ရခိုင်ပြည်တပ်မတော်

ကရင်ပြည်နယ်အခြေစိုက် ရခိုင်လက်နက်ကိုင်အဖွဲ့
ရက္ခိုင့်တပ်တော် နှင့် မရောထွေးပါနှင့်။

ရခိုင်ပြည်တပ်မတော် (အင်္ဂလိပ်: Arakan Army (AA)) သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။[၁]

ရခိုင်ပြည်တပ်မတော်
Arakan Army
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင်
ရခိုင်ပြည်တပ်မတော်၏ အလံတော်
ရခိုင်ပြည်တပ်မတော်၏ အလံတော်
လှုပ်ရှား၂၀၀၄ (၂၀၀၄)–လက်ရှိ
ခံယူချက်ရခိုင်အမျိုးသားရေး[၁] ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ဦးဆောင်သူများဗိုလ်မှူးကြီး မင်းထွန်း လက်ရှိ
ဌာနချုပ်ရွေ့လျားဌာနချုပ်
လှုပ်ရှားသည့် ဧရိယာကရင်ပြည်နယ် ရခိုင်ပြည်နယ်
အင်အား၁၀၀+[၁]
တစ်စိတ်တစ်ပိုင်းရခိုင်ပြည်အမျိုးသားကောင်စီ
မဟာမိတ် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်
ပြိုင်ဘက်စစ်အာဏာရှင်စနစ်

မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ

ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၀၄ - လက်ရှိ)
တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းပဋိပက္ခ

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၅ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (All Arakan Students' and Youths' Congress - AASYC) က ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army - ANGA) ကို ထူထောင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ရခိုင်တော်လှန်ရေးပါတီများကို စုစည်းထားသည့် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front of Arakan - NUFA)က ၎င်းတို့လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (New Arakan Construction Army - NACA)ကို ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army - ALA) မှ တော်လှန်ရေးလမ်းကြောင်းသစ် ဖောက်လိုသည့် ဗိုလ်ရာဇာဦးဆောင်သေ ာတပ်ဗိုလ်တပ်မှူးများက ရခိုင်တပ်မတော် (Arakan Army - AA)ကိုထူထောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦးအား ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (National United Party of Arakan - NUPA) အဖြစ် ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (NACA) နှင့် ရခိုင်တပ်မတော်တို့ကိုပေါင်းစည်းကာ ရခိုင်ပြည်တပ်မတော် (Arakan Army - AA) ဆိုသည့် အမည်ကို သုံးစွဲခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အိန္ဒိယရှိ AASYC အဖွဲ့ဝင်များမှလွဲ၍ တခြား AASYC အဖွဲ့ဝင်များသည် NUPA နှင့်လည်းကောင်း၊ ANGA သည် AA နှင့်လည်းကောင်း ပူးပေါင်းပြီး အိန္ဒိယသို့ အခြေစိုက်ရန် ပင်လယ်ကြောင်းမှထွက်ခွါခဲ့ရာ ဗမာစစ်အစိုးရနှင့် အိန္ဒိယထောက်လှမ်းရေးတို့၏ ပူးပေါင်းလုပ်ကြံမှုကြောင့် ရခိုင်ပြည်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးခဲ့ရပြီး AASYC/ANGA ရဲဘော်ဟောင်းများ အများအပြားလည်း အိန္ဒိယနိုင်ငံ အကျဉ်းထောင်များတွင် နှစ်ပေါင်း(၁၀)ကျော် အကျဉ်းချခံခဲ့ရသည်။

ထိုအချိန်မှစ၍ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးသည် တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှ (၂၀၀၀) ခုနှစ်တွင် ပြန်လည်ပေါက်ဖွားလာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ရခိုင်ကျောင်းသားနှင့်လူငယ်တပ်မတော် (Arakan Students' and Youths' Army - ASYA)ကို အသစ်တဖန် ပြန်လည်တည်ထောင်ခဲ့ကြသည်။

သို့ရာတွင် ၂၀၀၇ ခုနှစ်တွင် ASYA အခြေစိုက်ထားသည့် မဟာမိတ်နယ်မြေများ လက်လွတ်ဆုံးရှုံးခဲ့ရသဖြင့် မဟာမိတ်တချို့နှင့်လက်တွဲ၍ ပူးတွဲစစ်ဆင်ရေးကိစ္စများကို ပြည်တွင်း၊ ပြည်ပ၌ လျှို့ဝှက်အကောင်အထည်ဖော်ခဲ့သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council - ANC) ၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူပြီး ANC မှတဆင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council - UNFC) ၏ လက်နက်ကိုင်တပ်ပေါင်းစုဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (Federal Union Army – FUA) တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Myanmar Peace Monitor - Arakan Army (Karen Region)။ 29 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 June 2016 တွင် ပြန်စစ်ပြီး။