ရနေး တမ်း

ပြင်သစ် သင်္ချာပညာရှင်

ရနေး ဖရက်ဒရစ် တမ်း (အင်္ဂလိပ်: René Frédéric Thom; ပြင်သစ်: [ʁəne tõ]) ((1923-09-02)စက်တင်ဘာ ၂၊ ၁၉၂၃ – အောက်တိုဘာ ၂၅၊ ၂၀၀၂(2002-10-25)) သည် ပြင်သစ်လူမျိုး သင်္ချာပညာရှင်တစ်ဦး ဖြစ်ပြီး တိုပေါ်လော်ဂျီဘာသာရပ်နှင့် ပတ်သက်သည့် သူ၏ သုတေသနလုပ်ငန်းများကြောင့် ၁၉၅၈ ခုနှစ်တွင် ဖီး ဆုတံဆိပ် ရရှိခဲ့သူဖြစ်သည်။ တမ်းသည် သူ၏ တိုပေါ်လော်ဂျီဆိုင်ရာ သုတေသလုပ်ငန်းများအနက်မှ ဆင်ဂူလာရစ်တီ သီအိုရီ (singularity theory) ဟု နောင်အခါ ခေါ်ဆိုလာမည့် ရှုထောင့်များကို ဆက်လက်လေ့လာခဲ့ပြီး၊ သင်္ချာပြင်ပ နယ်ပယ်များရှိ ပညာတတ်များကြားတွင်ပါ ဖက်ရှင်ကျကျ[မှတ်စု ၁] ကျော်ကြားလာသည့် ကတက်စထြော်ဖီ သီအိုရီ (catastrophe theory) ဆိုသည်မှာ တမ်း၏ ဆင်ဂူလာရစ်တီ သီအိုရီဆိုင်ရာ ရှုမြင်သုံးသပ်ချက်များ အနက်မှ ရှုထောင့်တစ်ခုသာဖြစ်သည်။

ရနေး တမ်း
နိစ်မြို့ (Nice) ရောက် ရနေး တမ်း၊ ၁၉၇၀
မွေးဖွား(1923-09-02)စက်တင်ဘာ ၂၊ ၁၉၂၃
en:Montbéliard, France
ဆုံးပါးအောက်တိုဘာ ၂၅၊ ၂၀၀၂(2002-10-25) (အသက် ၇၉)
en:Bures-sur-Yvette, France
နိုင်ငံလူမျိုးFrench
နယ်ပယ်en:Mathematics
အဖွဲ့အစည်းဌာနen:University of Strasbourg
en:Université Joseph Fourier
en:Institut des Hautes Études Scientifiques
မိခင်ကျောင်းen:École Normale Supérieure, en:University of Paris
ဘွဲ့ယူစာတမ်းEspaces fibres en spheres et carres de Steenrod (1951)
ပါရဂူဘွဲ့ ကြီးကြပ်သူen:Henri Cartan
ပါရဂူဘွဲ့ယူ တပည့်များen:Daniel Bennequin
en:Marc Chaperon
en:Marcos Sebastiani
en:David Trotman
ကျော်ကြားမှုအရင်းခံen:topology
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ၁၉၅၈ ဖီး ဆုတံဆိပ် (Fields Medal)

မှတ်စု ပြင်ဆင်ရန်

  1. သင်္ချာပြင်ပ အများဖတ် စာနယ်ဇင်းများ၊ ဥပမာ နယူးဝိခ် (Newsweek) က၊ ကတက်စထြော်ဖီ သီအိုရီသည် လွန်စွာအရေးပါ၍ နယူတန်၏ ကဲကုလပ်ထက် ပို၍ အသုံးဝင်ဟန် အလွန်အကျွံ ချဲ့ကားကြော်ငြာ၍ လူပြိန်းကြိုက်သိပ္ပံ (သို့မဟုတ်) သိပ္ပံအတု (pseudoscience) အဖြစ် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ထွန်းကားလာခြင်းကို သင်္ချာပညာရှင်အချို့က သဘောမတွေ့ကြပါ။[၁]

အညွှန်း ပြင်ဆင်ရန်

  1. Arnold 2003, pp. 1-2.

ကိုးကား ပြင်ဆင်ရန်

  • Arnold၊ Vladimir I. (2003)၊ Catastrophe Theory (3rd ed.)၊ Berlin: Springer-Verlag၊ ISBN 3-540-54811-4