ဤဆောင်းပါးသည် အင်္ဂလိပ်ဘာသာဖြင့် "Weasel" ဟုခေါ်သော ခွေးအသွင်ရှိ တိရစ္ဆာန်များအနွယ်ဝင် မြွေပါမြီးတို အကြောင်း ဖြစ်သည်။ အခြား အသုံးအနှုန်းများ အတွက် မြွေပါ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
မြွေပါမြီးတို
(အင်္ဂလိပ်: Weasel)
en:Least weasel (Mustela nivalis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
မျိုးရင်း: Mustelidae
မျိုးရင်းသေး: Mustelinae
မျိုးစု: Mustela
Linnaeus, 1758
အမျိုးအစား မျိုးစိတ်
Mustela erminea
မျိုးစိတ်
Mustela range

ပါဏဗေဒ အလိုအရ မြွေပါမြီးတို (အင်္ဂလိပ်: Weasel) ကို “မတ်စတီလာ နီဗာလစ်” ဟု ခေါ်သည်။ ယင်းသည် မတ်စတယ်လီဒီး မျိုးရင်းဝင်ဖြစ်၏။ ထိုမျိုးရင်းတွင် မြွေပါကြီးခွေးတူဝက်တူစကန့်ကောင်နှင့် ဖျံတို့လည်း ပါဝင်ကြသည်။ မြွေပါမြီးတို့တွင် ရှည်သောခေါင်း နှင့် တိုသော ခြေထောက်များရှိသည်။ သွား ၃၄ ချောင်း ရှိ သည်။ ခြေထောက်၌ ခြေချောင်းကလေး ငါးချောင်းရှိသည်။ မြွေပါမြီးတို့သည် အလျား ၁၂ လက်မနှင့် ၁၅ လက်မထိ ရှည်တတ်ရာ၊ ထိုအလျားတွင် အမြီး၏ အလျားက သုံးပုံ တစ်ပုံခန့် ပါဝင်သည်။ မြွေပါမြီးတိုတွင် အထီးက အမထက် ပို၍ ကြီးသည်။

မြွေပါပြီးတိုသည် အနံ့ခံကောင်း၍ အမြင်အလွန်သန်၏။ သားကောင်ကို လိုက်ရာတွင် လွန်စွာ လျင်မြန်သည်။ ယုန် သည် အလွန်အပြေးမြန်သည်ဟုဆိုသော်လည်း မြွေပါမြီးတိုကိုမူ လွတ်အောင် ပြေးနိုင်ခဲသည်။ ကြွက်ကို လိုက်ရာတွင် ကြွက် သည် ရန်သူ့ဘေးမှ လွတ်မြောက်ရန် တွင်းထဲသို့ ပြေးဝင်သော် လည်း မြွေပါမြီးတိုသည် တွင်းထဲသို့ပင် ကြွက်ကို မမီမခြင်း လိုက်ဖမ်းလေ့ရှိသည်။ မြေပြင်နှင့် အတော်မြင့်မြင့်တွင် ပျံနေ သော ငှက်ကိုလည်း ခုန်၍ ဖမ်းယူနိုင်သည်။ သားကောင်ကို တိုက်ခိုက်ရာတွင် လည်ကုပ်၊ သို့မဟုတ် လည်ချောင်းကို ကိုက်ခဲထားပြီးလျှင် သွေးကို စုတ်ယူလေ့ရှိသည်။ ထိုနောက်မှ ဦးနှောက်ကို စားလေ့ရှိသည်။ ထိုမျှနှင့် မဝသေးသောအခါမှ ကျန်အစိတ်အပိုင်းများကို စားလေ့ရှိသည်။ ထိုသို့ သားကောင် များကို ကြမ်းကြုတ်စွာလိုက်၍ ကိုက်သတ် စားသောက်နိုင်သော် လည်း ယင်းတို့ကိုယ်တိုင်လည်း ဇီးကွက်၊ သို့မဟုတ် သိမ်းငှက်တို့၏ သုတ်ယူစားသောက်ခြင်းကို ခံရတတ်ကြသည်။

မြွေပါမြီးတိုသည် ကြွက်၊ ပွေးဂရောက်ရစ်ယုန် နှင့် ကြက် ကလေးများကို ကြိုက်နှစ်သက်သည်။ ငှက်ဥများကိုလည်း ခိုးစားတတ်သည်။ ယင်းတို့သည် လူတို့ မွေးမြူထားသည့်ကြက် များကို စားသောက်ပစ်ခြင်းဖြင့် အနှောင့်အယှက် ဖြစ်စေသော် လည်း၊ လူတို့၏ ရိက္ခာဖြစ်သော သီးနှံပင်များကို ဖျက်ဆီးသည့် သတ္တဝါများကို သုတ်သင် ရှင်းလင်းပေးခြင်းဖြင့် လူတို့အား အကူအညီ ပေးလေသည်။

မြွေပါမြီးတိုသည် သစ်ပင်အိုကြီးများ၏ အမြစ်များ အကြား ရှိ အပေါက်များတွင် သစ်ရွက်ခြောက်များနှင့် မြက်များဖြင့် ပြုလုပ်ထားသော အသိုက်တွင် နေထိုင်သည်။ ဆောင်းရာသီ အတွက် အစာကို သိုလှောင် စားတတ်၏။ ထိုအချိန်၌ သား ပေါက်ကြ၍ တစ်မြုံလျှင် သားငယ် ငါးကောင် ခြောက်ကောင် ရှိတတ်သည်။ ရန်သူသားကောင်အပေါ်၌ ရက်စက်သော်လည်း မိမိ၏ သားငယ်များအပေါ်တွင်မူ ကြင်နာကြသည်။ သားငယ် များ ကြီးပြင်းလာသည့်တိုင်အောင် အစာကို ရှာဖွေကျွေးမွေး သည်။

မြွေပါမြီးတိုသည် အစာကို လိုသည်ထက်ပို၍ သတ်တတ် သည်။ မြင်းနှင့် နွားများကိုပင် တိုက်ခိုက်တတ်ကြောင်း မှတ်တမ်းတွင် တွေ့ရသည်။

မြွေပါမြီးတို၏ ဆောင်းရာသီအရောင်မှာ အဖြူဖြစ်သည်။ အနွေးထည်များ ချုပ်လုပ်ရန်အတွက် များသောအားဖြင့် မြောက်အမေရိကတိုက်နှင့် ဆိုက်ဗီးရီးယား ပြည်နယ်များမှ မြွေပါမြီးတိုတို့၏ သားမွေးများကို အသုံးပြုလေ့ရှိသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)