မီရှဲ ဝဲဘက် (ပြင်သစ်: Michel Houellebecq၊ ၁၉၅၆ ခု၊ ဖေဖော်ဝါရီလ ၂၆ ဖွား) သည် ပြင်သစ်လူမျိုး စာရေးဆရာနှင့် ကဗျာဆရာ ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၅၆ ခုတွင် ပြင်သစ်ပိုင် လာဗီညွန် (Réunion) ကျွန်း၌ မွေးသည်။ မိခင်မှာ ကော်ဆီကန် သွေးပါသည့် အဲဂျီးရီးယားဖွား ဆရာဝန် လူစီ စက်ဆဲဒီ (Lucie Ceccaldi) ဖြစ်ပြီး ဖခင်မှာ တောင်တက်လမ်းပြ၊ နှင်းလျှောစီးသင် ရေနဲ သောမတ် (René Thomas) ဖြစ်သည်။ သို့ဖြစ်ရာ မီရှဲ သောမတ် တွင်သည်။

မွေးစမှ ငါးနှစ်အထိ အဖွားဖြစ်သူနှင့် အဲဂျီးရီးယား၌ နေသည်။ မိခင်မှာ ဟစ်ပီဆန်ဆန် နေထိုင်ကာ ဘရာဇီးသို့ ထွက်သွားသည်။ အသက် ၆ နှစ်ရောက်သော် အဖေဘက်မှ အဖွားဖြစ်သူနှင့်နေရန် ပြင်သစ်သို့ ရောက်လာသည်။ ထိုအိမ်၌ အိမ်ဖော်မိန်းမကြီး၏ အမည်မှာ ဝဲဘက် (Houellebecq) မည်သည်။ ထိုအမည်မှာ ကလောင်အမည် ယူဖြစ်သည့် အမည် ဖြစ်လာသည်။

မြန်မာဘာသာသို့ ပြန်ဆိုမှုများ ပြင်ဆင်ရန်

ခေါင်းစဉ် ပြန်ဆို ခေါင်းစဉ် ပြန်ဆိုသူ ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
Plateforme ပလက်ဖောင်း မိုးသက်ဟန် အင်္ဂလိပ်ဘာသာပြန်မှ တစ်ဆင့်ပြန်ခြင်း ဖြစ်
Lanzarote လန်ဇာရိုတီ မိုးသက်ဟန် ၂၀၁၈ နှစ်ကာလများ စာပေ အင်္ဂလိပ်ဘာသာပြန်မှ တစ်ဆင့်ပြန်ခြင်း ဖြစ်

ကိုးကား ပြင်ဆင်ရန်