ရွှေကြာ (၁၉၇၄ ရုပ်ရှင်)

လီဟန်ဆင်ရိုက်ကူးသော ၁၉၇၄ ခုနှစ်ထုတ် ရုပ်ရှင်

ရွှေကြာ (တရုတ်: 金瓶双艳) သည် ၁၉၇၄ ခုထုတ် ဟောင်ကောင် လိင်အသားပေးရုပ်ရှင် ဖြစ်သည်။ ရှောညီအစ်ကိုများ ထုတ်လုပ်ရေးအတွက် လီဟန်ဆင် (李翰祥) ဇာတ်ညွှန်းရေး ရိုက်ကူးသည်။[၁] ပီတာယန် (Peter Yang)၊ ဟကျီ (Hu Jin)၊ ကျန်းလိ (Tien Lie) နှင့် ချင်းဖျင် (Chen Ping) တို့ ပါဝင်ထားကြသည်။ နာမည်ကျော်သရုပ်ဆောင် ဂျက်ကီချမ်း၏ ပွဲဦးထွက်ကား ဖြစ်ပြီး အစ်ကိုယွမ်အဖြစ် အခန်းအချို့ ပါထားသည်။[၂][၃] လန်လင်း ကောင်ကောင်ရှန် (蘭陵 笑笑生) ၏ ဝတ္ထုကို ပြန်လည်ရိုက်ကူးခြင်း ဖြစ်သည်။ ဟောင်ကောင်၌ ဇန်နဝါရီလ ၁၇ ရက်တွင် ရုံတင်သည်။

ရွှေကြာ
ရွှေကြာ ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာလီဟန်ဆင်
ထုတ်လုပ်သူရန်ရန်ရှော
စာရေးသူလီဟန်ဆင်
အခြေခံထားသည်မှာလန်လင်း ကောင်ကောင်ရှန် ရေးသည့် "ရွှေကြာ"
သရုပ်ဆောင်ပီတာယန်
ဟကျီ
ကျန်းလိ
ချင်းဖျင်
ဂီတမှူးဖရန်ကီ ချန် (Frankie Chan)
ဓာတ်ပုံလင်ကောင် (Lin Chao)
တည်းဖြတ်ကျန်ရှင်းလုံ (Jiang Xinglong)
ထုတ်လုပ်ရေး
ကုမ္ပဏီ
ရှောညီအစ်ကိုများ စတူဒီယို
ကြာမြင့်ချိန်
၁၁၂ မိနစ်
နိုင်ငံဟောင်ကောင်
ဘာသာစကားမန်ဒရင်း
ကန်တုံ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၁၇ ဇန်နဝါရီ ၁၉၇၄ (၁၉၇၄-၀၁-၁၇) (ဟောင်ကောင်)
ထုတ်ဝေသူရှောညီအစ်ကိုများ စတူဒီယို

ဇာတ်ကားအမည် ဖြစ်လာခြင်း ပြင်ဆင်ရန်

တရုတ်ဘာသာစကားဖြင့် ကျန်းလျန် (金莲) သည် ရွှေကြာ ဟု အဓိပ္ပာယ်ရရာ ဇာတ်ကားပါ မင်းသမီးကို ရည်ကြောင်း ထင်မှတ်ကြသည်။ သို့သော်လည်း အဓိကရွယ်ရင်းမှာ ထိုခေတ်က ထင်ရှားသည့် သေးငယ်သော ခြေထောက်တစ်စုံကို ညွှန်းခြင်း ဖြစ်သည်။ ခြေဖမိုးခေါက်ကာ စည်းထားသော ခြေတို့ကို ရွှေကြာဟု တင်စား ခေါ်ဝေါ်ကြသည်။ ခေါင်းဆောင်မင်းသမီးသည် အသေးဆုံးဟု ဆိုရမည့် ၂ လက်မ ၉ စိတ်သာ ရှည်သော ခြေထောက်ရှိသဖြင့် သူဌေးဖြစ်သူက သဘောကျရာမှ ဇာတ်လမ်းစခြင်း ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ဆွန်းမင်းဆက် ဟွေကျုံးဘုရင်လက်ထက် ရှန်တုံးနယ်ရှိ အဖြစ်အပျက်တစ်ခုအဖြစ် ဇာတ်အိမ်တည်ထားသည်။ သူဌေး ရှီမန်ချင်း လမ်းသွားနေစဉ် အိမ်ပြတင်းရွက် တင်ရင်း တုတ်ပြုတ်ကျရာမှ ရှီမင်ချင်းနှင့် ဖန်ကျင်းလျန် ဆုံကြသည်။ သူဌေးရှီက ကျန်းလျန်အား မျက်စိကျသွားသည်။ ကျန်းလျန်မှာ မုန့်ရောင်းသည့် ဝူတလုံ၏ ဇနီးဖြစ်သည်။ သူဌေးရှီမှာလည်း လူလွတ်မဟုတ်။ မယားကြီးအပါအဝင် မယား (၄) ယောက် ရှိသည်။

ဘေးအိမ် လက်ဖက်ရည်ဆိုင်မှ မုဆိုးမဝမ်၏ အကျိုးဆောင်မှုကြောင့် သူဌေးရှီနှင့် ကျန်းလျန်တို့ ငြိစွန်းသွားကြသည်။ သစ်သီးရောင်းသော ယွမ်မှာ ထိုအဖြစ်အပျက်ကို အဆုံးသတ်စေလို၍ ဝူတလုံအား သတင်းပေးသည်။ ကျန်းလျန်တို့နှစ်ဦး အတူရှိစဉ် အမိဖမ်းရန်ကြံသော်လည်း လူကောင်ချင်းကွာ၍ ဝူတလုံ ခံလိုက်ရသည်။ ဖော်ကောင်ယွမ်ကို ရှီမင်ချင်းက လက်စတုံးလိုက်သည်။

အတွင်းဒဏ်ရာရနေသည့် တလုံကို ကျန်းလျန်က မျက်နှာမမြင်ချင်တော့။ သို့သော် ဝူတလုံညီ ဝူစုန်းမှာ နာမည်ကြီးသိုင်းသမားဖြစ်၍ နောက်ကြောင်းမအေး ဖြစ်နေသည်။ ထို့ကြောင့် တလုံအား လက်စဖျောက်ကာ ကျန်းလျန် မုဆိုးမဖြစ်မှ လက်ထပ်ကြရန် မုဆိုးမဝမ်က အခါပေးသည်။ ဤသို့ဖြင့် သူဌေးရှီက အဆိပ်ဝယ်၊ မုဆိုးမဝမ်က ကျိုကာ ကျန်းလျန်က တိုက်သည်။ သေအံ့မူးမူး၌ မျက်နှာအား စောင်နှင့်အုပ်ရာ ဝူတလုံ သေသည်။ ဝူတလုံသေပြီးနောက် ရှီမင်ချင်းနှင့် လက်ထပ်ပြီး ရှီမင်ချင်း၏ ၅ ယောက်မြောက် မိန်းမ ဖြစ်လာသည်။

တစ်ဖက်အိမ်မှ သူဌေးဟွာကို စီးပွားပျက်ရန် ကြံဆောင်ကာ ဟွာကျီရှု၏ဇနီး လီဖင်းအာနှင့် ရှီမင်ချင်း လက်ထပ်ပြန်သည်။ (၇) လကြာသော် လီဖင်းအာ သားမွေး၍ ရှီမင်ချင်း၏ မျက်နှာသာအပေးဆုံး မိန်းမ ဖြစ်လာသည်။ လီဖင်းအာအား မနှစ်လိုသော ကျန်းလျန်က သေသူ သူဌေးဟွာ ခြောက်လှန့်ရာ စိတ်ချောက်ချား၍ လီဖင်းအာ သေသည်။

ကျန်းလျန်ထံ ခြေဦးပြန်လှည့်လာသော ရှီမင်ချင်းကို အားဆေးသုံး၍ ဆန္ဒဖြည့်ပေးရန် ကျန်းလျန်က ကြံသည်။ အိပ်ရာထက်၌မူ အထွတ်အထိပ်ရောက်ခါနီ: ရှီမင်ချင်း၏ပုံမှာ သေခါနီး မျက်လုံးပြူးမျက်ဆံပြာဖြစ်နေသည့် လင်ဟောင်း ဝူတလုံနှင့် တူ၍ စိတ်လန့်ပြီး ကျန်းလျန်က စောင်နှင့် အတင်းအုပ်သည်။ သို့ဖြင့် ရှီမင်ချင်း သေလေသည်။

ရှီမင်ချင်း သေပြီးနောက် ရှီအိမ်လည်း ပြိုကွဲသွားတော့သည်။

ဇာတ်ဆောင်များ ပြင်ဆင်ရန်

  • ရှီမန်ချင်း အဖြစ် ပီတာယန်
  • ဖန်ကျင်းလျန် အဖြစ် ဟကျီ
  • လီဖင်းအာ အဖြစ် ကျန်းလိ
  • လန်ချွမ်းမေ အဖြစ် ချင်းဖျင်

ဝေဖန်မှုများ ပြင်ဆင်ရန်

မူရင်းဇာတ်ကားမှ ဆီလျော်စွာ ကောက်နုတ်နိုင်သည့်အတွက် ချီးမွမ်းကြသည်။ ဟကျီ၏ သရုပ်ဆောင်မှုမှာ သဘောကျဖွယ် ဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. zh:洞悉事间饮食男女 纵情声色偏爱《金瓶梅》 (in zh)။ Sohu (2014)။
  2. zh:成龙:感谢六叔曾经的鼓励 已慰问他家人 (in zh)။ Yangtse (2014)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2019 တွင် ပြန်စစ်ပြီး။ “成龙出道非跑龙套的第一部电影《金瓶双艳》由邵氏出品”
  3. ၃.၀ ၃.၁ 魏君子DVD荐碟:《金瓶双艳》 (in zh)။ Tencent (2004-08-01)။ 5 August 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2019 တွင် ပြန်စစ်ပြီး။