ဦးရဲထွဋ် သည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဖြစ်သည်။ သူသည် ယခင်က မြန်မာတပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကူးပြောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ၂၀၁၃ မှ ၂၀၁၆ အထိသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ စင်ကာပူနိုင်ငံရှိ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသီ (Senior Fellow) အဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည်။

ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၁၄ – ၃၀ မတ် ၂၀၁၆
သမ္မတဦးသိန်းစိန်
ယခင်လူအောင်ကြည်
ဆက်ခံသူဖေမြင့်
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၁၃[၁] – ၃၀ မတ် ၂၀၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဩဂုတ် ၂၀၁၂[၂] – ၁ ဩဂုတ် ၂၀၁၄
ဦးပိုက်ထွေးနှင့်အတူ
ယခင်လူစိုးဝင်း[၃]
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်[၃]
တာဝန်သက်တမ်း
၃၁ မတ် ၂၀၁၁ – ၃၁ ဩဂုတ် ၂၀၁၂
ဆက်ခံသူတင့်ဆွေ[၄]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၉ (အသက် ၆၄–၆၅)[၁]
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ခင်စန္ဒာထွန်း[၅]
နေထိုင်ရာနေပြည်တော်
အလုပ်အကိုင်စစ်တပ်အရာရှိ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဝက်ဘ်ဆိုဒ်facebook.com/ye.htut.988
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲမြန်မာ့တပ်မတော်
အမှုထမ်းကာလ၁၉၇၇-၂၀၀၅[၁]
ရာထူးဒုတိယ ဗိုလ်မှူးကြီး

စစ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

ဦးရဲထွဋ်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ ကျောင်းဆင်းပြီးနောက် သူသည် မြန်မာ-ထိုင်းနယ်စပ် တစ်လျှောက်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

အရပ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

သူဟာ ဒုတိယဗိုလ်မှူးကြီးအဖြစ် ၂၀၀၅ တွင် အငြိမ်းစားယူပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ယခင်ဝန်ကြီး ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးများအား အခြားဝန်ကြီးဌာနများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံရသောအခါ သူသည် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၁၄ ဩဂုတ်လ ၃၀ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီး ဖြစ်လာခဲ့သည်။

အငြင်းပွားမှု ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်တွင် Eleven Media Group က ကလောင်နာမည် ဒေါက်တာဆိပ်ဖွားဟု စွပ်စွဲခဲ့သည်။ ၂၀၁၄ ဇွန်လတွင် ဇနီးဖြစ်သူသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့ဘွတ်မှ ဖိုတိုရှော့ အထူးပြုလုပ်ထားသည့် လူမျိုးရေး ဘာသာရေး ထိခိုက်စေမည့် ပုံတစ်ပုံကို ဝေမျှခြင်းပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံရခြင်း ပြင်ဆင်ရန်

ဦးရဲထွဋ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံရသည်။ လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းခံရခြင်းဖြစ်ကာ တရားလိုမှာ စစ်ကောင်စီ ဖြစ်သည်။[၆]၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဦးရဲထွဋ်သည် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ပုဒ်မ ၁၂၄(ဃ) ဖြင့် ထောင်ဒဏ် ၇နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ U Ye Htut: From military to ministry။ Mmtimes.com (2014-07-07)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-07-19 တွင် ပြန်စစ်ပြီး။
  2. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ 5 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Aung Zaw။ "Will Aung Kyi Defend Press Freedom?"၊ 3 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး 
  4. Kyaw Hsu Mon။ "Senior bureaucrats on the move in another reshuffle"၊ 24 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  5. Zarni Mann။ "Minister’s Wife Shares Fake Facebook Photo of Suu Kyi in Islamic Headscarf"၊ 6 June 2014။ 7 June 2014 တွင် ပြန်စစ်ပြီး 
  6. ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းခံရBBC Burmese (၂၉ အောက်တိုဘာ ၂၀၂၃)။ ၂၉ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပုဒ်မ ၅၀၅-က ၊ ပုဒ်မ ၁၂၄(ဃ) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရEleven Media Group (၂၉ နိုဝင်ဘာ ၂၀၂၃)။ ၂၉ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။