ရိုမူဟွန်း

2003-2008 ကာလ တာ၀န်ထမ်းဆောင်ခဲ့သော ကိုးရီးယားသမ္မတ

ရိုမူဟွန်း (အင်္ဂလိပ်: Roh Moo-hyun; ကိုရီးယား노무현; ဟန်ဂျာ盧武鉉; RRNo Muhyeon; ကိုရီးယား အသံထွက်: [no muçʌn]) GOM (၁၉၄၆ စက်တင်ဘာ ၁ - ၂၀၀၉ မေ ၂၃) သည် တောင်ကိုရီးယားသမ္မတအဖြစ် ၂၀၀၂ မှ ၂၀၀၈ အထိ တာဝန်ထမ်းခဲ့သော တောင်ကိုရီးယား နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။  သမ္မတမဖြစ်မီ နိုင်ငံရေးလုပ်ငန်းမှာ တောင်ကိုရီးယားရှိ လှုပ်ရှားတက်ကြွသူ ကျောင်းသားများအတွက် လူ့အခွင့်အရေးဆိုင်ရာ ပြည်သူ့အကျိုးမျှော်ကိုးနှိုးဆော်ပေးခြင်းအပေါ် အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲသက်တမ်းတွင် တောင်ကိုရီးယားနိုင်ငံရေး၌ ဒေသစွဲကင်းစေရန်အထိ တိုးချဲ့ဆောင်ရွက်ခဲ့ရာမှ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရသည်အထိ ဖြစ်ခဲ့သည်။ OhMyNews ဝက်ဘ်ဆိုက်တွင် လူငယ်အင်တာနက်သုံးစွဲသူများအကြား နောက်လိုက် အများအပြားရှိသဖြင့် သမ္မလောင်းရွေးကောက်ပွဲဝင်ရာတွင် အထောက်အကူဖြစ်ခဲ့သည်။[၂][၃]


ရိုမူဟွန်း
노무현
Roh Moo-hyun in 2003
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၂၅ ဖေဖော်ဝါရီ ၂၀၀၃ – ၂၅ ဖေဖော်ဝါရီ ၂၀၀၈[၁]
ဝန်ကြီးချုပ်ဂိုခွန်း
လီဟဲချန်
ဟန်မြောင်ဆွတ်
ဟန်ဒတ်ဆူး
ယခင်လူဂင်မ်ဒေးဂျုံ
ဆက်ခံသူလီမြောင်ဘတ်
ပင်လယ်နှင့်ငါးလုပ်ငန်းဝန်ကြီးဌာန
တာဝန်သက်တမ်း
၇ ဩဂုတ် ၂၀၀၀ – ၂၅ မတ် ၂၀၀၁
ယခင်လူလီဟန်ကျူ
ဆက်ခံသူချောင်ဝူတိတ်
အမျိုးသားညီလာခံအဖွဲ့ဝင်
တာဝန်သက်တမ်း
၂၂ ဇူလိုင် ၁၉၉၈ – ၂၉ မေ ၂၀၀၀
ယခင်လူလီမြောင်ဘတ်
ဆက်ခံသူChung In-bong
မဲဆန္ဒနယ်ဂျုံနို (ဆိုးလ်)
တာဝန်သက်တမ်း
၃၀ မေ ၁၉၈၈ – ၂၉ မေ ၁၉၉၂
ယခင်လူပါ့ခ် ချန်-ဂျုံး၊ ဂင်မ် ဂျုံ-ကီလ်
ဆက်ခံသူHur Sam-soo
မဲဆန္ဒနယ်ဒုံခရိုင် (ဘူဆန်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1946-09-01)၁ စက်တင်ဘာ၊ ၁၉၄၆
Gimhae, Southern Korea
ကွယ်လွန်၂၃ မေ၊ ၂၀၀၉(2009-05-23) (အသက် ၆၂)
Yangsan, South Korea
ကွယ်လွန်ရသည့် အကြောင်းရင်းခုန်ချသတ်သေ
သင်္ဂြိုဟ်ရာနေရာဘုန်ဟာရွာ
ဂင်မ်ဟဲတောင်ကိုရီးယား
လူမျိုးတောင်ကိုရီးယား
နိုင်ငံရေးပါတီဒီမိုကရက်တစ် (၂၀၀၃ အထိ)
Uri (၂၀၀၃–၂၀၀၇)
တစ်သီးပုဂ္ဂလ (၂၀၀၇–၂၀၀၉)
ကြင်ဖော်(များ)Kwon Yang-sook (လက်ထပ် 1972)
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ တောင်ကိုရီးယား
တပ်/တပ်ဖွဲ့ခွဲ ကိုရီးယားသမ္မတနိုင်ငံ တပ်မတော်
အမှုထမ်းကာလ၁၉၅၈–၁၉၇၁
ရာထူး Sangbyeong (corporal)
ကိုရီးယားအမည်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:No Mu-hyeon
MRအက္ခရာဖလှယ်ခြင်း:No Muhyŏn

ရို၏ရွေးကောက်ပွဲဝင်သည့်ကာလသည် ၃၈၆ မျိုးဆက် (၁၉၆၀ အတွင်းမွေးဖွား ၊ ၁၉၈၀ အတွင်း တက္ကသိုလ်တက်ခဲ့ပြီး ဤအသုံးအနှုန်းပေါ်ပေါက်လာစဉ်က အသက် ၃၀ တွင်း ရောက်နေသူများ) ဟုခေါ်တွင်သည့် ကိုရီးယားနိုင်ငံရေးသမားမျိုးဆက်သစ်များ တန်ခိုးထွားလာမှုအတွက် မှတ်မှတ်ရရဖြစ်စေခဲ့သည်။[၄][၅] ဤမျိုးဆက်မှာ အာဏာရှင်စည်းမျဉ်းများအား ဆန့်ကျင်ရာတွင် အတွေ့အကြုံပြည့်ဝနေသော ကျောင်းသားများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကောင်းကိုပင်လျှင် အထိခိုက်ခံပြီး မြောက်ကိုရီးယားနှင့် ရင်ကြားစေ့ရေးအား ပြည်သူ့အကျိုးမျှော်ကိုးနှိုးဆော်သူများဖြစ်ကြသည်။[၆] ရိုကိုယ်တိုင်သည်လည်း ကိုရီးယားတွင် ဂျပန်အုပ်ချုပ်ရေးခေတ်ကုန်ဆုံးပြီးနောက် မွေးဖွားခဲ့သည့် ပထမဆုံးသမ္မတဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် သူ့အုပ်ချုပ်ရေးလက်အောက်တွင် နယ်စည်းမခြားသတင်းထောက်များ၊ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် အမှတ်အမြင့်ဆုံးရရှိခဲ့သည်။ အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် တောင်ကိုရီးယားဝမ်ငွေ တန်ဖိုးသည် ၁၉၉၇ ခုနှစ် နောက်ပိုင်းမှစ၍ သူ၏လက်ထက်၌ အခိုင်မာဆုံးဖြစ်သည်။[၇] ခိုင်မာသည့်ငွေကြေးတန်ဖိုးကြောင့် သမိုင်းတလျောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဒဿမမြောက်အကြီးဆုံးစီးပွားရေးဈေးကွက် ဖြစ်လာပြီး သူ၏အုပ်ချုပ်ရေးကာလအတွင်း တစ်ဦးချင်း နိုမီနယ် (ဈေးကွက်ပေါက်ဈေးထည့်မတွက်သော) ဂျီဒီပီ၏  ဒေါ်လာ ၂၀၀၀၀ သမိုင်းမှတ်တိုင်ကို ဖြတ်ကျော်သွားသည်။

သို့သော် စီးပွားရေးနှင့် သံတမန်ရေးတွင် အားနည်းသော စွမ်းဆောင်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံရေးသမိုင်း၌ ပျမ်းမျှထောက်ခံမှုနှုန်းအဆိုးဆုံးရရှိခဲ့သည်။[၈][၉][၁၀] သူ၏စီးပွားရေးမူဝါဒများကို ခေတ်မမီတော့သော စီးပွားရေးအမြင်များအား ဖက်တွယ်ထားသည်ဟု ဝေဖန်ခံရပြီး အချို့သက်မွေးဝမ်းကျောင်းပြဿနာများအား ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။[၉][၁၁] ရို သမ္မတတာဝန်ယူထားစဉ် တောင်ကိုရီးယားနိုင်ငံနှင့် အစဉ်အလာမဟာမိတ်များအကြား ကြီးစွာသော သံတမန်ရေး သဘောထားကွဲလွဲမှုများရှိခဲ့သည်။ ဘုရှ်အုပ်ချုပ်ရေးအရာထမ်းဟောင်းများဖြစ်သော ကွန်ဒိုလီဇာရိုက်စ် နှင့် ရောဘတ်ဂိတ်စ်တို့၏ ပုံနှိပ် ကိုယ်တွေ့မှတ်တမ်းများတွင် ရိုအား အမေရိကန်ဆန့်ကျင်သူအဖြစ် အခိုင်အမာဆိုထားပြီး ရို ၏ ခန့်မှန်းတွက်ဆ၍မရသောသဘာဝကြောင့် တောင်ကိုရီးယားနှင့်အမေရိကန်နိုင်ငံတို့အကြား မကြာခဏပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ဖွင့်ချထားသည်။[၁၂][၁၃] ရို ၏ အမေရိကန်ဆန့်ကျင်ရေးဝါဒ၊ မျိုးချစ်ဝါဒ နှင့် မြောက်ကိုရီးယားအား လိုလားသော အမြင်များကြောင့် သံတမန်ရေးရာများတွင် ဝိရောဓိများဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံတကာအသိုင်းအဝန်း အတွင်း၌လည်း ယုံကြည်လက်ခံနိုင်မှု ကျဆင်းသွားသည်ဟူ၌ ဝေဖန်မှုများရှိခဲ့သည်။[၁၁] အထူးသဖြင့် သက်ကြီးမျိုးဆက်များအကြား သူ့အား လူကြိုက်များထောက်ခံမှုလည်း ကျဆင်းသွားသည်။[၁၄]

အစောပိုင်းကာလက မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သော်လည်း[၁၅] ရှေးရိုးစွဲ ဂရန်းနေရှင်နယ်ပါတီ နှင့် မီဒီယာများ၏ ပြင်းထန်သောအတိုက်အခံပြုမှုကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့က သူ့အား အစွမ်းအစမရှိဟု ဆက်တိုက်စွပ်စွဲပြီး စော်ကားမော်ကား ဝေဖန်များကို မီဒီယာများ၌ မကြာခဏဖော်ပြခဲ့သည်။[၁၆] မြို့တော်ပြောင်းရွှေ့ရန် နှင့် အတိုက်အခံများနှင့် မဟာမိတ်ဖွဲ့ရန် အစီအစဉ်အပါအဝင် ရို၏ မူဝါဒများမှာ အတိုက်အခိုက်ခံရပြီး တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။

သမ္မတသက်တမ်းကုန်ဆုံးပြီးနောက်တွင် ဇာတိမြို့ Bongha Maeul သို့ပြန်သွားခဲ့ပြီး သာမန်ဘဝဖြင့် ဘဲမွေးမြူရေးလုပ်ကိုင်နေခြင်းအား သူ၏ ဘလော့ဂ်မှတဆင့် ဝေမျှခဲ့သည်။ သင့်လျော်မှန်ကန်သည့် အွန်လိုင်းဆွေးနွေးပြောဆိုမှုများပြုလုပ်ရန် "ဒီမိုကရေစီ တူးပွိုင့်အို" အမည်ရ ဝက်ဘ်ဆိုက်တခုအားလည်း လုပ်ကိုင်ခဲ့သည်။[၁၇] ၁၄ လ အကြာတွင် သူ့အား လာဘ်စားမှုဖြင့် အစိုးရရှေ့နေများက သံသယဖြစ်ပြီး နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများအား အများပြည်သူက စိတ်ဝင်စားခဲ့သည်။[၁၈] ၂၀၀၉ မေ ၂၃ ရက်တွင် စားပွဲတင်ကွန်ပျူတာပေါ်၌ "ကျွန်တော့ကြောင့် ထိခိုက်သူအများအပြားရှိခဲ့ပါတယ်" ဟု သတ်သေမှုသေတမ်းစာ တွင် ရေးသားထားခဲ့ပြီးနောက် သူ၏အိမ်နောက်ဘက်တောင်စွန်းမှ ခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။[၁၉] သူသေဆုံးပြီးနောက် သီတင်းပတ်များအတွင်း သူ၏ဇာတိဘုန်ဟာကျေးရွာသို့ လာရောက်လည်ပတ်သူ လူ ၄ သန်းခန့်ရှိခဲ့သည်။ သူ၏အဆုံးစီရင်မှုကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။[၂၀]

ပုဂ္ဂိုလ်ရေး နောက်ကြောင်းရာဇဝင် ပြင်ဆင်ရန်

ရို ကို ၁၉၄၆ စက်တင်ဘာ ၁ ရက် တွင် ယခု တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ ဂင်မ်ဟေးနှင့်ဖူဆန်အနီး ဘုန်ဟာကျေးရွာရှိ ဆင်းရဲသော လယ်သမားမိသားစု၌ မွေးဖွားခဲ့သည်။ သားယောက်ျားလေး ၃ ဦးနှင့် သမီးမိန်းကလေး ၂ ဦးရှိရာ ရို မှာ အငယ်ဆုံးဖြစ်သည်။ ၁၉၅၃ တွင် ဒေးချန်း မူလတန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ မိဘများအား ကူရန် မကြာခဏ ကျောင်းပျက်သော်လည်း အမှတ်ကောင်းကောင်းရရှိသည်။[၂၁] သူ၏ဆရာ၏အားပေးမှုဖြင့် ၆ တန်း၌ ကျောင်း၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဂျင်ယွန်းအလယ်တန်းသို့တက်ရောက်သောအခါ ဆောင်မန်ဟီး၏ မွေးနေ့အား အမှတ်ရခြင်းအားဖြင့် ပြုလုပ်သော အရေးအသားပြိုင်ပွဲကို ဆန့်ကျင်သည့် ကျောင်းသားလှုပ်ရှားမှုကို စတင်ရန် ရို က ကြိုးစားခဲ့သော်လည်း ဖမ်းမိပြီး ကျောင်းမှ ရပ်နားခံရသည်။[၂၂]

ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားသော ဥပဒေပညာဆည်းပူးခဲ့သည့် အစ်ကိုကြီးဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် ရိုမူဟျွန်းက ရှေ့နေတစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၇၅ ရှေ့နေစာမေးပွဲ အောင်မြင်ရန် ကိုယ်တိုင်ကြိုးစားခဲ့သည် (တောင်ကိုရီးယား၌ ရှေ့နေ့လိုက်ခွင့်စာမေးပွဲဖြေဆိုသူများအနေဖြင့် ကောလိပ် ၊ တက္ကသိုလ် နှင့် ဥပဒေကျောင်းများမှ ဘွဲ့ရရှိရန် မလိုပေ)။ ၁၉၇၇ တွင် ဒေဂျွန်း၌ တိုင်းတရားသူကြီးဖြစ်လာသော်လည်း ၁၉၇၈တွင် နုတ်ထွက်ပြီး ရှေ့နေလိုက်ခဲ့သည်။

၁၉၈၁ တွင် တရားမဝင်စာအုပ်စာပေ ပိုင်ဆိုင်မှုသံသယဖြင့် နှိပ်စက်ခံရသည့်ကျောင်းသားများဘက်မှ ခုခံကာကွယ်ခဲ့သည်။ ထို့နောက်တွင် လူ့အခွင့်အရေးရှေ့နေအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၃ အစောပိုင်းတွင် သူက "အဲဒီထုချေလျှောက်လဲချက်ပြီးကတည်းက ကျွန်တော့ဘဝက လုံးဝပြောင်းသွားခဲ့ပါတယ်။ သူတို့ဒီလောက်အထိ ပြင်းပြင်းထန်ထန်အနှိပ်စက်ခံရတယ်ဆိုတာကို အစက ကျွန်တော်တောင် မယုံနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတိုရဲ့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်လုံးတွေကို ကြည့်မိပြီး ခြေသည်းတွေ အခွာခံထားရတာကို တွေ့လိုက်ရတာနဲ့ သက်တောင့်သက်သာရှိတဲ့ ကျတော့်ရဲ့ ရှေ့နေဘဝ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီလောကကြီးမှာ အပြောင်းအလဲလုပ်ချင်တဲ့ ယောက်ျားတစ်ဦးဖြစ်လာခဲ့ပါတယ်။" ပြောခဲ့သည်ဟု ကိုးကားကြသည်။ ဤအမှုမှာ လုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး (တောင်ကိုရီးယား) နိုင်ငံတော်လုံခြုံရေးအက်ဥပဒေကို အကဲဖြတ်သင့်ကြောင်း ဘဝတူ လူ့အခွင့်အရေးရှေ့နေများနှင့်အတူ ထောက်ပြခဲ့သည်။

၁၉၈၅ တွင် ဒီမိုကရေစီလိုလားသောမြို့သူမြို့သားများ ဘူဆန်ကောင်စီ၏ အမြဲတမ်းရှေ့နေပါဝါယူပြီး လူထုလှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့သည်။ ထိုစဉ်က တောင်ကိုရီးယား၌ ရှိခဲ့သည့် ဖိနှိပ်သူအစိုးရအား ဆန့်ကျင်ခဲ့ပြီး ချွန်ဒူးဟွမ်အားဆန့်ကျင်သည့် ၁၉၈၇ ဇွန် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[၂၃] ထိုနှစ်တစ်နှစ်တည်းမှာပင် သပိတ်မှောက်နေစဉ် လမ်းကြောင်းလွဲလာသည့် ရဲများ၏မျက်ရည်ယိုဗုံးကျည်ဆန်မှန်ပြီး သေဆုံးခဲ့သော ဒေဝူးသင်္ဘောကျင်းနှင့်ရေလုပ်ငန်းအင်ဂျင်နီယာ အလုပ်သမား လီဆော့ခ်ကျူ၏ သေဆုံးမှုအကြောင်းရင်းကို စုံစမ်းနေစဉ် သူ့အား ထောင်ကျခဲ့သည်။ "ခွင့်ပြုမထားဘဲ အမှုတွင်း ကြားဝင်ဆောင်ရွက်ခြင်း" နှင့် "ဈာပနအား နှောင့်နှေးစေခြင်း" တို့ဖြင့် စွပ်စွဲခံရသည်။ ဖမ်းဆီးမှုအား ဆန့်ကျင်သည့် ပြည်သူ့အမြင်ကြောင့် ရက် ၂၀ အတွင်း ပြန်လွှတ်ပေးလိုက်ရသော်လည်း နိုင်ငံရေးလက်တုံ့ပြန်မှုအရေးအခင်းဖြစ်ပြီးနောက် သူ၏ရှေ့နေလိုင်စင် အသိမ်းခံရသည်။[၂၂] သူ၏ ရှေ့နေလိုင်စင်ပြန်ရသောအခါ ချွန်ဂျွန်းဘေ၊ အင်မ်ဂျုံအင်းတို့နှင့်အတူ Haemaru ဥပဒေအကျိုးဆောင်လုပ်ငန်းကို တည်ထောင်သည်။[၂၄]

ရို သည် ၁၉၈၀ နှစ်များအတွင်းက ကက်သလစ်ဘာသာဝင် (နှစ်ခြင်း အမည် - ဂျက်စတင်) ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကက်သလစ်အဖြစ် နာမည်ခံထားလျက်ကပင် ဘာသာရေးနှင့် ကင်းကွာလာခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ဘာသာရေးကိုင်းရှိုင်းခြင်းမရှိတော့သော်လည်း မဟာယနဗုဒ္ဓဘာသာ အလေ့အထအချို့ကို ကျင့်ကြံသည်။[၂၅][၂၆]

အစောပိုင်း နိုင်ငံရေးတက်လမ်း ပြင်ဆင်ရန်

ဒီမိုကရက်တစ်ပြန်လည်ပေါင်းစည်းရေးပါတီ (ကိုရီးယား: 통일민주당) သို့ ဝင်ရောက်ရန် ဂင်မ်ယောင်ဆန်းက ဖိတ်ကြားခဲ့စဉ် ၁၉၈၈ ခုနှစ်၌ ရို နိုင်ငံရေးအတွင်း ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် ဘူဆန်၊ ဒုံ-ဂူ ကိုယ်စားပြု အမျိုးသားလွှတ်တော်အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရသည်။ နိုင်ငံရေးအကျင့်ပျက်ခြစားမှုစွဲချက်များအား လွှတ်တော်ကြားနာမှုအတွင်း ပြန်လှန်မေးခွန်းထုတ်မှုအတွက် လူထု၏ အာရုံစိုက်မှုရခဲ့သည်။[၂၇]

မဟာအမျိုးသားပါတီ၏ ရှေ့ပြေး ဒီမိုကရက်တစ်လစ်ဘရယ်ပါတီဖွဲ့စည်းရန် ၁၉၉၀ တွင် ဂင်မ်ယောင်ဆန်းက သူ၏ ပါတီကို ဒီမိုကရက်တစ်တရားမျှတမှုပါတီနှင့် ပေါင်းစပ်ခဲ့သည်။ ရို က ထိုပါတီသို့ ဝင်ရောက်ခြင်းမပြုဘဲ "ဒီမိုကရေစီလှုပ်ရှားမှုအားသစ္စာဖောက်ခြင်း" ဟု စွပ်စွဲခဲ့သည်။[၂၈]

၁၉၉၁ ၌ အမျိုးသားလွှတ်တော် မကျင်းပမီတွင် ချိုဆွန်အပတ်စဉ် သတင်းစာက ရိုသည် ချမ်းသာကြွယ်ဝမှုကို ဖုံးကွယ်ထားသော နိုင်ငံရေးသမားတစ်ယောက်ဖြစ်ကြောင်း စွပ်စွဲထားသည့် သတင်းဆောင်းပါး တစ်ပုဒ်ကို တင်ဆက်ခဲ့သည်။ အသရေဖျက်မှုဖြင့် ကုမ္ပဏီကို ရိုက တရားစွဲဆိုရာအနိုင်ရသော်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး နေရာလက်လွတ်ခဲ့ရသည်။[၂၉]

၁၉၉၂ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နေရာ လက်လွတ်ခဲ့ရသဖြင့် ၁၉၉၅ ဘူဆန်မြို့တော်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ထပ်မံရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲပြီးနောက်မကြာမီ ဂင်မ်ဒေးဂျုံက နိုင်ငံရေးမျက်နှာစာသစ်အတွက် အမျိုးသားကွန်ဂရက်ပါတီကို တည်ထောင်ခဲ့သော်လည်း ရို က ဝင်ရောက်ခြင်းမပြုခဲ့ပေ။ ၁၉၉၆ တွင် ဆိုးလ်ရှိ ဂျုံဂုအတွက် အမျိုးသားလွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အခြားအနာဂတ်သမ္မတလောင်း လီမြောင်ဘတ်အား ရှုံးနိမ့်သည်။

ရို က ပါတီအသစ်တခုကို လီဘူယောင်း၊ လီချူးလ်၊ ဂင်မ်ဝန်ဂီ၊ ဂင်မ်ဂျွန်ဂီလ်တို့နှင့်အတူ ထူထောင်ခဲ့သော်လည်း သမ္မတရွေးကောက်ပွဲမကျင်းပမီ ကိုရီးယားပြည်သစ်ပါတီ နှင့် ပေါင်းစည်းရေးဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းခဲ့သည့်နောက်တွင် "စစ်အစိုးရနှင့် ၎င်းတို့၏ နိုင်ငံရေးအမွေခံမျာအား တရားဥပဒေရှေ့မှောက်ပို့ဆောင်ရန်" ဂင်မ်ဒေးဂျုံနှင့် ရင်ကြားစေ့ရန် ရို က ဆုံးဖြတ်ခဲ့သည်။

၁၉၉၇ သမ္မတရွေးကောက်ပွဲတွင် သူ၏ဝင်ရောက်ယှဉ်ပြိုင်မှုအား ထောက်ခံခဲ့သည့်အခါ ဂင်မ်နှင့် ရို ပြန်လည်ရင်ကြားစေ့ခဲ့သည်။ အစည်းအဝေးတွင် ရို နှင့် သူ၏ပါတီကို ဂင်မဒေးဂျုံက ကြိုဆိုခဲ့ပြီး "ဒီနေ့ဟာ ပျော်ရွှင်ရတဲ့နေ့တနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်အတူတွဲလုပ်ရတဲ့အတွက်သာမက (ကျွန်တော်တို့ခွဲခွာပြီးကတည်းက) ကျွန်တော်စိတ်ထဲမှာ ထမ်းပိုးလာရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို လျော့ချလိုက်နိုင်တဲ့အတွက်ပါ ပျော်ရွှင်ရပါတယ်" ဟုပြောခဲ့သည်။ ရွေးကောက်ပွဲဥပဒေချိုးဖောက်သည့်အတွက် လီမြောင်ဘတ် နုတ်ထွက်သည့်အခါ ရို က ၁၉၉၈ ၌ ပြန်လည်ဝင်ရောက်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

ကိုရီးယန်းနိုင်ငံရေးတွင် ဒေသစွဲအုပ်ချုပ်ရေးကို ကျော်လွှားနိုင်ရေးကမ်ပိန်း၏ တစိတ်တပိုင်းအနေဖြင့် ဘူဆန်ရှိ နှင့် တို့ကို ကိုယ်စားပြု၍ ၂၀၀၀ ပြည့်နှစ်၌ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ သို့သော် ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော နိုင်ငံရေးအားပေးနှစ်ခြိုက်သူကလပ်ဖြစ်သော နိုဆာမိုကို သူ့အားထောက်ခံသူများက ဖွဲ့စည်းခဲ့ရာ ရွေးကောက်ပွဲရှုံးနိမ့်မှုက အကျိုးအမြတ်ဖြစ်ထွန်းခဲ့သည်။ သူ၏ ဒေသစွဲလွန်မြောက်ရေး အဓိဋ္ဌာန်က  ထောက်ခံသူများကို နိုးကြားတက်ကြွစေခဲ့သည်။

ဂင်မ်ဒေးဂျုံ၏ လက်အောက်တွင် ရေကြောင်းနှင့်ငါးလုပ်ငန်းဝန်ကြီးအဖြစ် ၂၀၀၀ ပြည့်နှစ်၌ ခန့်အပ်ခံရရာ သမ္မတတာဝန်မထမ်းဆောင်မီ ရို ၏ အဓိက အုပ်ချုပ်ရေးအတွေ့အကြုံ ဖြစ်လာသည်။[၃၀]

ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲဝင်ရာမှ ရိုအား လူအများ အာရုံစိုက်လာခဲ့သည်။ ပါတီအဖွဲ့ဝင်များထံမှသာမက ဒေသခံအရပ်သားများထံမှလည်း မဲများကို လက်ခံရာ ကိုယ်စားလှယ်ရွေးကောက်ပွဲကိုယ်နှိုက်ကပင်လျှင် လူစိတ်ဝင်စားခံရသည်။ အစပထမပိုင်းတွင် ထောက်ခံမှု ၁၀ ရာခိုင်နှုန်းသာရရှိရာ ထိပ်ဆုံးမှပြေးနေသည့် လီအင်းဂျေနှင့်ကြား ကွာဟမှုကြီးမားခဲ့သည်။ သူ၏ (အထူးသဖြင့် အူလ်ဆန်ရှိ) အသိအမှတ်ပြုလောက်ဖွယ်ရာ မိန့်ခွန်းများကြောင့် ထောက်ခံသူများ ဆက်တိုက်ရရှိခဲ့သည်။[၃၁] မဲရလဒ်ထွက်လာသည့်အခါ ရို့အား ထောက်ခံမှုနှုန်းမှာ ၄၁.၇ ရာခိုင်နှုန်းဖြစ်ပြီး ပြိုင်ဘက်ပါတီ ကိုယ်စားလှယ် လီဟွိုင်းချန်ထက် ၁.၁ ရာခိုင်နှုန်းပိုများရာ သူ့ပါတီအားမဲပေးသူများကို ယုံကြည်လက်ခံလာအောင်ပြုနိုင်ခဲ့သည်။[၃၂]

၂၀၀၂ ဒီဇင်ဘာ သမ္မတရွေးကောက်ပွဲတွင် လီဟွိုင်းချန်ကို ၂ ရာခိုင်နှုန်းအသာဖြင့် ကပ်အနိုင်ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်၌ သူ၏ သမ္မတ ကျမ်းကျိန်ဆိုမှုမိန့်ခွန်းမပြောမီ "အစိုးရအဖွဲ့အတွင်းတွင် ဆွေးနွေးမှုနည်းလမ်းကို အမြစ်တွယ်စေမယ်" ဟု ရို က ပြောခဲ့ပြီး "ပြည်သူ့သမ္မတ ဆွေးနွေးတိုင်ပင်မှုနိုင်ငံလို့ ကျတော်တို့ နာမည်တွင်တဲ့အထိ ဆွေးနွေးမှုတွေနဲ့ အသားတကျရှိသင့်ပါတယ်" ဟု ဖြည့်စွက်ခဲ့သည်။[၃၃]

သမ္မတသက်တမ်း (၂၀၀၃-၀၈) ပြင်ဆင်ရန်

ပထမနှစ် ပြင်ဆင်ရန်

ရို က သူ၏အုပ်ချုပ်ရေးအား "ပေါင်းစပ်ပါဝင်ရေးပါတီ အစိုးရ"[၃၄] အဖြစ် ရည်မှန်းချက်ကြီးသော အစီအစဉ်အသစ်များအား မိတ်ဆက်ပေးရန် စိတ်အားတက်ကြွစွာဖြင့် အာဏာယူခဲ့သည်။ ရိုအုပ်ချုပ်ရေး၏ မူဝါဒပန်းတိုင်များတွင် မြောက်ကိုရီးယားနှင့်စေ့စပ်ရေး ဦးတည်သည့် ဆန်းရှိုင်းမူဝါဒ ဆက်လက်ဖြစ်ပေါ်ရေး၊[၃၅] အရှေ့မြောက်အာရှတွင် စီးပွားရေးဗဟိုချက်မ အဖြစ်ထူထောင်ရေး၊ လူမှုကောင်းကျိုးပြုလုပ်ငန်းများ တိုးချဲ့ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနည်းသည့်ဒေသများအား ကူညီရန် "ဟန်ချက်ညီသည့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု" ရရှိရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ ပညာရေးနှင့် အခွန်အကောက်စနစ်များ ပြုပြင်ပြောင်းလဲရန်၊ အလုပ်သမားစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး၊ မီဒီယာပြုပြင်ပြောင်းလဲရေး၊ အမေရိကန်ပြည်ထောင်စု ဂျပန်နိုင်ငံတို့နှင့် ဆက်ဆံရေးအား ပြန်လည်ပုံသွင်းရန်တို့ ပါဝင်သည်။[၃၆]

အစိုးရအဖွဲ့အတွင်းအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမူဝါဒ၌ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများစွာ ပါဝင်ရာ ဆန့်ကျင်မှုကြီးကြီးမားမားနှင့် ကြုံတွေ့ခဲ့ရသည်။ တရားစီရင်ရေးပြုပြင်ပြောင်းလဲရေးကာလအတွင်း အတိုက်အခံပြုမှုများအား ဖြေရှင်းရန် တီဗွီဖိုရမ်တခုကို သူက အကြံပြုခဲ့သည်။ ဝန်ထမ်းရေးရာကော်မတီနှင့်တိုင်ပင်ခြင်းမပြုဘဲ ရှေ့နေချုပ်ရုံး ပင်မအချက်အချာနေရာများစွာကို ရို က ခန့်အပ်ခဲ့သည်ဟု အစိုးရရှေ့နေများက အတင်းအကျပ်ပြောဆိုရာ "ဝန်ထမ်းရေးရာကော်မတီရဲ့ လက်ရှိအဖွဲ့ဝင်တွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲရမဲ့ တရားစီရင်ရေးအဟောင်းကို ကိုယ်စားပြုနေပါတယ်။ ခုချိန်မှာ မပြင်ရင် အနည်းဆုံး လအတော်ကြာတဲ့အထိ တရားစီရင်ရေးဟောင်း ဆက်တည်မြဲနေပါလိမ့်မယ်။" ဟု ရို က ဖြေကြားခဲ့သည်။[၃၇] သမ္မတသက်တမ်း ၃ လ ဝင်သည့်အခါ အတိုက်အခံပြဿနာကို ဤသို့ မှတ်ချက်ပြုခဲ့သည် - "အတိုက်အခံဒီလောက်များနေရင်ဖြင့် သမ္မတအနေနဲ့ ဆက်လက်တာဝန်မထမ်းနိုင်တော့မှာ ကျတော် စိုးရိမ်နေရပါတယ်"။ ဤမှတ်ချက်၏ တစ်စိတ်တစ်ပိုင်းကို ("ကျွန်တော် သမ္မတတာဝန် ဆက်မထမ်းနိုင်တော့ပါ" ဟူ၍) ရှေးရိုးစွဲမီဒီယာများတွင် ဖော်ပြခံရသည်။ သူ၏ စွမ်းဆောင်ရည်နှင့်အတွေ့အကြုံနှင့်ပတ်သက်ပြီး သံသယအဖြစ်ခံရသည်။[၃၈] ရို ၏ အုပ်ချုပ်ရေးတွင် စွန့်စားသည့်မူဝါဒများ ၊ ဂျပန်နှင့်ပူးပေါင်းသူများ၏ မျိုးဆက်နောင်လာနောက်သား နာမည်များကို ဖော်ထုတ် ဖွင့်ချရန် နည်းလမ်းများ ပါဝင်သည်။ ဤစုံစမ်းစစ်ဆေးရေးအား ၎င်းတို့အားတိုက်ခိုက်မည့် ပုန်းလျှိုးကွယ်လျှိုးနည်းလမ်းအဖြစ် အတိုက်အခံများက ဝေဖန်ကြသည်။ အချိန်နှောင်းမှ အဖတ်ဆည်ရန်ကြိုးစားရာ သူ၏ ပါတီဝင်များကိုသာ ထိခိုက်စေခဲ့သည်။[၃၉][၄၀][၄၁]

ယူရီပါတီ နှင့် ရာထူးမှဖြုတ်ချရေး ပြင်ဆင်ရန်

(열린우리당, lit. "ကျန်ုပ်တို့၏ ပွင့်လင်း ပါတီ") ယူရီပါတီ ဖွဲ့စည်းရန် ရို နှင့် သူ့အားထောက်ခံသူများက ၂၀၀၃ ခုနှစ်တွင် ရာစုနှစ်ဒီမိုကရက်တစ်ပါတီမှ ခွဲထွက်ခဲ့ကြသည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ အကြိုကာလတွင် ယူရီပါတီအား ထောက်ခံမှုကို နှုတ်မှဖွင့်ဟပြောဆိုရာ သမ္မတ ဘက်မလိုက်မှုအား ညွှန်ကြားထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်အား နည်းဥပဒေချိုးဖောက်မှုနှင့် ငြိစွန်းခဲ့သည်။ တောင်းပန်ရန် ရို က ငြင်းဆန်လိုက်သည့်နောက် အများစုနေရာရထားသည့် အတိုက်အခံပါတီများက ဦးဆောင်ပြီး တရားမဝင်မဲဆွယ်စည်းရုံးမှုဖြင့် သူ့အားသမ္မတရာထူးမှဖြုတ်ချရန် လွှတ်တော်က ၂၀၀၄ မတ် ၁၂ တွင် မဲပေးခဲ့သည်။ မဲအရေအတွက်မှာ ၁၉၃ မဲ - ၂ မဲ (ယူရီပါတီဝင်များ မဲပေးခြင်းမှ ရှောင်ကြဉ်ခဲ့သည်) ဖြစ်သည်။ ရိုအား ထောက်ခံသူများက ဤအဆိုပြုမှုကို စစ်မျက်နှာဖွင့်ကာ ၃ ရက်တိုင်တိုင် ကိုယ်ထိလက်ရောက်ဆန့်ကျင်တားဆီးခဲ့ရာ လုံခြုံရေးအစောင့်များက ဆွဲထုတ်ခဲ့ရသည်။[၄၂] ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်မချခင်အထိ ရို ၏ အုပ်ချုပ်ရေးအာဏာကို ရပ်ဆိုင်းထားပြီး ဝန်ကြီးချုပ် ဂိုခွန်က ယာယီသမ္မတအဖြစ် နိုင်ငံအား အုပ်ချုပ်ခဲ့သည်။

ရို အား ရာထူးမှ ဖြုတ်ချရန် အမျိုးသားလွှတ်တော်၏ ကြိုးပမ်းမှုကို အများပြည်သူက ဆန့်ကျင်ကန့်ကွက်ကြသည်။ ၂၀၀၄ မတ် ၁၂ မှ မတ် ၂၇ တိုင်အောင် "အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လူထုလှုပ်ရှားမှု"က ရာထူးမှဖြုတ်ချရေးကြိုးပမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုအား ဦးဆောင်ပြုလုပ်ခဲ့သည်။ မတ်လ ၁၃ ရက်နေ့တရက်တည်း၌ပင် လူပေါင်း ၅ သောင်းစုစည်းခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။[၄၃]

ရို့ အား လူကြိုက်များမှုမှာ ၃၀ ရာခိုင်နှုန်း ပတ်လည်သာ ရှိနေခဲ့သော်လည်း ရာထူးမှဖြုတ်ချရေးကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် လူထု၏ ရွေးချယ်မှုအပေါ် အာဏာလုခြင်းဟု မှတ်ယူသည့်အတွက် ရိုအား ရာထူးမှဖြုတ်ချရေး လွှတ်တော်မဲခွဲမှုအပြီးတွင် ရို့အား လူကြိုက်များမှု ထောင်တက်သွားသည်။ ယူရီပါတီက နေရာအများစုအား အနိုင်ရမှုနှင့်အတူ ၂၀၀၄ ဧပြီ လွှတ်တော်ရွေးကောက်ပွဲရလဒ်က သူ့အပေါ်လူထုထောက်ခံမှုအား ပြသခဲ့သည်။

၂၀၀၄ မေ ၁၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရာထူးမှဖြုတ်ချရန်ဆုံးဖြတ်ချက်ကို လှန်ပစ်ပြီး ရိုအား သမ္မတအဖြစ် ပြန်လည်တင်မြှောက်ခဲ့သည်။[၄၄] ဤအရေးကိစ္စပြီးနောက် ရို က ယူရီပါတီသို့ အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ရာ ယူရီပါတီမှာ အာဏာရပါတီအဖြစ် တရားဝင်ဖြစ်ခဲ့သည်။ အမျိုးသားလွှတ်တော်တွင် လစ်ဘရယ်ပါတီတခုက အများစုအနိုင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ရာထူးပြန်လည်ရရှိပြီးနောက် ပြင်ဆင်ရန်

 
Roh and his wife Kwon Yang-sook in India with Manmohan Singh and A.P.J Abdul Kalam in 2004

ဆိုးလ်တွင် ဓနအင်အားစုစည်းနေမှုအား ပြောင်းပြန်လှန်ပစ်ရန် ဟန်ချက်ညီသည့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ကမ်ပိန်း၏ တစိတ်တပိုင်းအဖြစ် မိုင် ၁၀၀ အကွာရှိ တောင်ပိုင်း Chungcheong ပြည်နယ်သို့ မြို့တော်သို့ပြောင်းရွှေ့ရန် အစီအစဉ်ကို ယာဉ်ကြောကြပ်မှုအကြောင်းပြ၍ ချမှတ်ဆောင်ရွက်ခဲ့သည်။ ပြောင်းရွှေ့၏အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ Chungcheong ပြည်နယ်ပြင်ပရှိ မဲပေးသူအနည်းငယ်ကိုသာ ဖြောင်းဖြနိုင်ခဲ့စေကာမူ သူ၏ ကမ်ပိန်းများပြုလုပ်စဉ်အတွင်း ကတိကဝတ်ပြုခဲ့ပြီး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ခဲ့သည်။[၄၅] အငြင်းပွားမှုများဖြစ်အပြီး "အခြေခံဥပဒေဟု သတ်မှတ်ခံရသည့် ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်သည့်အတွက်" မြို့တော်ပြောင်းရွှေ့မှုသည် ဖွဲ့စည်းပုံနှင့်မညီဟု ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရို၏ အစီအစဉ်များကို တားဆီးခဲ့ရာ ရို ၏ နိုင်ငံရေးရပ်တည်မှုကို ထိုးနှက်မှုကြီးဖြစ်ခဲ့သည်။ "အုပ်ချုပ်ရေးမြို့တော်" တစ်ခု ဖန်တီးရန်ဟု ရို၏ အစီအစဉ်ကို ပြင်ဆင်ခဲ့သော်လည်း အဆုံးမသတ်နိုင်ဖြစ်ခဲ့ရပြန်သည်။ ဆယ်ဂျုံးမြို့အား "အုပ်ချုပ်ရေးမြို့တော်" အဖြစ် အဆိုပြုထားသော ကိစ္စရပ်သည် ၂၀၁၀ ခုနှစ်တွင် အငြင်းပွားစရာဖြစ်နေဆဲပင်ဖြစ်ပြီး အာဏာရ မဟာအမျိုးသားပါတီတွင်း၌ပင်လျှင် နိုင်ငံရေးအရ အကွဲအပြဲဖြစ်မည့် ပြဿနာတစ်ခုအဖြစ် အတိအကျသဘောဆောင်နေသည်။

မြို့တော်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများနှင့်အတူ စီးပွားရေးအား လျစ်လျှူရှုထားမှုနှင့် စီမံခန့်ခွဲရေးအလွဲများဟု ထင်မြင်ယူဆချက်များ ကြီးထွားလာသည်။[၄၆] ပြည်ပပို့ကုန်များ စံချိန်တင်လောက်အောင် တင်ပို့နိုင်ပြီး စီးပွားရေးတိုးတက်လာသော်လည်း ပြည်တွင်းစီးပွားရေး တန့်နေပြီး ယခင်အုပ်ချုပ်ရေးနှင့်ကမ္ဘာ့ကျန်နေရာများထက် တိုးတက်မှုနှုန်း နောက်ကျနေဆဲဖြစ်သည်။[၄၇] တချိန်တည်းမှာပင် စည်းမျဉ်းစည်းကမ်းများ ဖောင်းပွလာပြီး မတည်ရင်းနှီးမြုပ်နှံမှုများမှ ပြည်တွင်းမှ ထွက်သွားသည်၊[၄၈] အလုပ်လက်မဲ့ (အထူးသဖြင့် လူငယ်များအကြား) မြင့်တက်လာသည်၊ ပညာရေးစနစ် ယိုယွင်းနေသည့်အတွက် ငွေကြေးတတ်နိုင်သည့်ကျောင်းသားများ ပြည်ပသို့ စုပြုံထွက်ခွာသည်၊ ဆိုးလ်ရှိ အိမ်ရာဈေးနှုန်းများမှာ သာမန်ပြည်သူများ အလှမ်းမမီနိုင်အောင် မြင့်တက်လာသည်။ "အရှက်မရှိ နာမည်ဖျက်ခြင်း"[၄၉] အနေဖြင့် ဝေဖန်မှုများအား အရေးမစိုက်ခြင်း၊ နိုင်ငံအလိုက်ယှဉ်ပြိုင်နိုင်စွမ်းတိုးလာခြင်း နှင့် စီးပွားရေးခိုင်မာလာခြင်းတို့ကို သူ့အစိုးရအဖွဲ့၏ အောင်မြင်မှုများအဖြစ် အမွှမ်းတင်ခြင်းဖြင့် ရို က တုံ့ပြန်ခဲ့သည်။[၅၀] ဤသို့ ပေါ့ပေါ့တန်တန် သဘောထားမှုကြောင့် သူ၏ ယူရီပါတီမှာ လွှတ်တော်တွင် ဆက်တိုက်ရှုံးနိမ့်ပြီး နောက်ဆုံးတွင် လုံးဝပြိုလဲသွားခဲ့သည်။ ရို့အား လူကြိုက်ကျဆင်းမှုက သူ၏ပါတီအတွက် အန္တရာယ်ဖြစ်လာရာ သူနှင့် အဆက်ဖြတ်ရန် ပါတီအသစ်တစ်ခုလိုအပ်ခဲ့သည်။[၅၁] ထို့အတွက် ယူရီပါတီက ဒီမိုကရက်တစ်ပါတီအဖြစ် အသွင်ပြောင်း၊ အမည်ပြောင်းခဲ့ပြီး ယခုအခါ အမျိုးသားလွှတ်တော်တွင် ပင်မအတိုက်အခံပါတီဖြစ်သည်။

ကိုရီးယားအား အာရှတိုက်၏ နိုင်ငံတကာစီးပွားရေးရပ်ဝန်းတစ်ခုအဖြစ်[၅၂] ထူထောင်ရန် ရို ၏ နဂို ရည်မှန်းချက်ကြီးသောကတိကဝတ်များမှာ သူ၏ ရွေးကောက်ပွဲအပြီးတွင် ပြယ်လွင့်ပျောက်ကွယ်သွားသည်။[၅၃][၅၄][၅၅][၅၆] ထိုသို့ဖြစ်ရမည့်အစား Lone Star Fund က ကိုရီးယားလဲလှယ်ရေးဘဏ်အား ဝယ်ယူရောင်းချမှုအား တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူများက ပြည်တွင်းလက်တွဲဖော်များနည်းတူ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ရာ ရို၏ လက်အောက်တွင် ကိုရီးယားနိုင်ငံမှာ ပြည်ပစီးပွားရေးအသိုက်အဝန်းတွင် နာမည်ဆိုးရခဲ့သည်။[၅၇] အိမ်ရာဈေးနှုန်းများမြင့်တက်လာသည့်အခါ Japanese asset price bubble အကျပ်ရိုက်မှုအလားတူ ခန့်မှန်းထားသည့်ဖောင်းပွမှုအား ကာကွယ်တားဆီးနိုင်ရန် ဝမ်ငွေ သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၆ သိန်းခန့်) ထက်ကျော်သော အိမ်ခြံမြေ ပိုင်ဆိုင်မှုပေါ်အခွန် ၁-၃ ရာခိုင်နှုန်းကို ရို က မိတ်ဆက်ခဲ့သည်။[၅၈] ဖောင်းပွမှုကို နှေးကွေးစေခဲ့သော်လည်း အခွန်ကြီးမြင့်စွာဆောင်ရသည့် ချမ်းသာသူများ၏ အတိုက်အခံပြုမှုခံရသည်။[၅၉] တချိန်တည်းမှာပင် လူမှုအသုံးစရိတ်ကို ၁ နှစ်လျှင် ၁၈ ရာခိုင်နှုန်း တိုးမြှင့်သည့်အပြင် တစ်ရက်လျှင် လူ ၆၀ နှုန်း သို့မဟုတ် ခန့်ထားမှုအသစ် ၉၅၇၀၀ ကျော်ဖြင့် ပြည်သူ့ဝန်ထမ်းဌာနအရွယ်အစားကို တိုးချဲ့ခြင်းအားဖြင့် အသုံးစရိတ် ရုတ်တရက် တိုးမြှင့်လိုက်သည်။ သူ၏ အစိုးရလက်ထက်တွင် ပြည်သူ့ဝန်ထမ်းဌာနနှင့် ရဲတပ်ဖွဲ့အကြားတွင်  စည်းကမ်းလျော့ရဲမှုအတွက်အရေးယူမှုများအပေါ် ဝေဖန်မှုများ မြင့်ခဲ့သည်။

ရို ၏ ကျန်ရှိသော သက်တမ်းအတွင်း အောင်မြင်မှုနှင့် အထမြောက်မှု အခြေအနေအမျိုးမျိုးရှိ ကမ်ပိန်းများ လုပ်ဆောင်ခဲ့သည်။ ပိုအောင်မြင်သော ကမ်ပိန်းများအနက်မှ တခု မှာ (အနည်းဆုံး သူ့လက်ထက်တွင်) အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပကူးသန်းရောင်းဝယ်ရေးသဘောတူညီမှုကို ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဂင်မ်ဟျွန်ဂျုံးက လပေါင်းများစွာတိုင်အောင် ညှိနှိုင်းမှုများပြုပြီးနောက် ၂၀၀၇ ဧပြီတွင် အပြီးသတ်နိုင်ခြင်းဖြစ်သည်။ သူ၏ ရိုးရာမပျက်လက်ဝဲအင်အားစုများ (ထိုသူတို့က "လစ်ဘရယ်အားပေးမှုတစ်ရပ်" အဖြစ် ရှုံ့ချ)[၆၀] ထံမှ ပြည်တွင်းအတိုက်အခံပြုမှုများနှင့် အဖွဲ့အမျိုးမျိုး (အဓိကအားဖြင့် လယ်သမားများ) ၏ ဈေးကွက်ဖွင့်လှစ်ခြင်းကို ဆန့်ကျင်မှုများကြားမှပင် သဘောတူညီမှုအား အောင်မြင်အောင် တွန်းအားပေးနိုင်ခဲ့သည်။[၆၁][၆၂]

မဟာ ယာယီညွန့်ပေါင်းဖွဲ့ရေး အစီအစဉ် ပြင်ဆင်ရန်

မြို့တော်နှင့်ပတ်သက်သည့် အငြင်းပွားမှု ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ပြည်သူ့အလိုဆန္ဒမပြည့်ဝမှုတို့၏ ရလဒ်အနေဖြင့် ယူရီပါတီမှာ လူကြိုက်များမှု ကျဆင်းခဲ့သည်။ ၂၀၀၅ ဧပြီ ၃၀ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ယူရီပါတီရှုံးနိမ့်သည့်အခါ ရွေးကောက်ခံနယ်မြေ ၂၃ ခုတွင် တစ်ခုမကျန်ဆုံးရှုံးပြီး အမျိုးသားလွှတ်တော်တွင် နေရာအများစုအား ဆုံးရှုံးသွားသည်။ လူကြိုက်နည်းမှုရလဒ်အား ရင်ဆိုင်ရာတွင် အတိုက်အခံမဟာအမျိုးသားပါတီနှင့် ညွန့်ပေါင်းဖွဲ့ခြင်းကို အဆိုပြုခြင်းဖြင့် အစိုးရအဖွဲ့ကို စီမံခန့်ခွဲရေးအတွက် ထူးဆန်းသောနည်းလမ်း အသုံးပြုခဲ့သည်။ ထောက်ခံမှုနှုန်း ၂၀ ရာခိုင်နှုန်းမျှဖြင့် သူ၏ သမ္မတသက်တမ်းကို ရှေ့မဆက်နိုင်သည့်အတွက် ယူရီပါတီနှင့် မဟာအမျိုးသားပါတီတို့ ပေါင်းစပ်ထားသော ယာယီညွန့်ပေါင်းပြုခြင်းက လိုလားဖွယ်ရာဖြစ်ပြီး ပါတီ ၂ ခု ကြားမှ နိုင်ငံရေးအဂျန်ဒါများမှာလည်း ကွဲလွဲမှုစိုးစဉ်းမျှသာ ရှိသည်ဟု ရို က အကြောင်းပြသည်။ ညွန့်ပေါင်းပြုခြင်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါက သူ၏ ဩဇာအာဏာပြန်လည် ရယူနိုင်သည့်အပြင် နုတ်ထွက်ဦးမည်ဖြစ်ကြောင်း ရိုက ကတိပြုသည်။

မဟာညွန့်ပေါင်းဖွဲ့ရေးအတွက် ရို၏ အဆိုပြုမှုက နိုင်ငံတွင်းအငြင်းအခုံဖြစ်မှုအား ထပ်မံဖြစ်ပွားစေသည်။ အဖန်တလဲလဲနိုင်ငံရေးအငြင်းပွားမှုများနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ခံစားနေရဆဲ လူအများ၏ စိတ်ခံစားမှုအား "အမှုမထား လုံးဝမသိကျိုးကျွန်ပြုမှု" ဟု သူ၏အစီအစဉ်ကို အများက သမုတ်ကြသည်။ ကွန်ဆာဗေးတစ်အတိုက်အခံအဖွဲ့နှင့် သူ့ပါတီအကြား ကွာခြားမှုမရှိဟု ရို၏ ခံယူမှုအပေါ် မိမိကိုယ်ကိုလစ်ဘရယ်ဟုခံယူထားသူ ယူရီပါတီထောက်ခံသူအများစုက အမျက်ထွက်ခဲ့ကြသည်။ မဟာအမျိုးသားပါတီအနေဖြင့် အားကောင်းလာသော ထောက်ခံမှုနှုန်း အကျိုးခံစားနေရသော်လည်း အဓိကရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့ရမှုအတွက် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်ရာ ညွန့်ပေါင်းပြုရေးအတွက် ညှိနှိုင်းမှုစတင်ရန် မကြာခဏ ငြင်းပယ်ခဲ့သည်။ ယူရီပါတီက သမ္မတ၏အဆိုပြုချက်ကို စိတ်မပါလက်မပါ ထောက်ခံမှုပြုခဲ့သော်လည်း ဥပဒေပြုသမား တစ်ဦးက ရို၏အစီအစဉ်အား ဆန့်ကျင်သည့်အနေဖြင့် ပါတီခွဲထွက်သည်။ လူကြိုက်များမှု ကျဆင်းခဲ့ပြီး ၂၀၀၅ အောက်တိုဘာ ၂၆ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ခြေကုပ်ယူထားသော ရွေးကောက်ပွဲနယ်မြေများအနက် တစ်ခုအပါအဝင် အပြတ်အသတ်ရှုံးနိမ့်ပြန်သည်။ နိုင်ငံရေးဘက် ၂ ဘက်လုံးမှ ထောက်ခံမှုမရသည့်အတွက် ရို၏ အစီအစဉ်မှာ အလဲထိုးခံရသည်။

ပြည်ပဆက်ဆံရေး ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု ပြင်ဆင်ရန်

 
President Roh and Bush in October 2003
 
Roh Moo-hyun and Kwon Yang-sook at the 2006 APEC gala dinner with President Vladimir Putin of Russia (centre) and George W. Bush and his wife Laura Bush (right)

သမ္မတရွေးကောက်ပွဲမဝင်မီက ရို အား အမေရိကန်ဆန့်ကျင်ရေးသမားအဖြစ် ရှုမြင်ကြသော်လည်း ကမ်ပိန်းအတွက် တပန်းမရှုံးခဲ့ပေ။ တောင်ကိုရီးယား အလယ်တန်းကျောင်းသူလေး ၂ ဦးအား အမေရိကန်စစ်တပ်၏ armored bridge-laying vehicle က ကြိတ်မိခဲ့သော ယန်ဂျူးအဝေးပြေးမတော်တဆမှုက ပေါ်ပေါက်ခဲ့သည့် အမေရိကန်ပြည်ထောင်စုအပေါ် ပြည်သူလူထုမလိုလားမှုမှာ ၂၀၀၂ တွင် ပြန့်နှံ့နေသောကြောင့်ဖြစ်သည်။ အမှုတွင်ပါဝင်သည့် အမေရိကန်စစ်သားများကို အမေရိကန်စစ်တပ် ခုံအဖွဲ့က ရုံးတင်စစ်ဆေးခဲ့သော်လည်း ရို ၏ အုပ်ချုပ်ရေးအဖွဲ့က တောင်ကိုရီးယားတရားခွင်သို့ခေါ်ဆောင်ရေးအတွက် ဆက်လက်တောင်းဆိုသည်။ မတော်တဆမှုမှာ  'တာဝန်ထမ်းဆောင်နေစဉ်' (ယာဉ်တန်းတွင်ပါဝင်) ဖြစ်ပွားသည့်အတွက် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား တပ်စခန်းချထားရေးသဘောတူညီချက်အရ အမေရိကန်၏ တာဝန်သာဖြစ်သည်။

သို့သော် မြောက်ကိုရီးယားအားရှေးရှုသည့် မူဝါဒမှလွဲ၍ အမေရိကန်ပြည်ထောင်စုဘက်မှ ရို က ရပ်တည်သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတိုးတက်စေရန် ရိုက အားတက်သရောကြိုးပမ်းပြီး နယ်စပ်ကို လမ်းလျှောက်ဖြတ်ကူးပြီး ကင်မ်ဂျုံအီလ်နှင့် တွေ့ဆုံခဲ့သည့် ပထမဆုံးသော သမ္မတဖြစ်လာခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းရန်နှင့် အခြားပြန်လည်တည်ဆောက်ရေးတာဝန်များ ဆောင်ရွက်ခြင်းဖြင့် အီရတ်စစ်ပွဲတွင် အမေရိကန်အား ပံ့ပိုးရန်  Zaytun Division ကို စေလွှတ်ခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းရန်မစ်ရှင်အတွက်သာ တပ်ဖွဲ့များစေလွှတ်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး မြောက်အမေရိကနျူကလီးယားအကျပ်အတည်းကို ဖြေရှင်းရာတွင် အမေရိကန်ပြည်ထောင်စုထံမှ မျက်နှာသာပေးမှုရယူရာတွင် ထိုကဲ့သို့ နှစ်မြုပ်လုပ်ကိုင်ပေးခြင်းကို လိုအပ်သည့်အတွက်ဟု အခိုင်အမာဆိုသည်။ KORUS FTA ကိုလည်း အရယူရန် ကြိုးပမ်းခဲ့သည်။ မြို့တော်တွင် USFK အခြေစိုက်မှုမှာ မလိုအပ်သည့်အပြင် ဂုဏ်သိက္ခာနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိခိုက်သည်ဟု ယူဆသည့်အတွက် မြို့တော်မှ အမေရိကန်တပ်ဖွဲ့များအား မြို့တော်နှင့်အဓိကမြို့ကြီးများ၏ အဝေးရှိ ကျေးလက်ဒေသဖြစ်သော ဟမ်းဖရေးစခန်းသို့ ပြောင်းရွှေ့ရန် ၂၀၀၄ ၌ အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီမှုရခဲ့သည်။[၆၃]

အမေရိကန်ပြည်ထောင်စုနှင့် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးသဘောတူညီချက်ပြုရန် ဆွေးနွေးညှိနှိုင်းမှုကို တောင်ကိုရီးယားက စတင်မည်ဖြစ်ကြောင်း ၂၀၀၆ ဖေဖော်ဝါရီတွင် ရို က ကြေညာသည်။[၆၄]

၂၀၀၇ ဧပြီ၌ တောင်ကိုရီးယား-အမေရိကန်ဆက်ဆံရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည့် အမေရိကန်ပြည်ထောင်စု၌ တောင်ကိုရီးယားကျောင်းသား ချိုဆွန်ဟွေ ကျူးလွန်သော ဗာဂျီးနီးယားပိုလီတက္ကနစ်အင်စတီကျု လူသတ်ပွဲ၏ သံတမန်ရေးရာအကျိုးဆက်ကိုဆွေးနွေးရန် သူ၏ လက်ရုံးများနှင့် အရေးပေါ်အစည်းအဝေးထိုင်ခဲ့သည်။[၆၅] ရှေ့ယခင်က မကြုံခဲ့ဖူးသော အရေးကိစ္စအား ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် သမ္မတ၏ တောင်းပန်သဝဏ်လွှာ ထုတ်ပြန်ရေးနှင့် အမေရိကန်ပြည်ထောင်စု၌နေထိုင်သော တောင်ကိုရီးယားသားများအပေါ် ညှင်းပန်းနှိပ်စက်မည့်အလားအလာအား တားဆီးရန်အတွက် အစီအစဉ်များအပါအဝင် ဘက်စုံပြည့်ဝသောနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။[၆၆] ၂၀၀၇ ဧပြီ ၁၇ တွင် ရို့ထံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ၂ စောင် ပါးခဲ့ပြီးဖြစ်သည်။[၆၇]

ကာကွယ်ရေးအတွင်းဝန်ဟောင်း ရောဘတ်ဂိတ်စ်က ရိုသည် "အမေရိကန်ဆန့်ကျင်ရေးသမား ၊ နဲနဲဂေါက်တောက်တောက် နိုင်သူ" အဖြစ်လည်းကောင်း ၊ အာရှတိုက်တွင်း အကြီးဆုံးအန္တရာယ် ၂ ခုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်ဖြစ်သည်" ဟု ၂၀၀၇ နိုဝင်ဘာ အစည်းအဝေးပွဲ တခုတွင် ရိုက သူ့အား ပြောခဲ့သည့်အတွက် အံအားသင့်ခဲ့ရသည်ဟူ၍လည်းကောင်း သူ၏စာအုပ် Duty တွင်ဖော်ပြခဲ့သည်။[၆၈][၆၉]

ဂျပန်နိုင်ငံ ပြင်ဆင်ရန်

ရို အာဏာစတင်ရရှိစဉ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း သူ၏ ၂၀၀၃ ခုနှစ် အိမ်နီးချင်းနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ခရီးစဉ်မှာ ကိုရီးယန်းအထိမ်းအမှတ်နေ့နှင့် တိုက်တိုက်ဆိုင်ဆိုင်စီစဉ်ခဲ့သည်။

၂ နိုင်ငံအကြား ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်သောအားဖြင့် နယ်ချဲ့ကျူးကျော်ခဲ့မှုအတွက် ဂျပန်နိုင်ငံထံမှ တောင်းပန်မှုကို ထပ်မံတောင်းဆိုတော့မည်မဟုတ်ကြောင်း ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ ရို က စိတ်နှလုံးကောင်းထား ပြောကြားခဲ့ခြင်းဖြစ်သော်လည်း အတိတ်ကနယ်ချဲ့ကျူးကျော်မှုအတွက် တာဝန်တစ်ခန်းရပ်သွားပြီဟု ဂျပန်နိုင်ငံက အဓိပ္ပာယ်ကောက်ယူပြီး အနာဂတ်တွင် ပေါ်ပေါက်ကောင်းပေါ်ပေါက်လာမည့် လျော်ကြေးပေးရန် တောင်းဆိုမှုများအား ငြင်းပယ်ရာတွင် ဆင်ခြေပေးမည်ကို အချို့က စိုးရိမ်ကြသည်။

ရိုကမျှော်လင့်ချက်ထားခဲ့သော်လည်း ဇိမ်မယ် (comfort women) ဇာတ်သွင်းမှုအတွက် လျော်ကြေးပေးရေးပြဿနာများ၊ ဂျပန့်သမိုင်းဖတ်စာအုပ်များတွင် အတိတ်ကကိုလိုနီပြုမှုအား ထည့်သွင်းရန် ငြင်းဆန်ခြင်း၊ Liancourt ကျွန်းစုနှင့်ပတ်သက်သည့် အငြင်းပွားမှုတို့ကဲသို့ ပဋိပက္ခများဖြစ်ပွားပြီး ဂျပန်နိုင်ငံနှင့်ဆက်ဆံရေးမှာ ရှေ့လျှောက်ဆိုးဝါးလာခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဂျုနီချီရိုခိုအိဇုမိ၏ ယာဆုကူနီဗိမာန်သို့ ထပ်ခါတလဲလဲ သွားရောက်ဂါရဝပြုမှုအား တောင်ကိုရီးယားတွင် ပြင်းပြင်းထန်ထန်ဝေဖန်ကြပြီး ခိုအိဇုမိအနေဖြင့် ဗိမာန်သို့ သွားရောက်ခြင်းမရပ်သရွေ့ ၎င်းနှင့် ရှေ့ဆက်တွေ့ဆုံမည်မဟုတ်ကြောင်း ရိုက ထုတ်ပြန်ကြေညာခဲ့သည်။  

အာဏာရ Saenuri ပါတီခေါင်းဆောင်ဟောင်း ကိုယ်စားလှယ် ချွန်မွန်ဂျွန်း၏ အဆိုအရ ၂၀၀၅ အောက်တိုဘာတွင် ဆိုးလ်၌ ပြုလုပ်သော ကိုရီးယား-အမေရိကန် လုံခြုံရေးတိုင်ပင်ဆွေးနွေးသည့်အစည်းအဝေးတွင် "ရိုမူဟျွန်းအုပ်ချုပ်ရေးအဖွဲ့က အမေရိကန်အနေဖြင့် ဂျပန်အား စိတ်ကူးမှန်းဆထားသည့်ရန်သူအဖြစ်သတ်မှတ်ရန်အဆိုပြုသည်။" "ဒေါ့ဒိုကျွန်းစုများနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် နယ်မြေအငြင်းပွားမှု နှင့် ဂျပန်နိုင်ငံအပေါ်သာမန်ပြည်သူများတွင် ခါးသီးနာကြည်းမှုများဖြစ်ပေါ်နေမှုကြောင့် သမ္မတရိုက ဤသို့ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့အနေဖြင့် လွတ်လပ်သောဒီမိုကရေစီနိုင်ငံများအဖြစ် လက်တွဲရပ်တည်ရန် မျှော်လင့်ထားခဲ့သည့်အတွက် ဝါရှင်တန်က အရှက်ရခဲ့သည်။ အင်္ဂလိပ်လို စိတ်ကူးမှန်းဆထားသည့် ရန်သူဆိုသည်မှာ အဓိကရန်သူပင်ဖြစ်သည်။"[၇၀][၇၁]

၂၀၀၈ ဧပြီ ၂၅ ရက်နေ့၌ Liancourt Rocks အငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုင်းပြည်အားမိန့်ခွန်းပြောကြားရာတွင် ဂျပန်နိုင်ငံထံမှ နောက်ထပ်တောင်းပန်မှု လက်မခံတော့ဟု ထပ်မံအတည်ပြုခဲ့သော်လည်း ရှေးဦးမဆွကတောင်းပန်မှုများနှင့် လိုက်လျောညီထွေရှိသည့် လုပ်ဆောင်မှုများပြုရန် ဂျပန်နိုင်ငံအား တောင်းဆိုလိုက်သည်။[၇၂] ထိုစဉ်ကဂျပန်ဝန်ကြီးချုပ် ဂျုနီချီရိုခိုအိဇုမိက ပြည်တွင်းပရိသတ်အတွက်ရည်ရွယ်မှုအဖြစ် မိန့်ခွန်းကို အမှတ်သညာပြုသည်။[၇၃]

အငြိမ်းစားယူခြင်း ပြင်ဆင်ရန်

သက်တမ်းကုန်ပြီးနောက် သူ၏ ဇာတိမြို့မှ ကျေးရွာငယ် Bongha Maeul သို့ သွားရောက်အငြိမ်းစားယူခဲ့သည်။ ယခင်သမ္မတများ အငြိမ်းစားယူပြီးနောက် ဆိုးလ်ရှိ လုံခြုံရေးအပြည့်ချထားသည့် အိမ်များ၌ အငြိမ်းစားယူလေ့ရှိသည့် ထုံးတမ်းအစဉ်အလာများမှ ဖောက်ထွက်လာခြင်းဖြစ်သည်။[၇၄] လူဦးရေ ၁၂၁ ဦးသာရှိသည့် ဘုန်ဟာကျေးရွာမှာ ရို၏ နေထိုင်မှုကြောင့် ခရီးသွားများအတွက် အဓိကဆွဲဆောင်မှုရှိသည့်နေရာတစ်ခု ဖြစ်လာခဲ့သည်။[၇၄]

လာဘ်စားမှုစွဲချက်များ ပြင်ဆင်ရန်

၂၀၀၈ ဒီဇင်ဘာ ၄ ရက်နေ့တွင် ရိုမူဟျွန်း၏ အစ်ကိုကြီးဖြစ်သူ ရိုဂွန်ဖြောင်းမှာ ယခင် ဒေဝူးအင်ဂျင်နီယာရင်းနှင့်ဆောက်လုပ်ရေးမှ ဝမ်ငွေ သန်း ၃၀ ကို တရားမဝင်ရယူခဲ့မှုဖြင့် ရုံးတင်စွဲဆိုခံရပြီး ထောင်သွင်းအကျဉ်းကျခံရသည်။

ရိုမူဟျွန်း၏ အတွင်းရေးမှူးဟောင်း ချွန် ဆန်းမွန်းကို ၂၀၀၉ ဧပြီတွင် စွဲချက်တင်ဖမ်းဆီးလိုက်သည်။ ၂၀၀၉ နှစ်ဦးပိုင်းတွင် သမ္မတဟောင်း မိသားစု၊ လက်ရုံးများနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ခြေရှုပ်လွှမ်းမိုးမှု သံသယဖြင့် ရို ၏ အကိုကြီး ရိုဂွန်ဖြောင်းအား တရားရုံးတင်စစ်ဆေးမှုအခြေသို့ ဆိုက်ရောက်ခဲ့သည်။[၇၅][၇၆] စုံစမ်းစစ်ဆေးမှု တဖြည်းဖြည်း ကျယ်ပြန့်လာရာ ရိုမူဟွန်း၏ လက်ရုံးများသာမက သူ့မိသားစုများပါ ပါဝင်လာခဲ့သည်။[၇၇][၇၈] စုံစမ်းစစ်ဆေးရေးက ရို၏ အတွင်းရေးမှူးဟောင်းချွန်ဆန်းမွန်းပေါ်အရိပ်မိုးလာသည်နှင့် "စွပ်စွဲပြောဆိုမှုတွေကို ချွန်းအပေါ်မဟုတ်ဘဲ ကျွန်တော်တို့ အိမ်ထောင်စုအပေါ် ဦးတည်သင့်ပါတယ်။ ကျွန်တော်တို့အိမ်ထောင်စုကသာ ငွေတောင်း၊ လက်ခံ၊ သုံးစွဲခဲ့ပါတယ်။"[၇၉] ဟု ရိုက သူ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကြေညာခဲ့သည်။[၈၀] သူအငြိမ်းစားမယူခင် ငွေလွှဲပို့မှုကို သူကိုယ်တိုင်မသိရှိခဲ့ကြောင်း ရိုက တချိန်တည်းမှာပင် အခိုင်အမာပြောကြားခဲ့သည်။ သမ္မတဟောင်းနှင့် နီးစပ်သည့် စီးပွားရေးသမား ပါ့ခ်ယွန်းချာထံမှ လာဘ်ငွေ ဒေါ်လာ ၁ သန်း လက်ခံခဲ့မှု သံသယဖြင့် ၂၀၀၉ မေလ အရောက်တွင် ရို၏ ဇနီး၊ သား နှင့် အဆုံး၌ သမ္မတဟောင်းကိုယ်တိုင်အား[၈၁] အစိုးရရှေ့နေများက ဆင့်ခေါ်ခဲ့သည်။[၈၂] son,[၈၃] "အရှက်ရမှုများဖြင့်ဖိစီးနေပါသည်"[၈၄] ဟု ဖော်ပြကာ အများပြည်သူထံ တောင်းပန်ခြင်းမပြုမီ၊[၈၅] အစိုးရရှေ့နေများက ရို့အား တိုက်ရိုက်စစ်ဆေးမေးမြန်းခြင်းမပြုခင်က စာရေးမေးမြန်းစစ်ဆေးခဲ့သည်။

ဂန်ဂွမ်ဝန်သည် ရိုအား ကာလကြာရှည် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ၎င်း၏ စီးပွားရေးလုပ်ငန်းမှာ အစိုးရရှေ့နေရုံးချုပ် (SPO) ၏ ပိုက်စိပ်တိုက် စုံစမ်းစစ်ဆေးခံရသည်။ ဂန်က ရို၏ အရင်းနှီးဆုံး ကာလကြာရှည်ထောက်ခံသူတစ်ဦးဖြစ်နေသည့်တိုင် မလိုအပ်ဘဲ အထူးအခွင့်အရေးသံသယအဖြစ်ခံရမည်ကို ရှောင်လွှဲနိုင်ရန် ရို၏ လက်ထက်တွင် ၎င်း၏လုပ်ငန်းချဲ့ထွင်မှု မပြုခဲ့ပေ။ သို့သော် စုံစမ်းစစ်ဆေးနေစဉ်အတွင်း သေလုမျောပါးဦးနှောက်ကင်ဆာရောဂါခံစားနေရသည့်တိုင် သူ၏ ခံဝန်လျောက်ထားမှု ငြင်းပယ်ခံရသည်မှာ ရိုသေဆုံးခဲ့သည်အချိန်တိုင်အောင်ပင် ဖြစ်သည်။[၈၆]

"မျှော်လင့်စရာမရှိအောင် အကျင့်ပျက်ခြစားနေသည်ဟု အတိုက်အခံများအား ရှုံ့ချကာ သမ္မတနေရာအား ရှင်းလင်းပြီး အကျင့်ပျက်ခြစားမှုကို အမြစ်ကနှုတ်ပစ်မည်"[၈၇] ဟူသော သံန္နိဋ္ဌာန်ဖြင့် ရိုက စည်းရုံးလှုံ့ဆော်ပွဲများ ပြုလုပ်ပြီးနောက်တွင် ရို့အား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။[၈၈]

ဒီမိုကရေစီအရေး "ဇွန် ဆန့်ကျင်လှုပ်ရှားမှု" နှစ် ၂၀ ပြည့် အောက်မေ့သတိရခြင်းအခမ်းအနား မိန့်ခွန်းတစ်ခုတွင် "အသုံးမကျတဲ့သူတစ်ယောက်ထက် အကျင့်ပျက်ခြစားနေတဲ့ အုပ်ချုပ်ရေးကို လိုလားတယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဖြန့်ဝေပြီးတော့ တချိန်တည်းမှာပဲ သူတို့ရဲ့ အကျင့်ပျက်ခြစားမှု နဲ့ အတိတ်က လုံခြုံရေး- အာဏာရှင်စနစ်ရဲ့ အင်အားစုဖြစ်တဲ့ နဂိုရုပ်ကို ဗြောင်ဖွင့်ချလိုက်တာပဲ။ ဒီထက်ပိုပြီးတော့ ဒီမိုကရေစီအင်အားစုတွေကို အသုံးမကျတဲ့ တံဆိပ်ကပ်ပြီး အတိတ်က ဖွံ့ဖြိုးတိုးတက်ရေးရှေးရှု အာဏာရှင်တွေကို လွမ်းဆွတ်တမ်းတပြီး အာဏာရအောင် ကြံစည်နေတာပဲ" ဟု ရို က သူ့အားအရည်အချင်းမပြည့်မီဟု ဝေဖန်သူများအား ဒေါသတကြီး တိုက်ခိုက်ခဲ့သည်။[၈၉]

ရို ၏ ထူးထူးခြားခြား ငါတကောကောလုပ်တတ်သည့် ရပ်တည်ချက်ကြောင့် အပြောနှင့်အလုပ်မညီသည့်အတွက် သမ္မတဟောင်းကို ပြင်းပြင်းထန်ထန်ရှုံ့ချကြသည်။[၉၀] ရိုအား လာဘ်စားမှုစွဲချက်များနှင့်ပတ်သက်သည့် ရှောင်မလွတ်သည့် ဝေဖန်မှုများအား တုံ့ပြန်သည့်အနေဖြင့် သူ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဤသို့ရေးသားခဲ့သည် - "ကျွန်တော်ဝန်ခံခဲ့သမျှအချက်တွေနဲ့တင် ကိုယ်ကျင့်တရားကို ဆုံးရှုံးခဲ့ရပါပြီ။ တရားရေးအရဆောင်ရွက်ဖို့သာ ကျန်ပါတော့တယ်။"[၉၁] "ခုကျွန်တော်လုပ်သင့်တာကတော့ ဦးညွှတ်ပြီး နိုင်ငံအပေါ် ဝန်ချတောင်းပန်ဖို့ပါပဲ။ ခုချိန်ကစပြီးတော့ ရို ဆိုတဲ့ နာမည်ဟာ ခင်ဗျားတို့အလိုရှိတဲ့ တန်ဖိုးတွေရဲ့ ပြယုဂ်မဟုတ်တော့ပါဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအကြောင်းပြောဖို့ အရည်အချင်းမပြည့်မီတော့ပါဘူး…ကျွန်တော့ကို စွန့်ပစ်လိုက်ကြပါတော့။"[၉၂] ဤသို့လျှောက်လဲချက်များပြုခဲ့သော်လည်း သူ၏မိသားစုက ပါ့ခ်ယွန်းချာထံမှ လာဘ်ငွေရရှိမှုကို မသိရှိဟု ငြင်းဆိုမြဲငြင်းဆိုရာ ပါ့ခ်၏ထွက်ဆိုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။[၉၃] ပါ့ခ်နှင့် ပြန်လှန်စစ်မေးမှုပြုလုပ်ရန် ရိုက ငြင်းပယ်သည်။[၉၄]

နိုင်ငံရေးကမ်ပိန်းများ နှင့် ၎င်းတို့၏မိသားစုများအား ဘဏ္ဍာငွေထောက်ပံ့ရန် တရားမဝင်ရန်ပုံငွေ ဒေါ်လာသန်း ၅၀၀ နီးပါး အသုံးပြုခဲ့သည့် ယခင်သမ္မတများပါဝင်သည့် အရှုပ်တော်ပုံများနှင့်နှိုင်းစာလျှင်[၉၅] အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားရန် နေထိုင်စရိတ်ကဲ့သို့ ပုဂ္ဂိုလ်ရေးအသုံးများအတွက် သူငယ်ချင်းတစ်ဦးထံမှ ချေးငွေ ဒေါ်လာ ၁ သန်းခွဲကို ရို၏မိသားစုက သုံးစွဲခဲ့ရသည်။[၉၆]

သေဆုံးမှု ပြင်ဆင်ရန်

၂၀၀၉ မေ ၂၃ နံနက်ခင်း၌ ရိုမူဟျွန်းအား သူ၏ဇာတိရွာ ဘုန်ဟာရှိ ကျေးလက်အိမ်အနောက်ဘက်တွင် ၄၅-မီတာ (၁၅၀-ပေ) မြင့်သော Bueong'i Bawi (lit. ဇီးကွက် ကျောက်ဆောင်) ဟု သိကြသည့် ကျောက်စွန်းမှ ခုန်ချခဲ့သည့်အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ကို တွေ့ခဲ့ရသည်။ ပြင်းထန်သော ဦးခေါင်းဒဏ်ရာများ ရရှိထားပြီး နံနက် ၇ နာရီ ၂၀ ခန့်တွင် အနီးရှိ ဆယ်ယန်းဆေးရုံသို့ ကားဖြင့်တင်ပို့ကာ ၈ နာရီ ၁၅ တွင် ဘူဆန်တက္ကသိုလ်ဆေးရုံသို့ ရွှေ့ပြောင်းခဲ့သည်။[၁၉] ခြံဝင်းအတွင်းမှ လုံခြုံရေးကင်မရာ မှတ်တမ်းတိပ်ခွေကို ထုတ်လွှင့်ခြင်းမပြုခဲ့ပေ။ ရို သေဆုံးမှုနှင့်ပတ်သက်သည့် လုပ်ကြံမှုမှန်းဆချက်များအား ရဲအမှုလိုက်များက ပယ်ချခဲ့သည်။ ရဲတပ်ဖွဲ့၏အဆိုအရ သူ၏ကွန်ပျူတာကို ဖွင့်ပြီး သေတမ်းစာကို တက်သုတ်ရိုက် စာစီ ရိုက်တင်ခဲ့သည်။

သေတမ်းစာတွင် "လူအများကြီးကို ခံစားရအောင်" ပြုခဲ့မိတဲ့အတွက် တောင်းပန်ပါကြောင်းနှင့် သူ၏ရုပ်အလောင်းအား မီးသင်္ဂြိုဟ်ပေးပါရန် တောင်းဆိုမှုပါဝင်သည်ဟု ရဲတပ်ဖွဲ့က သတင်းပို့သည်။[၁၉]

လူအများကြီးအပေါ်မှာ ကျွန်တော်အကြွေးတင်နေပါတယ်။ သူတို့အပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါတယ်။ နာကျင်မှုများစွာကို ကျတော်ဝင်ခံစားကြည့်လို့ မရလောက်အောင်ပါပဲ။ ကျွန်တော်ရဲ့ ကျန်ရှိနေတဲ့ ဘဝက ကျန်သူများအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပါတယ်။ ကျန်းမာရေးညံ့ဖျင်းလာတာကြောင့် ဘာမှမစွမ်းနိုင်တော့ပါဘူး။ စာလည်း မရေးနိုင် မဖတ်နိုင်တော့ပါဘူး။ သိပ်လည်း ဝမ်းမနည်းကြပါနဲ့။ တစ်ယောက်ယောက်ကို မကျေမချမ်းလည်း မဖြစ်ပါနဲ့။ ကံတရားပါပဲ။ ကျွန်တော့ကို သင်္ဂြိုဟ်ပေးပါ။ အိမ်အနားမှာ အုတ်ဂူသေးသေးလေး တစ်ခုသာ ချန်ထားရစ်ပေးပါ။ ကျွန်တော်အချိန်အကြာကြီး စဉ်းစားခဲ့ပြီးသားပါ။[၉၇]

၈ ဦးမြောက် သမ္မတဂင်မ်ဒေးဂျုံက "တခြားသမ္မတတွေထက် သမ္မတရိုမူဟျွန်းက ကိုရီးယန်းတွေကို ချစ်မြတ်နိုးတယ်။ [...] မတရားတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း အရှက်ခွဲခြင်း၊ သိမ်ငယ်စေခြင်း၊ လှည့်ဖျားခြင်း၊ နာမည်ဖျက်ခြင်းခံရတဲ့အတွက် သူ့ရဲ့ ရိုးသားမှုကို တိုင်းသူပြည်သားများအရှေ့မှာပြသဖို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပါဘူး။"[၉၈] ၁၀ ဦးမြောက် သမ္မတ လီမြောင်ဘတ်က "သတင်းဟာ ယုံကြည်နိုင်စရာမကောင်းလောက်အောင်ဖြစ်ပြီး အထူးဝမ်းနည်းမိပါတယ်" ဟု ပြောခဲ့သည်။ တရားရေးဝန်ကြီး ဂင်မ်ကျွန်းဟန်က ရို့အားစွဲဆိုထားသော အကျင့်ပျက်ခြစားမှုကို တရားဝင်ရုပ်သိမ်းမည်ဟု ပြောခဲ့သော်လည်း သမ္မတဟောင်း၏မိသားစုအား ဆက်လက်စစ်ဆေးနေခြင်းရှိမရှိ မပြောခဲ့ပေ။[၉၇]

ရို၏ မိမိကိုယ်ကိုသတ်သေမှုက လတ်တလောနှစ်များအတွင်း ကိုရီးယား၌ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးခံနေရစဉ် အဆုံးစီရင်သွားကြသော ဝန်ကြီးချုပ်၏အတွင်းရေးမှူးဟောင်း ဂင်မ်ယောင်ချူးလ်၊[၉၉] (အကျဉ်းထောင်တွင်းသတ်သေခဲ့သူ) ဘူဆန်မြို့တော်ဝန်ဟောင်း အန်ဆန်းယောင်း၊[၁၀၀] Jeolla ပြည်နယ် မြို့တော်ဝန်ဟောင်း ပါ့ခ်ထေယောင်း၊[၁၀၁] ဟျွန်ဒိုင်းညွှန်ကြားရေးမှူးဟောင်း ချွန်မန်ဟွန်းတို့ကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်များ၏ လမ်းစဉ်ကိုလိုက်ခဲ့သည်။ သူမ၏ ခင်ပွန်း အား တံတားပေါ်မှ ခုန်ချသတ်သေသည်အထိ အသရေညှိုးနွမ်းအောင် မှတ်ချက်ပြုပြောဆိုမှုများအတွက် ရိုကိုယ်တိုင်ပင်လျှင် ဒေဝူး  E&C အကြီးအကဲဟောင်း နမ်ဆန်းဂွတ် ဇနီးသည်မုဆိုးမ၏ တရားစွဲဆိုခြင်းခံရသည်။[၁၀၂][၁၀၃][၁၀၄] ရို၏ သတ်သေမှုနောက်တွင် အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးခံရသော ယန်ဆန်းမြို့တော်ဝန် နိုင်ငံရေးသမားတစ်ဦးက ထပ်မံသတ်သေခဲ့သည်။[၁၀၅][၁၀၆]

 
Sidewalk memorial for Roh set up across the street from Seoul City Hall on 10 July 2009.

သမ္မတဟောင်း မိမိကိုယ်ကိုအဆုံးစီရင်ချိန်၌ အတူရှိမနေခဲ့ဟု ရို၏ ကိုယ်ရံတော်က မေ ၂၇ တွင် ထုတ်ဖော်ပြောခဲ့သည်။[၁၀၇] ရို၏ အများပြည်သူဈာပနအခမ်းအနားတွင် ဗုဒ္ဓဘာသာနှင့် ကက်သလစ်ဘာသာ ထုံးတမ်းအစဉ်အလာများ ပါဝင်ခဲ့သည်။[၁၀၈] သမ္မတလီမြောင်ဘတ်နှင့် အခြားသော ထင်ရှားသည့်နိုင်ငံရေးသမားများနည်းတူ၊ နိုင်ငံအနှံ့စိုက်ထူခဲ့သော အမှတ်ရဂူများတွင် လူထောင်သောင်းချီ၍ ဂါရဝလာရောက်ပြုခဲ့ကြသည်။[၁၀၉][၁၁၀] ဈာပနပြီးသည်နှင့်ချက်ချင်း ဆိုးလ်မြို့၌ ကွက်ကျား အကြမ်းဖက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ လူပေါင်း ၂၇ ဦး အထိန်းသိမ်းခံခဲ့ရသည်။[၁၁၁]

ရို၏ မိမိကိုယ်ကိုအဆုံးစီရင်မှု၏ ရလဒ်အဖြစ် ကွယ်လွန်သွားသောသမ္မတအပေါ် ပြည်တွင်းသဘောထားအမြင်များ ရုတ်တရက် အကောင်းဘက် ယိမ်းသွားခဲ့ရာ ထင်ရှားသူ ကွန်ဆာဗေးတစ်များအနက်မှ တစ်ဦးဖြစ်သည့် ဂင်မ်ဒုန်ဂီလ်ကပင် "သူ ကိုယ့်ကိုကိုယ်သတ်သေလိုက်တာနဲ့တပြိုင်နက် သူတော်စင် ဘယ်လိုဖြစ်သွားခဲ့ရတာလဲ?" ဟု မေးခွန်းထုတ်ခဲ့ရသည်။[၁၁၂] ရို၏ မလျော်မကန်ပြုမှုများဟု အဆိုရှိသည်များအပေါ် အလွန်အကျွံစုံစမ်းစစ်ဆေးမှုပြုခဲ့သည်ဆိုသော အမြင်များကြောင့် အတိုက်အခံပါတီ (ယင်းပါတီကိုယ်နှိုက်ပင်လျှင် ရို့အားလူကြိုက်များမှုကျဆင်းလာပြီး ရိုနှင့်ပတ်သက်နေပါက အန္တရာယ်ရှိသည့်အတွက်ကြောင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်) အပေါ် အားပေးထောက်ခံမှု မြင့်တက်လာသည့်အပြင် "နိုင်ငံရေးအရစေ့ဆော်အားပေးသည်ဟု" ၎င်းတို့က စွပ်စွဲပြောဆိုသည့် စုံစမ်းစစ်ဆေးမှုအတွက် တောင်းပန်ရန် နှင့် တာဝန်ရှိသူများအား စည်းကမ်းကြပ်မတ်ရန် သမ္မတလီမြောင်ဘတ်အား တောင်းဆိုမှုပြုရာတွင် ချက်ကောင်းမိစေခဲ့သည်။[၁၁၃] အတိုက်အခံပါတီအား ထောက်ခံမှုသည် ၂၈.၃ ရာခိုင်နှုန်းအထိ တိုးမြင့်သွားရာ ၂၃.၅ ရာခိုင်နှုန်းရရှိသော အာဏာရ ဂျီအဲန်ပီအား မဲအသာစီးရသွားသည်။[၁၁၄] ရို၏ မိမိကိုယ်ကိုအဆုံးစီရင်မှုအတွက် လီမြောင်ဘတ်အစိုးရက တာဝန်ယူသည်အထိ အစီအစဉ်ချထားသည့် အမျိုးသားလွှတ်တော်ဖွင့်ပွဲကို ပိတ်ဆို့တားဆီးရန် ဒီမိုကရက်တစ်ပါတီကလည်း ဆုံးဖြတ်လိုက်သည်။[၁၁၅] ရို၏ လာဘ်စားမှု ဆိုင်ရာ အစိုးရရှေ့နေချုပ်လည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။[၁၁၆] ရိုသေပြီး ၁ နှစ်အကြာတွင် သူ၏အတ္ထုပတ္တိကို ပုဂ္ဂိုလ်ရေးနှင့်နိုင်ငံရေး ရဲဘော်ရဲဘက်များက ထုတ်ဝေခဲ့သည်။ ရို ၏ စာအုပ်ဟောင်းများ၊ စာမူကြမ်းများ၊ မှတ်စုများ၊ ပေးစာများနှင့် အင်တာဗျူးမှာပေါ် အခြေပြု၍ မွေးဖွားသည်မှ သေဆုံးချိန်တိုင်အောင် ရို၏ ဘဝဇတ်ကြောင်းကို ဖော်ပြခဲ့သည်။[၁၁၇]

ကိုယ်တွင်းအင်္ဂါအမျိုးမျိုး အလုပ်မလုပ်တော့သည့်ရောဂါအခြေအနေဖြင့် သမ္မတဟောင်း ဂင်မ်ဒေးဂျုံ ၂၀၀၉ ဩဂုတ်လတွင် မသေဆုံးမီ ၃ လခန့်တွင် ရို အရင်သေဆုံးခဲ့သည်။ ရို သေဆုံးခဲ့ရသော အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးသည် သမ္မတလီ၏ နိုင်ငံရေးလက်တုံ့ပြန်မှုနှင့် လူသတ်မှုဖြစ်ကြောင်း  သမ္မတဟောင်း ဟန်မြောင်ဆွန် နှင့် အခြားသူများက စွပ်စွဲပြောဆိုခဲ့သည်။[၁၁၈][၁၁၉][၁၂၀][၁၂၁][၁၂၂][၁၂၃]

လက်ဆင့်ကမ်းအမွေ ပြင်ဆင်ရန်

လူနည်းစု ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲရလဒ် နှင့် ရိုမူဟျွန်း သမ္မတသက်တမ်းကို ကွယ်လွန်ပြီးနောက်မှ ပြန်လည်အရည်အချင်းစစ်မှုကြောင့် ပါတီအသစ် "ပေါင်းစပ်ပါဝင်ရေးပါတီ (တောင်ကိုရီးယား)" ကို ၂၀၁၀ ဇန်နဝါရီတွင် ထူထောင်ခဲ့သည်။ "သမ္မတဟောင်း ရိုမူဟျွန်း၏ စိတ်ဝိညာဉ် ပြန်လည်ရှင်သန်ရေး" အတွက် ဤပါတီကို တည်ထောင်ခြင်း ဖြစ်သည်။[၁၂၄][၁၂၅][၁၂၆][၁၂၇]

ရို ၏ အကြီးဆုံးအောင်မြင်မှုများအနက်မှ တစ်ခုမှာ အပြင်းထန်ဆုံးဝေဖန်သူများအနက်မှ တစ်ဦးကပင် ချီးကျူးခဲ့ရသော နိုင်ငံရေးရန်ပုံငွေကောက်ခံမှု စည်းမျဉ်းစည်းကမ်းများအား မွမ်းမံပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။[၁၂၈] မွမ်းမံပြင်ဆင်မှုမတိုင်ခင်တွင် ယခင်သမ္မတလောင်းများက သမ္မတမဲဆွယ်ပွဲပြုလုပ်ရန်အတွက် တိုးတိုးတိတ်တိတ်ငွေ ဒေါ်လာ သန်း ၃၀၀ ကို သက်တမ်းကုန်ဆုံးသွားသော သမ္မတဟောင်းထံမှ ရရှိသည်။ ရို၏ ကနဦး သမ္မတရွေးကောက်ပွဲဝင်ကမ်ပိန်းတွင် အရပ်သားများက ၎င်းတို့၏ စုဗူးများမှ ထုတ်ယူလှူဒါန်းငွေ ဒေါ်လာ ၁.၂ သန်း နီးပါး စုစည်းပေးနိုင်ခဲ့သော်လည်း သူ၏ ပြိုင်ဘက်များ ရရှိသော ဒေါ်လာ ၁၂ သန်းနှင့် မယှဉ်သာခဲ့ပေ။[၁၂၉]

ရိုမူဟျွန်း၏ လူမှုအတွေးအခေါ်များအား သုတေသနပြု တိုက်တွန်းမှုများပြုရန်အတွက် အနာဂတ်ကိုရီးယားအင်စတီကျု (한국미래발전연구원) ကို တည်ထောင်ထားသည်။[၁၃၀]

မြောက်ကိုရီးယားအား အမေရိကန်အစိုးရက နိုင်စားမှုအပေါ် စိုးရိမ်မှုများ ရိုမူဟျွန်းက ပြသခဲ့ကြောင်း တောင်ကိုရီးယားထံ အမေရိကန်သံတမန်သတင်းဆက်သွယ်ရေး ဝီကီလိခ်က ဖော်ထုတ်ခဲ့သည်။[၁၃၁]

ရို၏ မိမိကိုယ်ကိုအဆုံးစီရင်မှုအထိ ဖြစ်စေခဲ့သော စုံစမ်းစစ်ဆေးရေးအား အခြေတည်ရေးသားထားသည့် နိုင်ငံရေးအကျင့်ပျက်ခြစားမှုများတွင် ပါဝင်ခဲ့မှုများအကြောင်း စာအုပ်ကို ယခင် SPO အကြီးအကဲဟောင်း လီအင်းဂယူ (이인규) က ဖြန့်ချိခဲ့သည်။[၁၃၂] သမ္မတ ရို၏ လာဘ်စားမှုစွဲချက်များနှင့် စပ်လျဉ်းပြီး လွန်လွန်ကဲကဲ ပိုပိုသာသာဇတ်လမ်းများအား တောင်ကိုရီးယား နိုင်ငံတော်ထောက်လှမ်းရေးဌာနက ထုတ်ပြန်ခဲ့သည်ဟု လီက သူ၏ စာအုပ်တွင် အသိအမှတ်ပြုထားသည်။

သူ‌ သေဆုံးပြီး ၁ နှစ်အကြာ ၂၀၁၀ ၌ ရို၏လက်ရုံးများဖြစ်ခဲ့ကြသော နိုင်ငံရေးသမားများ ဒေသရွေးကောက်ပွဲများတွင် အနိုင်ရရှိပြီး ပြည်နယ်အစိုးအရအကြီးအကဲများဖြစ်လာကြသည်။ ရို လက်ထက်က ဝန်ကြီးချုပ်များအနက်မှ တစ်ဦးဖြစ်သော ဟန်မြောင်ဆွတ်သည် ၂၀၁၂ ဇန်နဝါရီတွင် အကြီးဆုံးအတိုက်အခံပါတီ ဒီမိုကရက်တစ်ယူနိုက်တစ်ပါတီ၏ ပါတီခေါင်းဆောင်ဆောင်အဖြစ် ရွေးချယ်ခံရသည်။ "ရို၏မူဝါဒများအားဆက်ခံမည်" ဟု သူမက တရားဝင် ရှင်းလင်းပြောကြားခဲ့သည်။[၁၃၃] ရို ရာထူးရှိစဉ်က သူ၏မူဝါဒကို ကျရှုံးမှုအဖြစ်မြင်ခဲ့ကြသော်လည်း လီမြောင်ဘတ်၏ အာဏာရှင်ဆန်ပြီး အမေရိကန်လိုလားသောမူဝါဒနှင့် နှိုင်းယှဉ်၍ လစ်ဘရယ်ကျပြီး အမျိုးသားရေးဆန်သောဝါဒအဖြစ် ရို၏မူဝါဒကို ပြန်လည်အကဲဖြတ်သုံးသပ်ခဲ့ကြသည်။[၁၃၄] ရို၏ မူဝါဒများအား ယခင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသော ရှေးရိုးစွဲပါမောက္ခ လီဆန်းဒုန်ကပင်လျှင် "ရိုက (ကျွန်ုပ်တို့ခေတ်၏) ဒဏ္ဍာရီဖြစ်လာခဲ့တယ်" ဟု ပြောခဲ့ရသည်။[၁၃၅]

ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်တွင် ရိုမူဟျွန်းအား အမှတ်ရအောက်မေ့ခြင်း နှစ်စဉ်အခမ်းအနားသို့ အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဘယ်လ်ယူဘုရှ် တက်ရောက်ဂါရဝပြုခဲ့သည်။[၁၃၆]

ကိုးကား ပြင်ဆင်ရန်

  1. Suspended March 12, 2004 – May 14, 2004, Acting President: Goh Kun
  2. Watts၊ Jonathan။ "World's first internet President logs on"၊ The Guardian၊ 24 February 2003။ 26 January 2008 တွင် ပြန်စစ်ပြီး 
  3. The Web Site That Elected a PresidentBloomberg BusinessWeek (24 February 2003)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  4. Out with the oldNewsweek (4 August 2003)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  5. Korea's Young LionsBloomberg BusinessWeek (24 February 2003)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  6. South Korea: Too Much Activism?Newsweek (27 November 2006)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  7. The Fed - Foreign Exchange Rates - Country Data - H.10
  8. Mizuno၊ Kosuke (2009)။ Populism in Asia။ Singapore: Nus Press။ p. 167။ ISBN 9789971694838
  9. ၉.၀ ၉.၁ "South Korea's President Sags in Opinion Polls"၊ The New York Times၊ 27 November 2006။ 
  10. Daily Opinion No. 237 (November 2016)Gallup Korea (24 November 2016)။ 26 November 2016 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ Mizuno၊ Kosuke (2009)။ Populism in Asia။ Singapore: Nus Press။ pp. 177–179။ ISBN 9789971694838
  12. Rice၊ Condoleezza (2011)။ No Higher Honor။ New York: Crown Publishers။ pp. 528–529။ ISBN 9780307587862
  13. Gates၊ Robert (2014)။ Duty: Memoirs of a Secretary at War။ New York: Alfred A. Knopf။ p. 416ISBN 9780307959478
  14. Woo၊ Jongseok (2011-02-24)။ Security Challenges and Military Politics in East Asia: From State Building to Post-Democratization (အင်္ဂလိပ်ဘာသာစကားဖြင့်)။ A&C Black။ p. 158။ ISBN 9781441184337
  15. Jung၊ Ha-yun။ "Democracy takes office in South Korea"၊ The New York Times၊ 25 February 2003။ 23 May 2009 တွင် ပြန်စစ်ပြီး 
  16. 디지털뉴스팀။ 김동길 "노무현이 잘한 일이 뭔가"...독설 쏟아내 – 경향신문။ News.khan.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  17. 노무현
  18. You must specify title = and url = when using {{cite web}}. (in ko) (2009-04-07)။ 2019-05-18 တွင် ပြန်စစ်ပြီး။
  19. ၁၉.၀ ၁၉.၁ ၁၉.၂ Kim၊ Kwang-Tae။ "SKorean ex-president Roh dies in apparent suicide"၊ 23 May 2009။ 23 May 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2009။ 
  20. "Ex-President Roh Jumps to His Death"၊ The Korea Times၊ 23 May 2009။ 23 May 2009 တွင် ပြန်စစ်ပြီး 
  21. [민주당 대선후보] 노무현 누구인가 – 1등 인터넷뉴스 조선닷컴။ Chosun.com (28 April 2002)။ 2 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  22. ၂၂.၀ ၂၂.၁ 노무현 – Daum 백과사전 (in ko)။ Enc.daum.net။ 12 January 2012 တွင် ပြန်စစ်ပြီး။
  23. "Politics obituaries: Roh Moo-Hyun"၊ 25 May 2009။ 2 September 2011 တွင် ပြန်စစ်ပြီး 
  24. 해마루 법무법인
  25. You must specify title = and url = when using {{cite web}}. (in ko)။ Naver News Dong-a Ilbo (20 June 2002)။ 13 September 2008 တွင် ပြန်စစ်ပြီး။
  26. (ကိုရီးယား)Hani News The Hankyoreh(3 September 2008). Retrieved 13 September 2008
  27. "Obituary: Roh Moo-hyun"၊ 23 May 2009။ 2 September 2011 တွင် ပြန်စစ်ပြီး 
  28. You must specify title = and url = when using {{cite web}}. (in ko)။ News.naver.com (29 July 2005)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  29. You must specify title = and url = when using {{cite web}}. (in ko)။ News.naver.com (31 March 2003)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  30. Christian Caryl (13 May 2007)။ The Road of No ReturnNewsweek။ 12 January 2012 တွင် ပြန်စစ်ပြီး။
    1. {artist} (19 December 2002)။ <盧당선자 대선장정 1년7개월> | Daum 미디어다음 (in ko)။ Media.daum.net။ 12 January 2012 တွင် ပြန်စစ်ပြီး။
    1. {artist} (13 March 2002)။ 선호도 노무현 41.7 이회창 40.6% | Daum 미디어다음 (in ko)။ Media.daum.net။ 12 January 2012 တွင် ပြန်စစ်ပြီး။
  31. You must specify title = and url = when using {{cite web}}. (in ko)။ News.naver.com (14 January 2003)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  32. Address by President Roh Moo-hyun at the International Conference on Growth Engines of Korea။ 16cwd.pa.go.kr (24 July 2003)။ 29 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  33. ASIA-PACIFIC: Clouds over Seoul's 'sunshine policy'Financial Times (17 October 2006)။ 23 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 January 2008 တွင် ပြန်စစ်ပြီး။
  34. Top 12 Policy Goals။ 16cwd.pa.go.kr။ 14 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  35. MBC뉴스 – news.mbc.co.kr။ Imnews.imbc.com (29 May 2009)။ 18 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  36. South Korea's Roh rejects cabinet resignationChina Daily (11 October 2003)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  37. Brooke၊ James။ "Trying to Stone Collaborators, Seoul Party Hits Glass House"၊ The New York Times၊ 8 September 2004။ 23 May 2009 တွင် ပြန်စစ်ပြီး 
  38. "Disgraced Seoul party boss quits"၊ BBC News၊ 19 August 2004။ 23 May 2009 တွင် ပြန်စစ်ပြီး 
  39. McGeown၊ Kate။ "Raking over S Korea's colonial past"၊ BBC News၊ 19 August 2004။ 23 May 2009 တွင် ပြန်စစ်ပြီး 
  40. The Impeachment Motion Has Passed Archived 9 January 2009 at the Wayback Machine.
  41. You must specify title = and url = when using {{cite web}}. (in ko)။ News.naver.com (13 March 2004)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  42. 한국일보 : 봉하마을 "노무현 만세" 잔칫집။ News.hankooki.com (14 May 2004)။ 4 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  43. "The pros and cons of capital flight"၊ The Economist၊ 13 August 2004။ 27 April 2018 တွင် ပြန်စစ်ပြီး 
  44. Onishi၊ Norimitsu။ "South Korea's President Sags in Opinion Polls"၊ The New York Times၊ 27 November 2006။ 23 May 2009 တွင် ပြန်စစ်ပြီး 
  45. Koreans' Wallets Are Slamming ShutBloomberg BusinessWeek (12 July 2004)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  46. The rich hit the roadNewsweek (19 September 2004)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  47. Roh condemns opposition presidential hopefuls, says economy in stable condition (in ko)။ English.hani.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  48. President Appreciates Nosamo for its Strong Support။ 16cwd.pa.go.kr (16 June 2007)။ 29 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  49. Onishi၊ Norimitsu။ "Election in South Korea Is Missing Its Suspense"၊ The New York Times၊ 17 December 2007။ 23 May 2009 တွင် ပြန်စစ်ပြီး 
  50. Kirk၊ Don။ "South Korea Has Big Plans For the Area Around Seoul"၊ The New York Times၊ 14 February 2003။ 23 May 2009 တွင် ပြန်စစ်ပြီး 
  51. Hub Plan Becomes Hollow Slogan။ The Korea Times (18 July 2007)။ 19 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2009 တွင် ပြန်စစ်ပြီး။
  52. Seoul Ranked Outside Top 50 Financial Hubs။ The Korea Times (29 February 2008)။ 15 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2009 တွင် ပြန်စစ်ပြီး။
  53. Korea Faces Uphill Battle to Become Financial Hub။ The Korea Times (13 June 2007)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  54. Business Pros Rip Seoul's 'Asian Hub' Plan။ The Chosun Ilbo (12 June 2003)။ 24 September 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2009 တွင် ပြန်စစ်ပြီး။
  55. Just What are the Incentives to Investing in Korea?။ The Chosun Ilbo (30 October 2007)။ 6 April 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2009 တွင် ပြန်စစ်ပြီး။
  56. Fackler၊ Martin။ "Home Prices in South Korea Stalling at a High Point"၊ The New York Times၊ 18 December 2007။ 23 May 2009 တွင် ပြန်စစ်ပြီး 
  57. 320,000 Apartments Planned for Initial Sales Next Year။ News.mk.co.kr။ 24 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  58. Voters will evaluate Roh's performance။ Koreatimes.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  59. Korean labor group to hold anti-FTA rallies in U.S. in early June။ The Hankyoreh (22 May 2006)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  60. Farmer kills one, injures two over FTA။ The Hankyoreh (5 April 2007)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  61. 평택미군기지이전
  62. 한미 FTA 협상 공식 선언 Naver.com, YTN 3 February 2006
  63. Roh reacts with shock, concern for Koreans in US after massacre။ MonstersAndCritics.Com (via Archive.Org) (18 April 2007)။ 10 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  64. South Korea Concerned Over U.S. Killings။ The 'Peace & Freedom' Web Site (18 April 2007)။ 5 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2019 တွင် ပြန်စစ်ပြီး။
  65. Statements of Condolences by President Roh Moo-hyun of Korea (Virginia Tech Massacre)။ US Asian Wire, Incorporated (17 April 2007)။
  66. Ex-U.S. defense chief calls Roh 'crazy'။ Korea Herald (15 January 2014)။
  67. GATES: America Prevented A 'Very Dangerous Crisis' In Korea In 2010။ Business Insider (14 January 2014)။
  68. Roh gov't proposed defining Japan as 'hypothetical enemy။ The Dong-a Ilbo (July 3, 2012)။
  69. 정부, SCM에서 '일본 가상적국' 표기 요구 논란 확산 (in Korean)။ heraldbiz.com (2006-10-18)။
  70. 한일 관계에 대한 특별담화문President of South Korea press (25 April 2006)။ 26 May 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  71. 権၊ 景福။ "韓日首脳の衝突 発端は小泉首相の「国内向け」発言"၊ Chosun Ilbo၊ 18 March 2005။ Archived from the original on 24 December 2007။ 
  72. ၇၄.၀ ၇၄.၁ Choe Sang-hun။ "Out of Office and into a Fishbowl in South Korea"၊ The New York Times၊ 10 April 2008။ 23 May 2009 တွင် ပြန်စစ်ပြီး 
  73. Roh's Brother to Be Questioned Over Bribery။ The Chosun Ilbo (1 December 2008)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  74. Prosecutors Seek 5-Year Sentence for Roh's Brother။ The Chosun Ilbo (28 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  75. Roh's Former Aide Detained Over Corruption Probe။ The Korea Times (7 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  76. Prosecution widens corruption probe involving Roh's family။ 23 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2019 တွင် ပြန်စစ်ပြီး။
  77. Roh Admits Wife Took Money from Wealthy Supporter။ The Chosun Ilbo (8 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  78. "Roh Moo-Hyun"၊ The Economist၊ 28 May 2009။ 12 January 2012 တွင် ပြန်စစ်ပြီး 
  79. Former President Roh investigated of bribery only 14 months after his term's conclusion (in ko)။ English.hani.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  80. Roh Moo-hyun apologizes for his wife's implication in the Park Yeon-cha bribery scandal (in ko)။ English.hani.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  81. Roh's son faces questions in bribery probe။ United Press International (11 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  82. Park၊ Sungha (8 April 2009)။ South Korean Scandal Takes New TwistThe Wall Street Journal။ 12 January 2012 တွင် ပြန်စစ်ပြီး။
  83. Roh remains silent on bribe question။ United Press International (27 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  84. 고 강금원 창신섬유 회장의 '마지막 인터뷰'
  85. Herskovitz၊ Jon (30 April 2009)။ The Bitter End for South Korea's Leaders။ Blogs.reuters.com။ 6 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2012 တွင် ပြန်စစ်ပြီး။
  86. South Korea's "Mr. Clean" accused of graft Archived 28 July 2011 at the Wayback Machine.
  87. President calls for higher quality of press and politics။ Newswire.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  88. Summons of Ex-President။ The Korea Times (29 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  89. Prosecutors send Roh questionnaire။ The Korea Herald (23 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  90. Glionna၊ John M.။ "South Korea ex-leader to face prosecutors"၊ Los Angeles Times၊ 28 April 2009။ 23 May 2009 တွင် ပြန်စစ်ပြီး 
  91. Ex-Pres. Roh MH Denies Bribery Charges။ English.donga.com (1 May 2009)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  92. Roh chides prosecutors for lack of courtesy, refutes bribe charges-IN… (9 July 2012)။ 9 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  93. Is Korea Land of Missing Leaders?။ The Korea Times (29 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  94. Ex-President's Wife, Son Questioned။ The Korea Times (12 April 2009)။ 23 May 2009 တွင် ပြန်စစ်ပြီး။
  95. ၉၇.၀ ၉၇.၁ "S Korea stunned by Roh's suicide"၊ BBC News၊ 23 May 2009။ 23 May 2009 တွင် ပြန်စစ်ပြီး 
  96. SUN RED (18 December 2015)။ 김대중 그리고 노무현
  97. Former PM Secretary Kim Dead in Apparent suicide။ Koreatimes.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  98. Busan Mayor's suicide Called 'Political Terror' Archived 10 July 2009 at the Wayback Machine.
  99. South Jeolla Province Governor Commits suicide Archived 9 January 2009 at the Wayback Machine.
  100. Roh Sued for Defaming Late Daewoo E&C CEO။ Koreatimes.co.kr (19 December 2008)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  101. Executive's Body Found 11 Days After Han River suicide Archived 12 November 2004 at the Wayback Machine.
  102. Widow Calls for Roh's Apology Over Death။ Koreatimes.co.kr (16 December 2008)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  103. Mayor Commits suicide Ahead of Investigation။ Koreatimes.co.kr (27 November 2009)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  104. suicide rings a warning of election debts’ high costs Archived 21 October 2010 at the Wayback Machine.
  105. Roh died in guard's absence: police (in ko)။ Koreaherald.co.kr (30 March 2010)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  106. Mee-yoo၊ Kwon။ "Roh's Funeral to Be Imbued With Buddhism"၊ Korea Times၊ 27 May 2009။ 26 May 2009 တွင် ပြန်စစ်ပြီး 
  107. "Sorrow, anger as SKoreans mourn ex-president Roh"၊ 29 May 2009။ 29 May 2009 တွင် ပြန်စစ်ပြီး 
  108. "Koreans turn out in force for Roh"၊ BBC News၊ 29 May 2009။ 29 May 2009 တွင် ပြန်စစ်ပြီး 
  109. Police nab 72 after protests erupt following Roh rites-INSIDE Korea J… (9 July 2012)။ 9 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  110. Conservative Professor Slams Lee Gov't။ Koreatimes.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  111. english@peopledaily.com.cn (1 June 2009)။ S Korea's opposition party demands president's apology for ex-president's deathPeople's Daily။ 12 January 2012 တွင် ပြန်စစ်ပြီး။
  112. Session overdue (in ko)။ Koreaherald.co.kr (30 March 2010)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  113. Prospects of Assembly Session Remain Cloudy။ Koreatimes.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  114. President Accepts Top Prosecutor's Resignation။ Koreatimes.co.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  115. 네이버 책 :: 네이버는 책을 사랑합니다။ Book.naver.com။ 12 January 2012 တွင် ပြန်စစ်ပြီး။
  116. kj070809 (29 April 2010)။ 노무현......죽음으로 몰고간 정치보복 표적수사
  117. 이명박의 정치보복이 노무현을 죽였다그의 자살은 '나로 끝내라'는 마지막 항거 (25 May 2009)။ 1 March 2018 တွင် ပြန်စစ်ပြီး။
  118. OhmynewsTV (20 August 2015)။ 한명숙 "노무현으로 시작된 정치보복, 한명숙에서 끝나길"
  119. 실형 확정 한명숙, "노무현으로 시작된 정치보복 한명숙에서 끝나길 빈다"
  120. [사설 처음부터 정치보복 냄새 진동했던 노무현 사건] (24 May 2009)။
  121. 미디어오늘 (28 April 2009)။ 김근태 "노무현 수사 본질은 정치보복"
  122. Roh Followers Create New Party။ Koreatimes.co.kr (17 January 2010)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  123. Creating New Party။ Koreatimes.co.kr (19 January 2010)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  124. New liberal party takes steps for political debut (in ko)။ Koreaherald.co.kr (29 March 2010)။ 12 January 2012 တွင် ပြန်စစ်ပြီး။
  125. 페이지를 찾을 수 없습니다.kbs.co.kr။ 7 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2019 တွင် ပြန်စစ်ပြီး။
  126. 홍준표 "노무현 전 대통령 업적은 정치자금법 개정"
  127. 아이엠피터။ 시민들이 모아준 12억,노무현은 눈물을 흘렸다아이엠피터 - 아이엠피터။ 1 March 2018 တွင် ပြန်စစ်ပြီး။
  128. 노무현의 가치, 진보의 미래「한국미래발전연구원」이 열어갑니다။ Democracy2.kr။ 12 January 2012 တွင် ပြန်စစ်ပြီး။
  129. Hong (홍)၊ Je-seong (제성)။ "노무현 "美, 북한 공정하게 안 대해" <위키>" (in Korean)၊ Yonhap News၊ 17 September 2011။ 5 October 2011 တွင် ပြန်စစ်ပြီး 
  130. Template error: argument title is required. 
  131. 울어버린 한명숙 "노무현은 죽음으로, 난…"khan.co.kr
  132. [၁]
  133. '보수논객' 이상돈 "노무현, 한 시대의 상징, 신화 됐다" - 오마이뉴스။ Ohmynews.com (2013-01-18)။ 2015-09-27 တွင် ပြန်စစ်ပြီး။
  134. https://www.upi.com/Top_News/World-News/2019/05/23/George-W-Bush-honors-former-President-Roh-Moo-hyun-in-South-Korea/7161558598332/