မြေရုပ်စစ်တပ်သည် (兵馬俑) တရုတ်ပြည် ပထမဆုံး ဧကရာဇ် ချင်ရှီဟွမ်၏ အုပ်ဂူတွင် ၎င်းနှင့်အတူ မြှုပ်နှံထားသည့် မြေထည် စစ်သားရုပ်များ၊ မြင်းရုပ်များ ဖြစ်သည်။ ဘီစီ ၂၁၀ ခုနှစ်ခန့်တွင် ထုလုပ်ထားသည့် ယင်းမြေထည် ရုပ်တုများအား တရုတ်နိုင်ငံ ရှီးအန်းမြို့အနီး၌ နေထိုင်သည့် လယ်သမားတစ်ဦးက ၁၉၇၅ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ စစ်သားရုပ်များသည် ယင်းတို့၏ ရာထူးအလိုက် ၆ ပေမှ ၆ ပေ ၅ လက်မအထိ မြင့်သည်။ အမြင့်ဆုံးအရုပ်များမှာ စစ်သူကြီးများဖြစ်သည်။ ယင်းရုပ်တုများတွင် စစ်သားများ၊ မြင်းများ၊ စစ်ရထားများ၊ မူးကြီးမတ်ရာများ၊ ဂီတပညာရှင်များ၊ ဆပ်ကသမားများ ပါဝင်ကြသည်။ လက်ရှိ တွင်းကြီး ၃ တွင်းတွင် မြေထည် စစ်သား ရုပ်ပေါင်း ၈၀၀၀၊ စစ်ရထား ၁၃၀ စင်း၊ မြင်း ၅၂၀ ကောင်၊ သံချပ်ဝတ်မြင်း ၁၅၀ ကောင်ခန့် ရှိသည်။[၁]

ရှီးအန်းပြတိုက်တွင် ပြသထားသည့် စစ်သားရုပ်များ

ဓာတ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Jane Portal and Qingbo Duan, The First Emperor: China's Terra Cotta Army, British Museum Press, 2007, p. 167