ရှိုက်ခ် မိုဟာမက် ဟူစိန် အလီ အယ်လ် အမူဒီ ၁၉၄၆ ခုနှစ်တွင် အီသီယိုးပီးယားရှိ Dessie မြို့တွင် မွေးဖွားပြီး Weldiya မြို့တွင်ကြီးပြင်းခဲ့သူသည် ဆော်ဒီအာရေဘီယန်-အီသီယိုးပီးယန်လူမျိုးဖြစ်ပြီး ဆော်ဒီအာရေဗျရှိ Ethiopia နှင့် Riyadh တို့တွင်နေထိုင်လျက်ရှိသည်။ မိုဟာမက် အယ်လ် အမူဒီ သည် အီသီယိုးပီးယား၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် သူ၏ပိုင်ဆိုင်မှုများမှာ ခန့်မှန်းခြေအရ ဒေါ်လာ ၂.၅ နှင့် ၆.၉ ဘီလီယံအတွင်းရှိပြီး အာရေဘီယန်စီးပွားရေးလောကတွင် သူ့ကို ၈ ယောက်မြောက် အချမ်းသာဆုံးအာရပ်အဖြစ် သတ်မှတ်ပြီး Forbes မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် ၇၇ ယောက်မြောက် အချမ်းသာဆုံးအဖြစ် သတ်မှတ်သည်။

မိုဟာမက် အယ်လ် အမူဒီ
အမည်ရင်း ရှိုက်ခ် မိုဟာမက် ဟူစိန် အလီ အယ်လ် အမူဒီ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ
မွေးရပ်ဇာတိ Dessie ဒတ်ဆီး၊ အီသီယိုးပီးယား
ကြင်ဖော် ဆိုဖီယာ ဆလ္လာ အယ်လ် အမူဒီ
သားသမီး ၈ ဦး

၂၀၀၈ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ဒေါ်လာ ၉ ဘီလျံပိုင်ဆိုင်သော Al Amoudi ကို ၉၇ ယောက် မြောက် ကမ္ဘာပေါ်တွင်အချမ်းသာဆုံးအဖြစ် သတ်မှတ်သည်။ ၂၀၀၉ ခုနှစ်တွင် ထိုမဂ္ဂဇင်းက ၉ ဘီလျံပိုင်ဆိုင်မှုရှိသော သူ့ကို ၄၃ ယောက်မြောက် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးအဖြစ် သတ်မှတ်ပြန်သည်။ ၂၀၁၀ တွင်တော့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလျံရှိသော မိုဟာမက် အယ်လ် အမူဒီ သည် Forbes မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်အရ ၆၄ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေသည်။ Al Amoudi ၏ဖခင်သည် Hadhrami Yemeni ဖြစ်ပြီး မိခင်မှာ အီသီယိုးပီးယားလူမျိုးဖြစ်သည်။

သူသည် ၁၉၆၅ ခုနှစ်တွင် Saudi Arabia သို့တရားဝင်ပြောင်းရွှေ့လာခဲ့ပြီး နိုင်ငံသားအဖြစ်ခံယူခဲ့သည်။ သူ၏ဇနီးမှာ Sofia Saleh Al Amoudi အမည်ရှိ Midroc ဆောက်လုပ်ရေး၏ ရှယ်ယာပိုင်ရှင်ဖြစ်သည်။ အယ်လ် အမူဒီ တွင် ကလေးရှစ်ယောက်ရှိပြီး အကြီးဆုံးအမွေဆက်ခံမည့်သားမှာ Abdul Rahman Al Amoudi ဖြစ်သည်။ အယ်လ် အမူဒီ သည် လူမျိုးစုမတူသော Ethiopian နှင့် Yemeni မိဘများမှပေါက်ဖွားလာပြီး အချမ်းသာဆုံးအာရပ်များထဲမှ တစ်ယောက်ဖြစ်ရုံမက ကမ္ဘာပေါ်တွင်အချမ်းသာဆုံး လူမည်းတစ်ဦး လည်းဖြစ်လေသည်။

အယ်လ် အမူဒီ သည် Sweden နှင့် Morocco ရှိ ဓာတ်ဆီပြန်လည်သန့်စင်ရေးလုပ်ငန်းကို မဝယ်ယူခင် သူသည် ဆောက်လုပ်ရေးနှင့်အိမ်ရာရောင်းဝယ်ရေးလုပ်ငန်းလုပ်ခြင်းဖြင့် ချမ်းသာလာသည်။ Sweden နှင့် Ethiopia နှစ်နိုင်ငံလုံးတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဟုလည်း ပြောနိုင်သည်။ အယ်လ် အမူဒီ သည် Addis Ababa တက္ကသိုလ်မှ Honorary Doctorate in Philosophy ဘွဲ့ကို ရရှိထားပြီး Sweden ဘုရင် Carl XVI Gustaf က Order of the Polar Star ဟူသော ဂုဏ်ပြု ချီးမြှင့်ခြင်းကို ခံထားရသည်။

စီးပွားရေးလှုပ်ရှားမှုများ ပြင်ဆင်ရန်

အယ်လ် အမူဒီ သည် ဓာတ်ဆီလုပ်ငန်းတစ်ခုသာမက သတ္ထုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်များ၊ ဆေးရုံများ၊ ဘဏ္ဍာရေးလုပ်ငန်းများ၊ ပြုပြင်ရေးနှင့်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သည့် ကိုယ်ပိုင်ရင်းနှီး မြှုပ်နှံမှုများကိုလည်း ပိုင်ဆိုင်သည်။ အချို့သောဝေဖန်ရေးသမားများကို အယ်လ် အမူဒီ သည် အီသီယိုးပီးယားရှိ စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားသည်ဟုဆိုစေကာမူ အီသီယိုးပီးယားသည် လွတ်လပ်သော ယှဉ်ပြိုင်စရာ ဈေးကွက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်။

လေလံပွဲတွင် အယ်လ် အမူဒီ ကိုရှုံးသွားသော်ငြား Ethiopian Airlines ၏ CEO က Al Amoudi ၏လုပ်ရပ်များသည် မျှတသောပြိုင်ပွဲဖြစ်ကြောင်း ပြောခဲ့သည်။ သူပိုင်ဆိုင်ပြီး စီမံခန့်ခွဲနေသော Corral Petroleum Holdings နှင့် MIDROC (Mohammed International Development Research and Organization Companies) တို့ကိုပူးပေါင်းထားသော ကော်ပိုရေးရှင်းကြီး တည်ထောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် အယ်လ် အမူဒီ ၏စီးပွားရေးများ တွင်ကျယ်ကြောင်း သိနိုင်သည်။ သူသည် ထိုကုမ္ပဏီများတွင် ဝန်ထမ်း ၄ သောင်းကျော်ကို အလုပ်ခန့်ထားသည်။

ကုသိုလ်ဖြစ်လှူဒါန်းမှုများ ပြင်ဆင်ရန်

အမေရိကန်နိုင်ငံ၏ အတွင်းရေးမှူးအဖြစ်ရွေးကောက်တင်မြှောက်ခံရသူ ဟီလာရီကလင်တန်ကို ထောက်ပံ့မှုပြုချိန်၌ အမေရိကန် သမ္မတဟောင်း ကလင်တန်၏တာဝန်တစိတ်တပိုင်း အဖြစ် ထုတ်ပြန်သော အချက်အလက်များအရ အယ်လ်မူဒီ သည် Clinton ဖောင်ဒေးရှင်း၏အလှူရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ အယ်လ်မူဒီ သည် ဒေါ်လာ ၁ သိန်းနှင့် ၅ သိန်းကြားလှူဒါန်းခဲ့သည်ဟု ဖော်ပြခံရသည်။ သူသည် ဆေးရုံများ၊ NGO အဖွဲ့အစည်းများနှင့် အီသီယိုးပီးယားအရေးကိစ္စများတွင်လည်း များစွာ လှူဒါန်းခဲ့သေးသည်။

အရှေ့အာဖရိကအတွက်အကျိုးပြုမှုများ ပြင်ဆင်ရန်

အယ်လ်မူဒီ သည် ၁၉၈၀ ခုနှစ်အလယ်ပိုင်းလောက်မှစ၍ အရှေ့အာဖရိကရင်းနှီးမြှုပ်နှံမှုများအပေါ် အာရုံစူးစိုက်ခဲ့သည်။ MIDROC Ethiopia ကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အယ်လ်မူဒီ သည် အလုပ်ဖန်တီးပေးခြင်းနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်းတို့ ကြောင့် ပရဟိတအလှူရှင်အဖြစ် သူ၏မွေးနိုင်ငံတွင် လူသိများပြီး အီသီယိုးပီးယားနိုင်ငံအတွက် များစွာ အကျိုးပြုခဲ့ သည်။ သူသည် ကုတင် ၁၄၀ ပါဝင်သောကျန်းမာရေးဆေးခန်းများ၊ အမြင်အာရုံချို့ယွင်းမှုများ၊ မသန်မစွမ်း များ၊ ကလေးငယ်ကျန်းမာရေးနှင့် ဆင်းရဲချို့တဲ့မှုလျော့ပါးစေရေးစီမံချက်များကို လုပ်ဆောင်ခဲ့သည်။

ပညာရေးကဏ္ဍတွင်လည်း သူသည် ရေခြားမြေခြားပညာသင်ဆုများချီးမြှင့်ပြီး အီသီယိုးပီးယား အနုပညာအတွက်လည်း ထောက်ပံ့ပေးသူတစ်ယောက်ဖြစ်သည်။ အယ်လ်မူဒီ သည် လွန်ခဲ့သောသုံးနှစ်ခန့်က အာဖရိကဖလားအဟောင်းဖြစ်သော CECAF ဖလား အတွက် ကမကထပြုလုပ်ပေးခဲ့ပြီး ထိုဘောလုံးပြိုင်ပွဲကို ယခု Al Amoudi Senior Challenge ဖလားဟုခေါ်ကြသည်။

အယ်လ်မူဒီ သည် အာဖရိကတိုးတက်ဖွံ့ဖြိုးမှုကို လုပ်ဆောင်ခဲ့သောကြောင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံဌာနခွဲတို့မှ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံထားရပြီး သူ၏စီးပွားရေးလုပ်ငန်းများရှိရာ UK နှင့် US နိုင်ငံများသို့ မကြာခဏသွား ရောက်ရသူဖြစ်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် ဤကဲ့သို့ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတစ်ဦးကို လက်ခံသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။၂၀၀၉ အောက်တိုဘာလတွင် Addis Fortune က Al Amoudi သည် Saudi Star Agricultural Development ကုမ္ပဏီကိုပိုင်ဆိုင်ပြီး အီသီယိုးပီးယားမြေများကို သကြား၊ စားသုံးဆီနှင့် ဂျုံထုတ်လုပ်ရေးတို့အတွက် ဟက်တာ ၅ သိန်း (ဧက ၁၂ သိန်း) လောက်ထိ တိုးချဲ့ဖို့ ကြံစည်နေသည် ဟုဖော်ပြခဲ့သည်။

Caterpillar ကုမ္ပဏီမှ ဒေါ်လာ ၈၀ မီလီယံဖိုး ပစ္စည်းကိရိယာများဝယ်ယူခဲ့ရသည်ဟုလည်း ဖော်ပြကြ သည်။ ၂၀၀၇ အောက်တိုဘာလတွင် မိုဟာမက် အယ်လ် အမူဒီ သည် သူ၏ကွာရှင်းထားသောဇနီးဟောင်းမှ သူ၏ ချမ်းသာကြွယ်ဝမှုများကို နစ်နာကြေးတောင်းသည်နှင့် ပတ်သက်ပြီး e-mail spam များတွင် အဓိက ဦးတည်ချက်ဖြစ်လာသည်။

၂၀၁၀ ခုနှစ်တွင် UK မီဒီယာများက “ဆော်ဒီမင်းသမီး” ဟုနာမည်တပ်ထားသူမှာ Al Amoudi ၏သမီးဖြစ်သည် ဟု အခိုင်အမာဖော်ပြခဲ့သည်။ လန်ဒန်တွင်ဖြစ်ခဲ့သော ရှိုက်ခ်နှင့် သက်ဆိုင်မှုမရှိသည့် တရားခွင်အမှုကိစ္စ အပြီးတွင် မီဒီယာများ၏ ထင်ကြေးများလောက် ခိုင်မာသောသက်သေအထောက်အထားမရှိသော်လည်း ထိုခိုင်မာမှုအားလုံးကို ရှိုက်ခ် မိုဟာမက် ဟူစိန် အယ်လ် အမူဒီ၏ ရှေ့နေဖြစ်သူ ဂျော့ဆလမ်က အပြည့်အဝငြင်းပယ်ခဲ့သည်။

အင်တာနက်ပေါ်ရှိ ရှိုက်ခ်နှင့်ပတ်သက်သော မမှန်ကန်သည့်စွပ်စွဲပြောဆိုမှုများသည် သူ၏တရားဝင်ကောင်စီအား တရားမဝင်အဖွဲ့အဖြစ်သို့ရောက်အောင် ထောက်ပြနေကြပြီး နိုင်ငံရေးအကြောင်းပြချက်နှင့် အခြားရည်ရွယ်ချက်များအဖြစ် ပြောင်းလဲသွားကြသည်။

အာဖရိက-အမေရိကတို့၏ ကျော်ကြားသောထုံးတမ်းဓလေ့များတွင် အမေရိကန်လူမည်းတို့အတွက် စံပြနမူနာ ထားစရာ ကိုယ့်ဒူးကိုယ်ချွန်သမားအဖြစ် Sheikh ကိုထောက်ပြညွှန်းဆိုလေ့ရှိသည်။