မြောက်မင်းဒနောင် (တဂ္ဂလော့: Hilagang Mindanao; Cebuano: Amihanang Mindanao) သည် ဖိလစ်ပိုင်နိုင်ငံ၏အုပ်ချုပ်မှုနယ်မြေတခုဖြစ်သည်။ နယ်မြေ ၁၀ ဟု သတ်မှတ်ထားသည်။ ၎င်းတွင် ဘူကစ်နွန်ကမီကွင်းမိဆာမီသစ်မိဆာမီဟောင်းလနောင်ဒနော့တည်းဟူသော ပြည်နယ် ၅ ခု ပါသည်။ မင်းဒနောင်ကျွန်းမြောက်ဘက် အလယ်ခပ်ကျကျရှိ ကမီကွင်းပြည်နယ်မှ မြို့ ၂ မြို့မှာ လူဦးရေအတော်များသည်။ မြောက်မင်းဒနောင်နယ်မြေအတွက် မြို့တော်မှာ ကာဂယံဒီအိုရိုဖြစ်သည်။ လနောင်ဒနော့မှ နယ်မြေ ၁၂ ဖြစ်သော အလယ်မင်းဒနောင်မှ မြောက်မင်းဒနောင်သို့ ၂၀၀၁ ခု၊ စက်တင်ဘာက စာရင်းရွှေ့ထားခြင်းဖြစ်သည်။[၁]

အမည်ရင်းမြစ် ပြင်ဆင်ရန်

လက်ရှိအမည်မှာ ၎င်းတည်ရာ မင်းဒနောင်ကျွန်းကိုမှီး၍ ခေါ်ခြင်းပင်ဖြစ်လေသည်။ ဖိလစ်ပိုင်တော်လှန်ရေးသမားတို့ကို အမေရိကန်တို့ ဦးနှိမ်ပြီးနောက် ဤအမည်ကို ပေးလေသည်။ လွတ်လပ်ပြီးကာလ၌ ဤဒေသ၌ လူမျိုးကြီးဖြစ်သော စီဘွာနိုတို့က အမီဟာနန်နယ်မြေဟု အမည်ပြောင်းရန် အဆိုတင်ဖူးသည်။ အမီဟာနန်မှာ ဆီဘွာနိုဘာသာဖြင့် မြောက်ပိုင်းနယ်ဟု ခေါ်ခြင်းဖြစ်သည်။

ပထဝီဝင် ပြင်ဆင်ရန်

မြောက်မင်းဒနောင်မှာ ကုန်းနယ်နိမိတ်အားဖြင့် ၂,၀၄၉,၆၀၂ ဟက်တာ (၅,၀၆၄,၆၈၀ ဧက)[၂] ရှိသည်။ နယ်မြေ၏ ၆၀% မှာ သစ်တောမြေဖြစ်သည်။ ပတ်ဝန်းကျင်ရေပြင်၌ ရေထွက်ပစ္စည်းအလွန်ထွက်သည်။ စိုက်ပျိုးရန်ကောင်းပြီး သဘာဝစမ်းတို့ရှိကာ မြေမျက်နှာမြင့်သောကြောင့် နေထိုင်ရသင့်မြတ်လေသည်။

အုပ်ချုပ်ရေးအပိုင်းအခြား ပြင်ဆင်ရန်

ဤနယ်မြေကို ပြည်နယ် ၅ ခုဖြင့် ဖွဲ့ထားသည်။ ဘူကစ်နွန်၊ ကမီကွင်း ကျွန်းစုနယ်၊ မိဆာမီသစ်၊ မိဆာမီဟောင်း၊ လနောင်ဒနော့တို့ ဖြစ်သည်။ ကာဂယံဒီအိုရိုနှင့် အီလဂန်မြို့တို့မှာ လူဦးရေထူထပ်သည်။ သို့ဖြစ်၍ သီးခြား မြူနီစပယ်အစိုးရဖြင့် အုပ်ချုပ်လေသည်။ နယ်မြေ၏မြို့တော်မှာ ကာဂယံဒီအိုရိုဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Executive Order No. 36; Providing for the Reorganization of the Administrative Regions in Mindanao and for Other Purposes (September 19, 2001)။ 2 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 29, 2016 တွင် ပြန်စစ်ပြီး။ “SECTION 2. Region X, known as Northern Mindanao, is hereby reorganized and shall be composed of the following provinces and cities: a. Provinces i. Bukidnon ii. Camiguin iii. Lanao del Norte iv. Misamis Occidental v. Misamis Oriental b. Cities i. Cagayan de Oro City ii. Gingoog City iii. Iligan City iv. Malaybalay City v. Oroquieta City vi. Ozamis City vii. Tangub City viii. Valencia City, Bukidnon”
  2. List of ProvincesPSGC Interactive။ National Statistical Coordination Board။ 11 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။