မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။[၁] ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင် လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[၂][၃]

၂၀၁၂ မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ

← ၂၀၁၀ ၁ ဧပြီ ၂၀၁၂ ၂၀၁၅ →

ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၄၀ နေရာ
အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၆ နေရာ
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ
  ပထမပါတီ ဒုတိယပါတီ တတိယပါတီ
 
ဦးဆောင်သူ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် စိုင်းအိုက်ပေါင်း
ပါတီ USDP NLD SNDP
စတင် ဦးဆောင်ချိန် ၂ ဇွန် ၂၀၁၀ (၂၀၁၀-၀၆-၀၂) ၂၇ စက်တင်ဘာ ၁၉၈၈ (၁၉၈၈-၀၉-၂၇) ၈ ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၀၈)
Leader's seat Did not contest ကော့မှူး (ပြည်သူ့) Did not contest
ယခင် နေရာ ၂၆၀ ပြည်သူ့ / ၁၂၈ အမျိုးသား ပြည်သူ့ / ၁ အမျိုးသား ၁၈ ပြည်သူ့ / ၃ အမျိုးသား
လက်ရှိ နေရာ ၂၂၀ ပြည်သူ့ / ၁၂၃ အမျိုးသား ၃၇ ပြည်သူ့ / ၅ အမျိုးသား ၁၈ ပြည်သူ့ / ၄ အမျိုးသား
နေရာ အပြောင်းအလဲ Decrease၄၀ ပြည်သူ့ / Decreaseအမျိုးသား Increase၃၇ ပြည်သူ့ / Increaseအမျိုးသား Steady ပြည်သူ့ / Increaseအမျိုးသား
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲထည့်နေသော အမျိုးသမီးတစ်ဦး

အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[၄] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[၅][၆][၇] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Electoral Calendar – international elections world elections။ 12 May 2011 တွင် ပြန်စစ်ပြီး။
  2. Callan၊ Aela။ "High stakes in Myanmar election"၊ Al Jazeera၊ 29 March 2012။ 2 April 2012 တွင် ပြန်စစ်ပြီး 
  3. Hla Hla Htay။ "Myanmar sets by-election date"၊ 30 December 2011။ 15 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 4 June 2012။ 
  4. "Aung San Suu Kyi registers for Burma election run"၊ BBC News၊ 18 January 2012။ 15 March 2012 တွင် ပြန်စစ်ပြီး 
  5. NLD Sweeps Parliamentary By-Elections
  6. "Suu Kyi's party wins Myanmar by-election landslide"၊ 2 April 2012။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 29 July 2012။ 
  7. ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃ နေရာ အနိုင်ရ Archived 7 April 2012 at the Wayback Machine. (ဗီအိုအေ)