ဗြဟ္မဝိဟာရ ၄ပါး

ဗြဟ္မဝိဟာရတရားလေးပါး
(မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ မှ ပြန်ညွှန်းထားသည်)

ဗြဟ္မဝိဟာရ လေးပါး တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။ ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် ဗြဟ္မစိုရ်တရား ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် အပ္ပမညာ လေးပါး ဟုလည်း ခေါ်သည်။[၁]

မေတ္တာဘာဝနာ ပြင်ဆင်ရန်

သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]

ကရုဏာဘာဝနာ ပြင်ဆင်ရန်

ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]

မုဒိတာဘာဝနာ ပြင်ဆင်ရန်

ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]

ဥပေက္ခာဘာဝနာ ပြင်ဆင်ရန်

သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။[၁]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဒေါက်တာမင်းတင်မွန်။ အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်