မိုင်းပွန်နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ဘက်တွင် တည်ရှိ သည်။ မိုင်းပွန်နယ်သည် နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် လဲချားနယ်၊ အရှေ့ဘက်တွင် မိုးနဲနှင့် မောက်မယ်နယ်များ၊ တောင်ဘက်တွင် သထုံနှင့် ဘန်း ယဉ်နယ် ၊ အနောက်ဘက်တွင် ညောင်ရွှေနယ်၊ အနောက်မြောက်ဘက်တွင် ဟို ပုံးနယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ အကယ်အဝန်းအားဖြင့် ၃၆၆ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၂၂၆ ရွာနှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၄၃ယ ၇၅၉ ယောက်ရှိသည်။ မြို့တော်ဖြစ်သော မိုင်းပွန်မြို့သည် နယ်၏ မြောက် ဘက်၊ နမ့်ပွန်မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မိုင်းပွန်နယ်သည် ကမ်း ၂ ဖက်လုံးတွင် တောင်များဖြင့် ဖီလာသန်း နေသော နမ့်ပွန်မြစ်ဝှမ်းကျဉ်းဖြင့် ဖွဲ့စည်းထားသည်။ တောင်များပေါ်တွင် သစ် တောများ အုပ်ဆိုင်းလျက်ရှိသည်။ တောင်များမှ ခနောက်စိမ်းနှင့် ခဲအနည်း အပါးရရှိသည်။ အချို့နေရာများတွင် ထင်းရှူးပင်များလည်းရှိသည်။ ထို့ကြောင့် မိုင်းပွန်နယ်သည် ထင်းအခက်အခဲ မတွေ့ရပေ။ မြစ်ချိုင့်ဝှမ်းတွင် ဆန်စပါး စိုက် ပျိုးသည်။ ရေမောင်းများဖြင့် ရေအားသွယ်ယူသည်။ နမ့်ပွန်မြစ်တစ်လျှောက်တွင် ရေမောင်း ၅ဝ ထက်မနည်းရှိသည်။ တောင်ယာစိုက်ပျိုးသော မြေမှာ မြေနိမ့် မြေ ပြန့်တွင် စိုက်ပျိုးသည်ထက် အတန်ငယ်နည်းသော်လည်း စပါးထွက်ရာ၌ ညီတူ၊ တစ်ခါတစ်ရံ ပို၍ပင်ထွက်သည်။ သို့တိုင်အောင် များသောအားဖြင့် နယ်တွင်း စားသုံးရန်အတွက် မလောက်ပေ။ မိုင်းစိတ်မှ ဝယ်ယူရသည်။ ဝါဂွမ်းအနည်းငယ် စိုက်ပျိုးသည်။ နယ်၏တောင်ဘက်တွင် ကြံများစိုက်ပျိုးသည်။ တောင်များပေါ် တွင် မျိုးကောင်းသနပ်ဖက်စိုက်ပျိုးသည်။ လွယ်တွန်တွင် ရှေးအခါက မဲနည် စိုက်ပျိုးခဲ့သည်။ ယခုသော် မတွင်ကျယ်၍ စိုက်ပျိုးခြင်းမပြုတော့ပေ။ ရွာတိုင်း၌ လိုပင် ရက်ကန်းစင်များရှိသည်။ ကြံစိုက်ပျိုးသော အရပ်ဒေသများတွင် ကြံသကာ ပြုလုပ်သည်။ သို့သော် မည်သည့်လုပ်ငန်းမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိလှပေ။ မိုင်းပွန်နယ်သည် ဘေး ၂ ဖက်တွင် တောင်များဖြင့် ည|ပ်လျက်ရှိ သော်လည်း လမ်းပန်းဆက်သွယ်ရေးအားဖြင့်ကား အခက်အခဲမရှိပေ။ နယ်၏ မြောက်ဘက်တွင် တည်ရှိသော မိုင်းပွန်မြို့သည် ကျိုင်းတုံမှသည် မြန်မာပြည်မသို့ ပေါက်သော ကားလမ်းပေါ်တွင် တည်ရှိသည်။ နမ့်ပွန်ချောင်းပေါ်တွင် ဆောက် လုပ်ထားသော တံတားသည် ကျိုင်းတုံမြို့မှပေါက်လာသော လမ်းကို မြန်မာ ပြည်မမှလမ်းနှင့် ဆက်သွယ်ပေးသည်။

မိုင်းပွန်နယ်တွင် ပအိုးတောင်သူ အများအပြားနေထိုင်သည်။ ရှမ်းတို့ သည် ချိုင့်ဝှမ်းရှိ ရွာများတွင် နေထိုင်ကြ၍ မြန်မာတို့မူကား မိုင်းပွန်မြို့တွင်သာ အနေများသည်။

မိုင်းပွန်နယ်မှာ ရှေးအခါက တစ်စိတ်တစ်ဒေသအားဖြင့် ညောင်ရွှေ နယ်၊ တစ်စိတ်တစ်ဒေသအားဖြင့် မိုးနဲနယ်တို့တွင် အကျုံးဝင်ခဲ့ပေသည်။ နမ့်ပွန် ချောင်းသည် ယင်းနယ် ၂ ခုကို ပိုင်းခြားသတ်မှတ်ခဲ့သည်။ သက္ကရာဇ် ၁၁၇၈ ခုနှစ် (ခရစ် ၁၈၁၆ ခုနှစ်)တွင် မြို့စားအုပ်ချုပ်သော သီးခြားနယ်ဖြစ်လာသည်။ သက္ကရာဇ် ၁၂၁၆ (ခရစ် ၁၈၅၄) ခုနှစ်တွင် မိုင်းပွန်နယ်သည် မိုးနဲနယ် လက် အောက်သို့ ရောက်ရှိသွားသည်။ မြို့စားကို ခန့်ထားမြဲခန့်ထား၏။ သို့သော် မိုးနဲ လက်အောက်ခံ ဖြစ်၏။ မိုင်းပွန်စော်ဘွား စဝ်ခွန်လိပ် လက်ထက်သို့ ရောက် သောအခါ စစ်ဖြစ်ရာ စဝ်ခွန်လိပ်သည် မိုင်းပွန်မြို့နှင့် ၃ မိုင်ခန့်ကွာဝေးသော နောင်ချိုကန်အနီးတွင် ကျဆုံးသည်။ ထိုအခါ စဝ်ခွန်လိပ်၏ မဟာဒေဝီသည် ကိုယ်ဝန်နှင့် မိုင်းပွန်မှ မိုးနဲသို့ ရှောင်တိမ်းနေရလေသည်။ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မဟာဒေဝီသည် စဝ်ခွန်ထီးအမည်ရ သားတစ်ယောက်ကို မိုးနဲ တွင်ဖွားမြင်သည်။ စဝ်ခွန်ထီး ၇ နှစ်အရွယ်ရောက်လတ်သော် မင်းတုန်းမင်း တရားက ကောက်ယူမွေးသည်။ တတ်သင့်တတ်အပ်သော ပညာရပ်များကို နေ ပြည်တော်ရောက် အခြားရှမ်းမင်းသားများနှင့်အတူ စဝ်ခွန်ထီးက သင်ရလေသည်။ စဝ်ခွန်ထီးသည် စစ်ရးစစ်ရာပညာဘက်တွင် နေပြည်တော်ရောက် အခြားရှမ်းမင်း သားများထက် ထူးချွန်လေသည်။ မြန်မာသက္ကရာဇ် ၁၂၃၈ ခုနှစ်တွင် မင်းတုန်း မင်းတရားကြီးက စဝ်ခွန်ထီးကို မိုင်ပွန်စော်ဘွားရာထူးသို့ တိုးမြှင့်ခန့်အပ်သည်။ ၁၂၅ဝ ပြည့်နှစ်တွင် အင်္ဂလိပ်ဘုရင်ခံက စဝ်ခွန်ထီးကို မိုင်းပွန်စော်ဘွားအဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့လေသည်။

စဝ်ခွန်ထီး၏သား မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည်ကား စစ်ပြီးခေတ် တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လူမသမာတို့လက်တွင် ကျဆုံးရသော မိုင်း ပွန် စော်ဘွားကြီးပင်ဖြစ်၏။

မိုင်းပွန်မြို့သည် ပွန်ချောင်းကို အစွဲပြု၍ တွင်သောမြို့ဖြစ်သည်။ မိုင်း ဟူသည် ရွာစု သို့မဟုတ် မြို့ဟုအဓိပ္ပာယ်ရ၍ ပွန်မှာ ပွန်ချောင်းကို ဆိုလိုသည်။ ရှေးပုဂံ အလောင်းစည်သူမင်းတရားကြီး တိုင်းခန်းလှည့်လာစဉ် ပုဏ္ဏရဝတီချောင်း ကို လွန်မြောက်ချိန်တွင် ရွှေဟင်္သာ ၂ ကောင်ကို တွေ့သဖြင့် ဘုရားတည်၏။ မိုင်းပွန်မြို့အဝင် ပေလမ်တောင်ဘက်တွင် ရွှေဟင်္သာ ဘုရားကို ယခုတိုင်တွေ့မြင် နိုင်ပေသည်။ ပုဏ္ဏရဝတီချောင်းကို ထိုအချိန်မှစ၍ ပွန်ချောင်းဟုခေါ်ကာ ပုဏ္ဏရ ဝတီမြို့ကိုလည်း မိုင်းပွန်မြို့ဟု ပြောင်းလဲခေါ်ဝေါ်သည်ဟုလည်းဆိုသည်။ စော်ဘွားများ အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ပြီးနောက် ရှမ်းပြည်နယ် တွင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစနစ်ကို တီထွင်လိုက်သည့်အခါ မိုင်းပွန်နယ်သည် ရှမ်းပြည်တောင်ပိုင်းတိုင်း တောင်ကြီးခရိုင်တွင် ပါဝင်သည့် နယ်တစ်ခုဖြစ်လာ သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)