မာနာဒိုမြို့

အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူလာဝေစီပြည်နယ်ရှိ မြို့

မာနာဒိုမြို့ သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်၏ မြို့တော် ဖြစ်သည်။ ဆူလာဝေစီကျွန်းတွင် မာကတ်ဆာမြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မြေဧရိယာ ၁၅၇ စတုရန်းကီလိုမီတာတွင် လူဦးရေ ၄၂၅,၄၂၀ ဦး ဖြန့်ကျက် နေထိုင်ကြသည်။[၁] မာနာဒို မက်ထရိုပိုလစ်တန်ဒေသတွင် ၂၀၁၈ ခုနှစ်၌ လူဦးရေ ၁.၂ သန်း ရှိသည်။[၂] မြို့တော်သည် မာနာဒိုပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် တောင်ကုန်းထူထပ်သော ဒေသများက ဝိုင်းရံထားသည်။[၃]

မာနာဒိုမြို့ မြင်ကွင်း

မာနာဒိုသည် အင်ဒိုနီးရှားရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ ထိပ်ဆုံး နေရာ ၅ ခုတွင် ပါဝင်သည်။[၄] မြို့တော်တွင် ဆမ် ရာတူလန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၊​စင်ကာပူနိုင်ငံ၊​တရုတ်နိုင်ငံ တို့နှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။ ဘူနာကန် အမျိုးသားဥယျာဉ်သည် မြို့တော်၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ ထိုမြို့တော်အား ခရစ်ယာန် အများစု ရှိသော မြို့ဟုလည်း သိကြပြီး နိုင်ငံအတွင်း နှစ်စဉ် ခရစ်စမတ်ပွဲတော်ကို အကြီးကျယ်ဆုံး ကျင်းပလေ့ ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားတွင် သည်းခံနိုင်စွမ်း အရှိဆုံးနှင့် အငြိမ်းချမ်းဆုံး မြို့ဟုလည်း ဆိုကြသည်။[၅]

ကိုးကား ပြင်ဆင်ရန်