ယဉ်ကျေးမှု ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ယဉ်ကျေးမှုနှင့် ပတ်သက်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန (Ministry of Culture) ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

Ministry of Culture
 မြန်မာအစိုးရအဖွဲ့အစည်း
ယဉ်ကျေးမှုဝန်ကြီးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၂ မတ် ၁၉၅၂; ၇၁ နှစ် အကြာက (၁၉၅၂-၀၃-22)
ယခင်အဖွဲ့အစည်းပြည်​ထောင်စုယဉ်​ကျေးမှုဝန်ကြီးဌာန
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၃၅)၊နေပြည်တော်
ဆောင်ပုဒ်နိုင်ငံဂုဏ်ပြု၊ ယဉ်​ကျေးမှု
ဌာနခွဲများ
ဝက်ဘ်ဆိုက်culture.gov.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ယဉ်ကျေးမှုဝန်ကြီးဌာနကို ၁၉၅၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် “ ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာန” အမည်ဖြင့် စတင်ဖွဲ့စည်း ခဲ့သည်။ ထိုသို့ဖွဲ့စည်းစဉ်က ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီး ဌာနတွင် အောက်ဖော်ပြပါ ဌာန၊  ဌာနခွဲ၊ အဖွဲ့၊ ရုံးနှင့်ကျောင်းများ ပါဝင်ခဲ့သည်။

  • ကမ္ပည်းကျောက်စာဌာန
  • နိုင်ငံတော်စာကြည့်တိုက်
  • ပြတိုက်
  • အမျိုးသားပန်းချီခန်းမဆောင်
  • ရှေးဟောင်းစာပေယဉ်ကျေးမှုဌာနခွဲ
  • နိုင်ငံတော်ဆိုင်းအဖွဲ့
  • နိုင်ငံတော်သဘင်ရုံး
  • ပန်းချီပန်းပုကျောင်း
  • ပန်တျာနှင့်ပြဇာတ်ကျောင်း

၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်ပန်းချီပန်းပုကျောင်း(ရန်ကုန်)၊ နိုင်ငံတော်အနုပညာနှင့် ပန်တျာ ပြဇာတ်ကျောင်း(ရန်ကုန်)၊ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်ပန်းချီပန်းပုကျောင်း(မန္တလေး)၊ နိုင်ငံတော်အနုပညာနှင့်ပန်တျာပြဇာတ်ကျောင်း(မန္တလေး)တို့ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့တွင် နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အမျိုးသားပန်းချီခန်းမဆောင်တို့ကိုပေါင်းစည်း၍ “ယဉ်ကျေးမှုဗိမာန်”ဟုလည်းကောင်း၊ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ကမ္ပည်းကျောက်စာ ဌာနကို “ရှေးဟောင်းသုတေသနဌာန” ဟုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် “မြန်မာသမိုင်းကော်မရှင်” ကို ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်း ထားခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စနစ်သစ်အုပ်ချုပ်ရေးအရ ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနကို “ ယဉ်ကျေးမှုဝန်ကြီး” ဟုလည်းကောင်း၊ အနုပညာနှင့် သက်ဆိုင်သောဌာနများကို စုစည်း၍ “ အမျိုးသားယဉ်ကျေးမှုဦးစီးဌာန” ဟုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ရှေးဟောင်းစာပေယဉ်ကျေးမှုဌာနခွဲကိုလည်း ယဉ်ကျေးမှုဗိမာန်အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ရှေးဟောင်းသုတေသနကို “ ရှေးဟောင်းသုတေသန ဦးစီးဌာန” ဟုလည်းကောင်း၊ ယဉ်ကျေးမှုဗိမာန်ကို “ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန”ဟုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုဦးစီးဌာနကို “အနုပညာဦးစီးဌာန” ဟုလည်းကောင်း ၊၁၉၇၂ ခုနှစ်၊ စက်တင်ဘာ လ(၂၈)ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို “နိုင်ငံသမိုင်းသုတေသနဦးစီးဌာန” ဟု လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် အောက်ဖော်ပြပါဦးစီးဌာနများကို ဦးဆောင်ကွပ်ကဲလျက် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခဲ့သည်။

  • ရှေးဟောင်းသုတေသနဦးစီးဌာန
  • ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန
  • အနုပညာဦးစီးဌာန
  • နိုင်ငံသမိုင်းသုတေသနဦးစီးဌာန

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၀၇)၏ သဘောတူခွင့်ပြုချက်အရ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနတို့သည် လုပ်ငန်းသဘောသဘာဝချင်း ဆက်စပ်လျက်ရှိ သဖြင့် ၎င်းဦးစီးဌာန(၂)ခုကို ပေါင်းစပ်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥဒေအမှတ် (၇ / ၉၃) ဖြင့် ယဉ်ကျေးမှု တက္ကသိုလ်ဥပဒေကို ၁၉၉၃ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဥပဒေအရယဉ်ကျေးမှု တက္ကသိုလ်ကို အမှတ် ( ၁၃၁ )ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇရိပ်သာ ယဉ်ကျေးမှုဝန်ကြီးဌာနဝင်း အတွင်းရှိ အနုပညာဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆောင်များ၌ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ( ၂၄ ) ရက်နေ့တွင် အဆင့် ( ၃ )တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ )ရက်နေ့တွင် လက်ရှိတည်နေရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ( ၂၆ )ရပ်ကွက်၊ အောင်ဇေယျလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ် သင်ကြားခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဇွန်လ ( ၄ )ရက်နေ့မှစ၍ ပါမောက္ခချုပ် ကွပ်ကဲကာ ပါမောက္ခများပါဝင်သော အဆင့် ( ၂ )တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အုန်းချော၊ ရွှေစာရံ ကားလမ်းရှိ အနောက်ဘက်တွင် ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလ ( ၁ )ရက်နေ့မှစ၍ ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး)ကို အဆင့် ( ၂ )တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

ယင်းတက္ကသိုလ်များကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ( ၂၇ )ရက်နေ့မှစတင်၍ အဆင့် ( ၁ ) တက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ယဉ်ကျေးမှုတက္ကသိုလ်များကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ( ၂၇ )ရက်နေ့မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (National  University  of  Arts  and  Culture) ဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့သည်။၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနရှိ အမျိုးသားစာကြည့်တိုက်များကို သမိုင်းသုတေသနဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ဦးစီးဌာနအမည်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ထို့​​ကြောင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို ဝန်ကြီးရုံးအပါအဝင် အောက်ဖော်ပြပါဦးစီးဌာန (၃) ခု၊ တက္ကသိုလ်(၂)ခုဖြင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်

၂၀၁၆ခုနှစ် အစိုးရအသစ်လက်ထက်တွင် သာသနာ​ရေးဝန်ကြီးဌာနနှင့် ​ပေါင်းကာ သာသနာ​ရေးနှင့်ယဉ်​ကျေးမှုဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းခဲ့သည်။[၁]

ဝန်ကြီးများ ပြင်ဆင်ရန်

စဉ် အမည် စတင်တာဝန်ထမ်း ဆောင်သည့်နေ့ တာဝန်ပြီးဆုံး သည့်နေ့ ဌာန
ဦးထွန်းဖေ ၁၆-၃-၅၂ ၁၂-၈-၅၃ ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဗိုလ်ခင်မောင်လေး ၁၂-၈-၅၃ ၅-၉-၅၃ ပြည်ထဲရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဦးဝင်း ၅-၉-၅၃ ၁၇-၁၁-၅၅ အမျိုးသားစီမံကိန်း၊ သာသနာရေးယဉ်ကျေးမှုဌာန
ဦးထွန်းတင် ၁၂-၆-၅၆ ၂၅-၂-၅၇ ပညာရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဦးထွန်းတင် ၁-၃-၅၇ ၁၈-၇-၅၈ ပညာရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
သခင်တင် ၁၈-၇-၅၈ ၂၈-၁၀-၅၈ စက်မှုလယ်ယာဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဦးမောင်ကျော်ဇံ ၂၈-၇-၅၈ ၂၈-၁၀-၅၈ ပညာရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဦးချစ်သောင်း ၂၈-၁၀-၅၈ ၄-၄-၆၀ ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဦးဘစော ၄-၄-၆၀ ၂-၃-၆၂ လူမှုဝန်ထမ်း၊ သာသနာရေးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဌာနနှင့် ကျန်းမာရေးဌာန
၁၀ ဗိုလ်မှူးကြီးစောမြင့် ၂-၃-၆၂ ၁၇-၈-၆၄ ပြန်ကြားရေးဌာနနှင့်  

ယဉ်ကျေးမှု ဌာန

၁၁ ဗိုလ်မှူကြီးသောင်းဒန် ၁၇-၉-၆၄ ၂-၃-၇၄ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဝန်ကြီးဌာန
၁၂ ဦးအေးမောင် ၂-၃-၇၄ ၁-၃-၈၇ ယဉ်ကျေးမှုဝန်ကြီးဌာန
၁၃ ဦးမြမောင် ၂-၃-၇၉ ၂၀-၃-၇၉ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန
၁၄ ဦးမန်းစံမြတ်ရွှေ ၂၀-၃-၇၉ ၁၆-၁၀-၈၀ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန
၁၅ ဦးအောင်ကျော်မြင့် ၁၆-၁၀-၈၀ ၁၈-၉-၈၈ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန
၁၆ ဗိုလ်ချုပ်ဘုန်းမြင့် ၂၁-၉-၈၈ ၆-၃-၉၂ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန
၁၇ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော် ၆-၃-၉၂ ၂၀-၆-၉၅ ယဉ်ကျေးမှုဝန်ကြီးဌာန
၁၈ ဗိုလ်မှူးချုပ်သောင်းမြင့် ၂၀-၆-၉၅ ၂၉-၅-၉၆ ယဉ်ကျေးမှုဝန်ကြီးဌာန
၁၉ ဦးအောင်စန်း ၂၉-၅-၉၆ ၂၀-၁၂-၉၇ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၀ ဦးဝင်းစိန် ၂၆-၁၂-၉၇ ၉-၁၁-၀၁ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၁ ဦးတင်ဝင်း ၁၅-၁၁-၀၁ ၁၂-၉-၀၂ အလုပ်သမားဝန်ကြီးဌာန

ယဉ်ကျေးမှုဝန်ကြီးဌာန(ပူးတွဲ)

၂၂ ဗိုလ်ချုပ်ကြည်အောင် ၁၃-၉-၀၂ ၁၅-၅-၀၆ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၃ ဗိုလ်ချုပ်ခင်အောင်မြင့် ၁၅-၅-၀၆ ၂၉-၃-၁၁ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၄ ဦးကျော်ဆန်း ၃၀-၃-၁၁ ၂၇-၈-၁၂ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၂၅ ဦးအေးမြင့်ကြူ ၇-၉-၁၂ ၃၀.၃.၂၀၁၆ ယဉ်ကျေးမှုဝန်ကြီးဌာန
၂၆ ဦး​အောင်ကို ၃၀.၃.၂၀၁၆ ၃၁.၁.၂၀၂၁ သာသနာ​ရေးနှင့်ယဉ်​ကျေးမှုဝန်ကြီးဌာန
၂၇ ဦးကိုကို ၁.၂.၂၀၂၁ ယနေ့အထိ သာသနာ​ရေးနှင့်ယဉ်​ကျေးမှုဝန်ကြီးဌာန

ဒုတိယဝန်ကြီးများ ပြင်ဆင်ရန်

စဉ် အမည် စတင်တာဝန်ထမ်း ဆောင်သည့်နေ့ တာဝန်ပြီးဆုံး သည့်နေ့
ဦးအေးမောင် ၁၅-၃-၇၂ ၂-၃-၇၄
ဗိုလ်မှူးကြီးအောင်ဌေး ၃-၃-၇၈ ၁၇-၇-၇၈
ပြည်လှဖေ ၁၈-၁၀-၇၈ ၁၈-၉-၈၂
ဦးသန်းမောင်(ဗိုလ်မှူးချုပ်) ၈-၇-၈၂ ၁၈-၈-၈၈
ဦးစိုးညွန့်(ထီလာစစ်သူ) ၈-၇-၉၃ ၂၆-၈-၀၃
ဗိုလ်မှူးချုပ်စိုးဝင်းမောင် ၂၁-၁၁-၀၃ ၁၂-၅-၀၆
ဒေါ်စန္ဒာခင် ၃၁-၃-၁၁ ၃၁-၃-၁၆
ဦးသန်းဆွေ ၂၇-၈-၁၂ ၃၁-၃-၂၀၁၆

ကိုးကား ပြင်ဆင်ရန်