ယန်း (သင်္ကေတ)

ဂျပန်နှင့်တရုတ်ငွေကြေးအတွက် လက်တင်ဘာသာ သင်္ကေတ

ယန်း သို့မဟုတ် yuan (¥) သင်္ကေတသည် ဂျပန်ငွေကြေး ယန်းနှင့် တရုတ်ငွေကြေး yuan တို့အတွက် အသုံးပြုသည့် သင်္ကေတတစ်ခု ဖြစ်သည်။ ဤငွေကြေးသင်္ကေတသည် လက်တင်အက္ခရာ Y နှင့်ဆင်တူပြီး ရေပြင်ညီမျည်းကြောင်းနှစ်ခုဖြင့် ဖြတ်သန်းထားသည်။ ဤသင်္ကတကို တန်ဖိုးကိန်းဂဏန်းမတိုင်မီ ထားရှိသုံးစွဲကြသည်။ ဥပမာအားဖြင့် (¥50)။ ခန်ဂျိအက္ခရာ/တရုတ်အက္ခရာ ယန်းကိုမူ ပမာဏ၏ နောက်တွင် ထားရှိကာ အသုံးပြုကြသည်။ ခန်ဂျိအက္ခရာ ယန်းသည်円 ဖြစ်ပြီး တရုတ်အက္ခရာ ယန်းသည်元 ဖြစ်သည်။ ရေးသားရာတွင် ခန်ဂျိအက္ခရာဖြင့် ၅၀円 ဟု ရေးပြီး တရုတ်အက္ခရာဖြင့် ၅၀元 ဟု ရေးသားကြသည်။

တရုတ်နိုင်ငံတွင် ယန်းသင်္ကေတဖြင့် တန်ဖိုးကို ဖော်ပြထားပုံ

ကိုးကား ပြင်ဆင်ရန်