မိဖုရားခေါင်ကြီး[၁] တုကူး သည် တုကူးရှင့် ၏ သမီးအကြီးဆုံးဖြစ်ပြီး ယွီဝမ်ယု ၏ ကြင်ရာတော်ဖြစ်သည်။ သူမ မွေးဖွားသော နှစ်နှင့် နာမည်အရင်း ကို သမိုင်းပညာရှင်များမှ အတည်မပြုရသေးပေ။ သူမ သည် ယွီဝမ်ယု အား ၎င်း နင်တူး နယ်စားဖြစ် ပြီးသော အေဒီ ၅၅၀ နောက်ပိုင်း တွင် လက်ထပ်ခဲ့သည်ဟု ယူဆရသည်။ အေဒီ ၅၅၇ တွင် ယွီဝမ်ယု ၏ ဖခင် ယွီဝမ်ထိုက် ကွယ်လွန်ပြီးနောက် အစ်ကိုတော် ယွီဝမ်ကြွယ် သည် ဧကရာဇ် ရှောင်မင်း အဖြစ် ထီးနန်း ဆက်ခံခဲ့ သည်။ သို့သော်လည်း မြောက်ပိုင်း ကျိုး မင်းဆက် ကို တည်ထောင်သော ယွီဝမ်ထိုက် ၏သားတော် များမှာ ငယ်ရွယ်သောကြောင့် ထီးနန်းရေးရာ အုပ်ချုပ်ရေးပိုင်းများ ၌ တူတော်ဖြစ် သော ယွီဝမ်ဟု မှ အလုံးစုံသောအာဏာ ကိုချုပ်ကိုင် ထား သည်။ ဧကရာဇ် ရှောင်မင်း သည် ထိုစွက်ဖက်မှုကို မနှစ်သက်သော ကြောင့် ယွီဝမ်ဟု အားလုပ်ကြံရန် ကြိုးပမ်း ခဲ့သည်။ သို့သေ်ာလည်း ယွီဝမ်ဟုက သိရှိသွားပြီး ဧကရာဇ် အားနန်းချကာ နင်ဒူး နယ်စား ယွီဝမ်ယု နှင့် နယ်စားကတော် တုကူး တို့အား မြို့တော်သို့ပြန်လာစေ၍ ထီးနန်းသိမ်းပိုက်စေခဲ့သည်။ သို့သော်လည်း ဧကရာဇ်အဖြစ် မဆက်ခံစေသေးဘဲ ဘုရင် အဖြစ် ခေတ္တစံစေသည်။ ယွီဝမ်ယု သည် ဘုရင်ဖြစ်ပြီးနောက် ​ဇနီးသည် အား မိဖုရားတုကူး အဖြစ် စံမြန်း စေသည်။ နောက်ပိုင်း၌ ယွီဝမ်ဟု သည် ၎င်းအား ဧကရာဇ်ရှောင်မင်းမှ လုပ်ကြံသော အစီအစဉ်တွင် မိဖုရားတုကူး ၏ ဖခင် တုကူးရှင့် သည်လည်း အပါအဝင်ဖြစ် သည်ကို သိရှိပြီး နောက် တုကူးရှင့် အား မိမိကိုယ်ကို သတ်သေ ရန် တွန်းအားပေးခဲ့သည်။ ထို့ကြောင့် တုကူးအမတ်ကြီးသည် အေဒီ ၅၅၇ ၌ ကွယ်လွန်ခဲ့သည်။ တုကူးမိဖုရား သည်လည်း မိဖုရားဖြစ်ပြီး သုံးလအကြာ အေဒီ ၅၅၈ ၌ အပြင်းဖျား၍ ကွယ်လွန်ခဲ့သည်။ သမိုင်းပညာရှင် ဘိုရန် က ယွီဝမ်ဟုမှ အဆိပ်ခတ် လုပ်ကြံသည်ဟု အဆိုပြုထားသော်လည်း သက်သေ အထောက်အထား ခိုင်မာစွာ မရှိသေးပေ။ အေဒီ ၅၅၉ ၌ ဘုရင် ယွီဝမ်ယု သည် ဧကရာဇ်မင် အဖြစ် ဘွဲတော်ခံယူခဲ့ပြီး ကြင်ယာတော် တုကူး မိဖုရားအား ဧကရီ မင်ဂျင်း ဘွဲ့အပ်နှင်းခဲ့သည်။ ထို့ဘွဲ့တော် သည် မိဖုရား တုကူး ကွယ်လွန်ပြီးနောက် ရရှိခဲ့ခြင်ဖြစ်သည်။ သို့သော်လည်း သူမအား ညီမတော် တုကူးကျားလော် နှင့်တူညီ သော ဧကရီ တုကူး အဖြစ် လူသိများ ကြသည်။ အေဒီ ၅၆၀ တွင် ယွီဝမ်ဟု သည် တိုင်းရေးပြည်ရာ များတွင် ကျွမ်းကျင်ပိုင်နိုင် လာသော ဧကရာဇ်မင် အား အဆိပ်ခတ်လုပ်ကြံခဲ့သည်။ ထို့နောက် မိဖုရား တုကူးနှင့်အတူ မြုပ်နှံခဲ့သည်။

မှတ်စု ပြင်ဆင်ရန်

  1. During her husband's reign, her title was "Heavenly Queen" since he used the alternative title "Heavenly King" (Tian Wang), but he posthumously formally confer on her the title of empress in 559 after he started using imperial title.