မီရန်ဒါ (ဂြိုဟ်ရံလ)

ယူရေးနပ်ဂြိုဟ်၏ အ‌သေးဆုံးဂြိုဟ်ရံလ

မီရန်ဒါ သည် ယူရေးနပ်စ်ဂြိုဟ်၏ အသေးငယ်ဆုံးနှင့် အတွင်းပိုင်းအကျဆုံး ၅ ခုမြောက် ဂြိုဟ်ရံလတစ်စင်း ဖြစ်သည်။ ယင်းအား ဂျရတ် ကိုင်းပါးဆိုသူက ၁၉၄၈ ဖေဖော်ဝါရီ ၁၆ တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယူရေးနပ်၏ အခြားသော ဂြိုဟ်ရံလများကဲ့သို့ မီရန်ဒါသည် မိခင်ဂြိုဟ်၏ အီကွေတာပြင်ညီနှင့် နီးကပ်လျက် လှည့်ပတ်သည်။ မီရန်ဒါသည် အချင်းအားဖြင့် ၄၇၀ ကီလိုမီတာခန့်သာရှိပြီး နေအဖွဲ့အစည်းတွင် အသေးဆုံး အရာဝတ္ထုများထဲမှတစ်ခု ဖြစ်သည်။ မီရန်ဒါ၏ အနီးကပ်ဓာတ်ပုံများမှာ ဗွိုင်ယေဂျာ ၂ မှ ၁၉၈၆ ခုနှစ်အတွင်း ရိုက်ခဲ့သောပုံများဖြစ်သည်။ ယင်းကဲ့သို့ ဖြတ်ပျံခဲ့သည့်အချိန်က မီရန်ဒါ၏ တောင်ဘက်ခြမ်းသည် နေသို့ မျက်နှာမူလျက်ရှိခဲ့သည်။ ထို့ကြောင့် ယင်းတောင်ဘက်ခြမ်းအပိုင်းကိုသာ လေ့လာနိုင်ခဲ့သည်။ မီရန်ဒါကို ကျောက်စိုင်ကျောက်ခဲများဖြင့် ဖွဲ့စည်းထားပြီး မျက်နှာပြင်တွင် ရေခဲများဖြင့် ဖုံးလွှမ်းထားသည်။ မီရန်ဒါတွင် လွန်ကဲသော ရာသီဥတု ပြောင်းလဲမှု တည်ရှိသည်။ မီရန်ဒါ ပါဝင်သည့် ယူရေးနပ်စ်၏ ဂြိုဟ်ရံလများတွင် ဖြစ်ပေါ်နေသော ပထဝီဝင်များအကြာင်းကို အသေးစိတ် နားလည်ထားခြင်း မရှိသေးပေ။

Miranda
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူGerard P. Kuiper
ရှာဖွေတွေ့ရှိသည့် ရက်စွဲFebruary 16, 1948
အသံထွက်/mɪˈrændə/ mi-RAN-də
အခြားအမည်များ
Uranus V
ပါဝင်အရာဝတ္ထုများMirandan, Mirandian
ပတ်လမ်း ဂုဏ်အင်များ
ဆီမီး မေဂျာ ဝင်ရိုး
129390 km
ပတ်လမ်း ဗဟိုကျမှု0.0013
ပတ်လမ်း ကာလ
1.413479 d
ပျမ်းမျှ ပတ်နှုန်း
6.66 km/s (calculated)
ပတ်လမ်း တိမ်းစောင်းမှု4.232° (to Uranus's equator)
ဂြိုဟ်ရံလများယူရေးနပ်စ်ဂြိုဟ်
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ဒိုင်မင်းရှင်း480 × 468.4 × 465.8 km
ပျမ်းမျှ အချင်းဝက်
235.8±0.7 km (0.03697 Earths)[၁]
မျက်နှာပြင် ဧရိယာ
700000 km2
ထုထည်54835000 km3
ဒြပ်ထု(6.59±0.75)×1019 kg[၂] (1.103×10−5 Earths)
ပျမ်းမျှ သိပ်သည်းဆ
1.20±0.15 g/cm3[၂]
မျက်နှာပြင် ဒြပ်ဆွဲအား
0.079 m/s2
လွတ်မြောက်အလျင်
0.193 km/s
လှည့်ပတ်ကာလ
synchronous
ဝင်ရိုးတိမ်းစောင်းမှု
Albedo0.32
မျက်နှာပြင် အပူချိန် အနည်းဆုံး ပျမ်းမျှ အများဆုံး
solstice[၃] ? ≈ 60 K 84±1 K
မြင်သာသော ပမာဏ
15.8[၄]


ကိုးကား ပြင်ဆင်ရန်

  1. Thomas, P. C. (1988). "Radii, shapes, and topography of the satellites of Uranus from limb coordinates". Icarus 73 (3): 427–441. doi:10.1016/0019-1035(88)90054-1. Bibcode1988Icar...73..427T. 
  2. ၂.၀ ၂.၁ "The masses of Uranus and its major satellites from Voyager tracking data and earth-based Uranian satellite data" (June 1992). The Astronomical Journal 103 (6): 2068–2078. doi:10.1086/116211. Bibcode1992AJ....103.2068J. 
  3. "Infrared Observations of the Uranian System" (4 July 1986). Science 233 (4759): 70–74. doi:10.1126/science.233.4759.70. PMID 17812891. Bibcode1986Sci...233...70H. 
  4. Planetary Satellite Physical ParametersJPL (Solar System Dynamics) (2009-04-03)။ 2009-08-10 တွင် ပြန်စစ်ပြီး။