မဟာအတုလဝေယန်ကျောင်းတော်ကြီး

မဟာအတုလဝေယန်ကျောင်းတော်ကြီး(အတုမရှိကျောင်းဟုလည်းခေါ်ဆို)သည် မန္တလေးမြို့တွင် တည်ရှိသော ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်ပြီး မင်းတုန်းမင်းကြီးမှ နေပြည်တော်ကို မန္တလေးမြို့သို့ရွေ့ပြီး နှစ်နှစ်အကြာ ၁၈၅၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁] ထိုကျောင်းတော်ကြီးကို ရူပီးငွေ ၅ သိန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၂]

မဟာအတုလဝေယန်ကျောင်းတော်ကြီး
မဟာအတုလဝေယန်ကျောင်းတော်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဟာအတုလဝေယန်ကျောင်းတော်ကြီး
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်22°0′3″N 96°6′45″E / 22.00083°N 96.11250°E / 22.00083; 96.11250ကိုဩဒိနိတ်: 22°0′3″N 96°6′45″E / 22.00083°N 96.11250°E / 22.00083; 96.11250
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမန္တလေးမြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူမင်းတုန်းမင်း
ပြီးစီး၁၈၅၇ ခုနှစ် (၁၆၇ နှစ် အကြာက)
၁၉၉၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့

မူလဘုန်းတော်ကြီးကျောင်းကို ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အင်္ဂတေအနုအမွမ်းများဖြင့် အပြင်မှ တန်ဆာဆင်ထားပြီး တမူထူးခြားသောလက်ရာအဖြစ် မြန်မာမူပြာသာဒ်ကို အဆင့်ဆင့် အချွန်းပုံစံဖြင့် တက်မသွားပဲ စတုရန်းပုံ လေးထောင့်စပ်စပ်ဖြင့် အဆင့်ဆင့် ငါးဆင့်တက်ကာ ဆောက်လုပ်ထားသည်။[၂]

၁၈၉၀ ခုနှစ်တွင် မန္တလေးမြို့ မီးလောင်ကျွမ်းစဉ်က ကျောင်းဆောင်တစ်ခုလုံးမီးခခဲ့ရပြီး ၃၀ ပေ (၉.၁ မီတာ) ဉာဏ်တော်အမြင့်ရှိသော မတ်ရပ်ရုပ်ပွားတော်ကြီးရောပါဝင်ခဲ့သည်။ မီးလောင်ကျွမ်းခဲ့စဉ်က ဗုဒ္ဓရုပ်ပွားတော်တွင် လှူဒါန်းထားသော ၁၉.၂ ကာရတ် (၃၂ ရတီ) ရှိသည့် စိန်တုံးကြီး(ဘိုးတော်ဘုရားအား ရခိုင်နယ်စား မဟာနော်ရထာ ဆက်သခဲ့သည့်)လည်း ပျောက်ဆုံးခဲ့သည်။[၂]

မဟာအတုလဝေယန်ကျောင်းတော်ကြီး (မန္တလေးမြို့)

၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ အကျဉ်းသားလုပ်သားများဖြင့် မူလအတိုင်း ပြန်လည်ဆောက်လုပ်ခဲ့ကြသည်။[၁]

မဟာအတုလဝေယန်ကျောင်းတော်ကြီး (မန္တလေးမြို့)

ပြခန်း ပြင်ဆင်ရန်

မှတ်စု ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  • List of Ancient Monuments in Burma (I. Mandalay Division)1။ Rangoon: Office of the Superintendent, Govt. Printing, Burma။ 1910။
  • Fiala၊ Robert D. (2002)။ Atumashi Kyaung Temple, Mandalay, MyanmarAsian Historical Architecture။ 11 November 2013 တွင် ပြန်စစ်ပြီး။