မိုနိုထရင်းမ်

နို့တိုက်သတ္တဝါ မျိုးစဉ်
မိုနိုထရင်းမ် (Monotremes[၁])
Temporal range: Early Cretaceous–Recent
ရှင်သန်ဆဲ မိုနိုထရင်းမ် မျိုးစိတ် ငါးမျိုးမှ လေးမျိုး: ဘဲတူဖျံတူကောင် (ဝဲအပေါ်), short-beaked echidna (ယာအပေါ်), western long-beaked echidna (ဝဲအောက်), eastern long-beaked echidna (ယာအောက်)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Infraclass: Australosphenida
မျိုးစဉ်: Monotremata
C.L. Bonaparte, 1837[၂]
အုပ်စုခွဲများ
ဘဲတူဖျံတူ သည် လူသိအများဆုံး မိုနိုထရင်းမ် ဖြစ်သည်။

မိုနိုထရင်းမ် (Monotremes) သည် နို့တိုက်သတ္တဝါများထဲမှ ဒွါရတစ်ပေါက်သာပါသော မျိုးရိုးတူ တိရစ္ဆာန်များအား စုဖွဲ့ထားသော မျိုးစဉ်အဆင့်ရှိအုပ်စုဖြစ်ပြီး ၎င်းမျိုးစဉ်အား ပါဏဗေဒအလိုအရ မိုနိုထရီမေတ္တာ ဟုခေါ်လေသည်။ မိုနိုထရင်းမ်အုပ်စုသည် နို့တိုက်သတ္တဝါအုပ်စုများထဲတွင် ဥသည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါအုပ်စုလည်း ဖြစ်လေသည်။ ထိုသို့ ဥ ဥ၍ သားပေါက်လေးများပေါက်ဖွားကြသော်လည်း အကောင်ပေါက်လေးများကို နို့ချိုတိုက်ကျွေးနိုင်သည့် နို့ ဂလင်းများလည်း ပါရှိကြ၏။

'မိုနိုထရင်းမ် (monotreme)' ဟူသော စကားလုံးသည် ၎င်းတို့၏ ဘုံဒွါရပေါက်ကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ ကုန်းနေရေနေ သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနှင့် ဖြစ်နိုင်ခြေရှိသော အစောပိုင်းကာလများမှ ခြေလေးချောင်း သတ္တဝါများအားလုံးတွင် ဆီး၊ မစင်စွန့်ခြင်းနှင့် မျိုးပွားခြင်းတို့အတွက် ဘုံ ဒွါရ တစ်ပေါက်သာ ပါရှိကြသည်။

ဆင့်ကဲဖြစ်စဉ် ပြင်ဆင်ရန်

မိုနိုထရင်းမ်များသည် မာဆူးပီယယ်များနှင့် ယူသီရီးယန်းများထက် ပို၍ရှေးကျသော နို့တိုက်သတ္တဝါများမှ ဆင်းသက်လာသော်လည်း ၎င်းတို့၏ ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ လွန်စွာနည်းပါးလေသည်။

မိုနိုထရင်းမ် မျိုးဆက်များသည် အခြားနို့တိုက်သတ္တဝါများနှင့် ဇီဝမျိုးကွဲပြားခဲ့သည့် အချိန်ကာလအတိအကျကို မသိရသော်လည်း မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုစစ်တမ်းတစ်ခုအရ လွန်ခဲ့သော နှစ် သန်းပေါင်း ၂၂၀ ခန့်ကဖြစ်မည်ဟု ခန့်မှန်းထားသည်။[၅]နယူးဆောက်ဝေးပြည်နယ်ရှိ လျှပ်စီး ချောက်ကမ်းပါးတွင် နှစ်ပေါင်း သန်း ၁၁၀ သက်တမ်းရှိသော မေးရိုးအပိုင်းအစ ကျောက်ဖြစ်ရုပ်ကြွင်းများအား တွေ့ရှိထားပြီးဖြစ်လေရာ အဓိပ္ပါယ်မှာ ၎င်းတို့သည် Metatheria သို့မဟုတ် Eutheria မတိုင်မီ နှစ်သန်းပေါင်း ၁၀၀ ခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် 'သက်ရှိရုပ်ကြွင်းများ' ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

ရှင်သန်ကျန်ရစ်သူများ ပြင်ဆင်ရန်

ရှင်သန်ဆဲ မျိုးစိတ် ငါးမျိုးဖြင့် ရှင်သန်ကျန်ရစ်သော မိုနိုထရင်းမ် မျိုးရင်း နှစ်ခုရှိပြီး ၎င်းတို့အားလုံးအား ဩစတြေးလျ နှင့် နယူးဂီနီ တို့၌သာ တွေ့ရှိနိုင်ပါသည်။

မိုနိုထရင်းမ် မျိုးကွဲများ ပြင်ဆင်ရန်

  • မျိုးစဉ် Monotremata
    • မျိုးရင်း Ornithorhynchidae
    • မျိုးရင်း Tachyglossidae : Echidnas
      • မျိုးစု Tchyglossus
        • နှုတ်သီးတို Echidna ၊ Tachyglossus aculeatus
      • မျိုးစု Zaglossus - နှုတ်သီးရှည် Echidnas
        • အနောက်ပိုင်း နှုတ်သီးရှည် Echidna ၊ Zaglossus bruijni
        • ဆာဒေးဗစ်၏ နှုတ်သီးရှည် Echidna ၊ Zaglossus attenboroughi
        • အရှေ့ပိုင်း နှုတ်သီးရှည် Echidna ၊ Zaglossus bartoni

ကိုးကား ပြင်ဆင်ရန်

  1. Groves၊ C.P. (2005)။ Wilson၊ D.E.; Reeder၊ D.M. (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ Baltimore: ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 1–2။ OCLC 62265494ISBN 0-801-88221-4
  2. "A New Systematic Arrangement of Vertebrated Animals" (1837). Transactions of the Linnean Society of London 18 (3). doi:10.1111/j.1095-8339.1838.tb00177.x. 
  3. Thomas H. Rich; Timothy F. Flannery; Patricia Vickers-Rich (2020)။ "Evidence for a remarkably large toothed-monotreme from the Early Cretaceous of Lightning Ridge, NSW, Australia"။ in Guntupalli V.R. Prasad; Rajeev Patnaik (eds.)။ Biological consequences of plate tectonics. New perspectives on post-Gondwana break-up–A tribute to Ashok Sahni။ Vertebrate Paleobiology and Paleoanthropology။ Springer။ pp. 77–81။ doi:10.1007/978-3-030-49753-8_4ISBN 978-3-030-49752-1
  4. "Multiple hypotheses about two mammalian upper dentitions from the Early Cretaceous of Australia" (2020). Alcheringa: An Australasian Journal of Palaeontology 44 (4): 528–536. doi:10.1080/03115518.2020.1829042. 
  5. http://timetree.org/pdf/Madsen2009Chap68.pdf