ရော်ဂျာ ဘေကန် (အင်္ဂလိပ်: Roger Bacon, /ˈbkən/;[၆] လက်တင်: Rogerus (သို့) Rogerius Baconus, Baconis, Frater Rogerus ဟုလည်းသိရှိ; c. 1219/20 – c. 1292) သည် အလယ်ခေတ် အင်္ဂလိပ် ဒဿနပညာရှင်၊ စိန့်ဖရန်စစ်ဂိုဏ်းဝင် ရဟန်းတစ်ပါးဖြစ်၍ အခြေစိုက်ဒဿန (ကိုယ်တွေ့မျက်မြင်)မှတစ်ဆင့် သဘာဝတရားကို လေးနက်စွာလေ့လာခဲ့သူ ဖြစ်သည်။ ၎င်းကို ခရစ်ယာန်ဝါဒကို အကျိုးပြုသဖြင့် ဂုဏ်ပြုချီးမြှောက်ခံရသော ဒေါက်တာ မစ်ရာဘစ်လစ် (Doctor Mirabilis) အဖြစ်လည်း သိရှိကြသည်။ ခေတ်သစ်အစပိုင်းတွင် ၎င်းကို စုန်း (မှော်/စုန်းပညာတတ်သူ) ဟု ယူဆခဲ့ကြပြီး စက်ယန္တရား (သို့) အောက်လမ်းပညာဖြင့် လုပ်ဆောင်ထားသည့် ကြေးစက်ရုပ် (brazen head) ဇာတ်လမ်းဖြင့် အဓိက ထင်ပေါ်ခဲ့သူဖြစ်လေသည်။ ရံခါတွင် ဘေကန်ကို (အဓိကအားဖြင့် ၁၉ ရာစုမှစတင်ကာ) ခေတ်သစ် သိပ္ပံနည်းကျ နည်းလမ်းကို ဥရောပသားများ၌ အစောဆုံးထောက်ခံအားပေးသူများထဲကတစ်ဦးဟူ၍ ဂုဏ်ပြုကြသည်။ ဘေကန်သည် အီဘင်း အယ်လ်ဟေးသမ် (Ibn al-Haytham) ၏ အခြေစိုက်ဒဿနအား အရစ္စတိုတယ်ရေးသည်ဟုဆိုနိုင်သော စာပေများကို စူးစမ်းရာ၌ အသုံးချခဲ့ပြီး အရစ္စတိုတယ် ခန့်မှန်းခဲ့မည့် ရလဒ်များနှင့် ၎င်းတွေ့ရှိရသော ရလဒ်များသည် မတူညီသောအခါ ထိုသို့ ကိုယ်တွေ့မျက်မြင် စစ်ဆေးစမ်းသပ်မှု၏ အရေးပါမှုကို ရှာဖွေတွေ့ရှိခဲ့သည်။[၇][၈]

Roger Bacon
OFM
မွေးဖွားc. 1219/20[n ၁]
အင်္ဂလန်၊ ဆန်းမာဆက်ကောင်တီ၊ အီလ်ချက်စတာအနီး
ကွယ်လွန်c. 1292[၂][၃] (အသက် ၇၂/၇၂ ခန့်)
အင်္ဂလန်၊ အောက်စဖို့ဒ်ရှီးယား၊ အောက်စဖို့ဒ်မြို့
နိုင်ငံလူမျိုးအင်္ဂလိပ်
အခြား အမည်များDoctor Mirabilis
မိခင်ကျောင်းအောက်စဖို့ဒ်တက္ကသိုလ်
ခေတ်အလယ်ခေတ် ဒဿန
ဒေသအနောက်တိုင်း ဒဿနအဝန်းအဝိုင်း
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Scholasticism
အဓိက စိတ်ဝင်စားရာ
Theology
Natural philosophy
မှတ်သားလောက်သည့် အတွေးအကြံ
Experimental science

၎င်း၏ ဘာသာစကားဆိုင်ရာ လက်ရာများသည် ဘုံသဒ္ဒါ (universal grammar) ကို ရှင်းလင်းဖော်ပြမှု အစောပိုင်းကျခြင်းကြောင့် အရေးပါ၍ ကောင်းမွန်သည်ဟု သတ်မှတ်ကြ၏ ။ ခရစ်ယာန်ရိုးရာစဉ်လာကျမ်းစာများမှ ရရှိသော စမ်းသပ်မှုဆိုင်ရာ အသိပညာ ဗဟုသုတများစွာဖြင့် ဘေကန်သည် အမှန်စင်စစ် အလယ်ခေတ်၏ အတွေးခေါ်သမားဖြစ်သည်ဟု ၂၁ ရာစု ပြန်လည်အကဲခတ်ဆန်းစစ်ခြင်းများက ဆိုသည်။[၉] အလယ်ခေတ် တက္ကသိုလ်များ၏ သင်ရိုးကို ပြန်လည်ဖော်ထုတ်ခဲ့ကာ ထိုခေတ်၏ တက္ကသိုလ် ရိုးရာသင်ရိုးများထဲသို့ 'အလင်းနှင့်အမြင်ဆိုင်ရာပညာရပ်' (optics) ကို ထည့်သွင်းသည့် အချိန်ဖြစ်လာခဲ့သည်။[၁၀]

ဘေကန်၏ ပဓာနလက်ရာ အိုပပ်စ် မာဂျပ်စ် (Opus Majus) ကို ပုပ်ရဟန်းမင်း၏ တောင်းဆိုမှုဖြင့် ၁၂၆၇ တွင် ရောမရှိ ပုပ်ရဟန်းမင်း ကလဲမန့်ဆီသို့ ပို့ပေးခဲ့ရသည်။ ယမ်းမှုန့်သည် တရုတ်ပြည်တွင် စတင်တည်ထွင်ခဲ့သော်လည်း ဥရောပ၌ ထိုဖော်မြူလာကို ပထမဆုံး မှတ်တမ်းပြုခဲ့သူမှာ ဘေကန်ပင်ဖြစ်လေသည်။

မှတ်စု ပြင်ဆင်ရန်

  1. In a 1267 statement from Opus tertium, Bacon claimed that it was forty years since he had learned the alphabet and that for all but two of these he had been "in studio." Assuming that Bacon started his education at age seven or eight, Crowley estimated his birthdate to be 1219 or 1220.[၁]

ကိုးကား ပြင်ဆင်ရန်

  1. Complete Dictionary of Scientific Biography။ Charles Scribner's Sons။ 2008။
  2. EB (1878), p. 220.
  3. ODNB (2004).
  4. Jeremiah Hackett (ed.), Roger Bacon and the Sciences: Commemorative Essays 1996, BRILL, 1997, p. 277 n. 1.
  5. Tom Sorell (ed.), The Cambridge Companion to Hobbes, Cambridge University Press, 1996, p. 155 n. 93.
  6. "Bacon" entry in Collins English Dictionary.
  7. Ackerman (1978), p. 119.
  8. Who is Roger Bacon?။ 7 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2021 တွင် ပြန်စစ်ပြီး။
  9. MSTM (2005).
  10. SEP (2013), §1.