ကမ္ဘာ့‌ကြေးစားလက်‌ဝှေ့သမိုင်းတွင် အသက်အငယ်ဆုံး ဟဲဗီး ဝိတ်ချန်ပီယံဖြစ်‌သော မိုက်တိုက်ဆင်သည် ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ ရက်‌နေ့တွင် အ‌မေရိကန်ပြည်‌ထောင်စု နယူး‌ယောက် မြို့ ဘရွတ်ကလင်းရပ်ကွက်၌ ဆင်းရဲ‌သော လူမည်းမိသားစုမှ ‌မွေးဖွားခဲ့သည်။ ငယ်စဉ်က ‌ကောင်းစွာ ပညာမသင်ခဲ့၇‌ချေ။

မိုက်တိုင်ဆန်

ဆိုးသွမ်း၍ လူငယ်ပြုပြင်‌ရေး သင်တန်း‌ကျောင်းသို့ ပို့ထားခံ၇ သည်။ ‌ကျောင်း၏အတိုင် ပင်ခံလူကြီး ‌ဘော့စတီးဝပ်က တိုက် ဆင်၏ ပင်ကိုအရည်အ‌သွေးကို သ‌ဘောကျ၍ ကပ်စ်ဒီအမာတို့ ၏ လက်‌ဝှေ့သင်တန်းသို့ ပို့‌ပေးခဲ့သည်။ ကပ်စ်ဒီအမာတိုသည် ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ဟဲဗီးဝိတ် ချန်ပီယံဖြစ်ခဲ့‌သော ဖလွိုက်ပက်တာဆင်နှင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ လိုက်ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်ခဲ့‌သော ဟို‌စေး‌တောရက်စ်တို့ကို ‌မွေးထုတ်ခဲ့သည့် ဝါရင့် နည်းပြဆရာကြီးတစ်ဦးဖြစ်သည်။

မိုက်တိုက်ဆင်သည် အ‌ပျော်တမ်းလက်‌ဝှေ့သမားအဖြစ် ၁၉၈၄ ခုနှစ် ‌လော့စ်အိန်းဂျလီးစ် ကမ္ဘာ့အို လင်းပစ်ပြိုင်ပွဲသို့ ဝင်ပြိုင်ရန်ကြိုးပမ်းရာ လူ‌ရွေးပွဲတွင်အ‌ရေးနိမ့်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ‌ကြေးစားလက် ‌ဝှေ့‌လောကသို့ ဝင်‌ရောက်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ‌ကြေးစားလက်‌ဝှေ့ပြိုင်ပွဲ ၁၈ ပွဲထိုးသတ်ခဲ့ရာ ၁၂ ပွဲ တွင် သုံးမိနစ်အတွင်း၌လည်း‌ကောင်း၊ ‌ခြောက်ပွဲတွင် တစ်မိနစ်အတွင်း၌လည်း‌ကောင်း အလဲထိုး အနိုင်ယူခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ကမ္ဘာ့လက်‌ဝှေ့‌ကောင်စီ (ဒဗလျူဘီစီ)၏ လက်‌ဝှေ့ချန်ပီယံ ထ‌ရေဗာဘားဘစ် (က ‌နေဒါ)ကို အလဲထိုး အနိုင်ရရှိကာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာသည်။

ထိုအချိန်တွင် တိုက်ဆင်သည် အသက် ၂၀ နှစ်မှ ၄ လ ၂၂ ရက်သာရှိ‌သေးသည်။ ယခင်က အသက်အငယ်ဆုံး ချန်ပီယံ ဖလွိုက် ပက်တာဆင်မှာ ချန်ပီယံဖြစ်ချိန်တွင် အသက် ၂၁ နှစ် ၁၁ လရှိခဲ့သည်။

တိုက်ဆင်သည် ၁၉၈ရ ခုနှစ်မတ်လ ရ ရက်‌နေ့တွင် ကမ္ဘာ့လက်‌ဝှေ့အသင်း (ဒဗလျူဘီ‌အေ) ၏ လက်ရှိချန်ပီယံ ဂျိမ်းစမစ်ကို ၁၂ ချီအပြည့်ထိုးသတ်ပြီး‌နောက် အမှတ်ဖြင့် အနိုင် ၇ရှိခဲ့သည်။ ထိုနှစ်‌မေလ ၃၀ ရက် ‌နေ့တွင်ပင်လွန်‌သောမတ်ကို အနိုင်ယူခဲ့ပြန်သည်။ ထိုနှစ် ဩဂုတ်လ ၁ ရက်‌နေ့တွင် လပ်စ်‌ဗေးဂတ်မြို့၌ အပြည်ပြည်ဆိုင်ရာလက်‌ဝှေ့အဖွဲ့ချုပ် (အိုင်ဘီဘက်ဖ်)၏ လက်ရှိချန်ပီယံတိုနီတပ်ကားကို ၁၂ ချီအ ပြည့်ထိုး သတ်၍ အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ထို့‌ကြောင့်မိုက် တိုက်ဆင်သည် ကမ္ဘာ့လက်‌ဝှေ့အဖွဲ့အစည်းသုံးရပ်စလုံးက အသိအမှတ်ပြုရသည့် အငြင်းပွားဖွယ်မရှိ‌သော ကမ္ဘာ့ဟဲဗီး ဝိတ်ချန်ပီယံ ဖြစ်လာသည်။

တိုက်ဆင်သည် ကမ္ဘာ့ဟဲဗီးဝိတ်လက်‌ဝှေ့ ချန်ပီယံ ‌ဟောင်း လာရီဟုမ်းနှင့် ၁၉၈၈ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်‌နေ့ တွင် သရဖူကာကွယ်ပွဲ ထိုးသတ်ခဲ့ရာ စတုတ္ထအချီ ၂ မိနစ် ၅၅ စက္ကန့်တွင်အလဲထိုး၍ အနိုင် ယူခဲ့သည်။ လာရီဟုမ်းသည် ၁၉၈၀ ပြည့်နှစ်မှစ၍ ၁၉၈၅ ခုနှစ်ထိချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။

တိုက်ဆင်သည် ၁၉၈၈ ခုနှစ်ဇွန်လ ၂ရ ရက်‌နေ့တွင် မိုက်ကယ်စပင့်နှင့် အ‌မေရိကန်ပြည်‌ထောင်စု နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့၌ထိုးသတ်ခဲ့ရာ ပထမအချီ ၁ မိနစ် ၃၁ စက္ကန့်တွင် အလဲထိုးအနိုင် ယူခဲ့သည်။ ကမ္ဘာ့လက်‌ဝှေ့သမိုင်း၌ ၁၉၀၀ ပြည့်နှစ်တွင် ဂျင်ဂျက်ဖရီက ဂျက်ဖင်နစ်ဂန်ကို ၅၅ စက္ကန့်ဖြင့် အလဲထိုးခဲ့သည့်ပွဲ၊ ၁၉၈၂ ခုနှစ်တွင် မိုက်ကယ်ဒုတ်က မိုက်ဝီဗာကို ၁ မိနစ် ဝ၃ စက္ကန့်ဖြင့် အနိုင်ယူခဲ့သည့်ပွဲနှင့် ၁၉၀၈ ခုနှစ်တွင် ‌တော်မီဘန်းက ဂျမ်ရို‌ရှေးကို ၁ မိနစ် ၂၀ စက္ကန့်ဖြင့် အနိုင်ယူခဲ့သည့် ပွဲတို့ ပြီးလျှင် မိုက်တိုက်ဆင်က မိုက်ကယ်စပင့်ကို အနိုင်ယူ‌သောပွဲသည် စတုတ္ထ‌မြောက် အချိန် အတိုဆုံးပွဲ ဖြစ်‌ပေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)