလမ်းဟု အမည်ပြောင်းလဲခဲ့သည်။ ထိုလမ်းမကြီးပေါ်တွင် မဟာဗန္ဓုလပန်းခြံနှင့် မဟာဗန္ဓုလတံတားတည်ရှိသည်။

မဟာဗန္ဓုလလမ်း
၁၈၉၀ ခုနှစ်များတွင်တွေ့ရသော မြို့တော်ခန်းမရှေ့မှ ဒါလဟိုစီလမ်း