ရွှေတောင်တက်

စစ်ကိုင်းမင်း

သီရိ သီဟသူရ ရွှေတောင်တက် (စစ်ကိုင်းအနော်ရထာ၊ ၁၃၁၃–၁၃၃၉) သည် စစ်ကိုင်းမင်းဆက်၏ တတိယမြောက်မင်းဖြစ်ပြီး ၁၃၃၅/၃၆ မှ ၁၃၃၉ အထိ နန်းစံခဲ့သည်။ သူသည် ဖခမည်းတော် တရဖျား ၁ မင်းအား ဖမ်းဆီးချုပ်နှောင်၍ နန်းတက်လာခဲ့သည်။ ၃ နှစ်အကြာတွင် စောယွန်း၏ သားအလတ် ကျော်စွာကို နန်းတင်လိုသည့် ဝန်ကြီးဖြစ်သူ နန္ဒပန်းကြံ ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ ရွှေတောင်တက် သေဆုံးပြီးနောက် ဖမ်းဆီးခံထားရသည့် ဖခမည်းတော်ကိုလည်း နန္ဒပန်းကြံက သတ်ပစ်ခဲ့လေသည်။

စစ်ကိုင်းအနော်ရထာ
ရွှေတောင်တက်
စစ်ကိုင်းဘုရင်
နန်းသက်၁၃၃၅/၃၆ – c. ဩဂုတ် ၁၃၃၉
ရှေ့မင်းဆက်တရဖျားကြီး
Successorကျစွာ
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၂၃ စက်တင်ဘာ ၁၃၁၃
မြန်မာသက္ကရာဇ် ၆၇၅၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ တနင်္ဂနွေ
ပင်းယပင်းယနေပြည်တော်
ကွယ်လွန်c. ဩဂုတ် ၁၃၃၉ (အသက် ၂၅)
c. မြန်မာသက္ကရာဇ် ၇၀၁၊ တော်သလင်းလ
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကြင်ရာတော်မသိ
သားသမီးများမသိ
စံအိမ်မြင်စိုင်း
ခမည်းတော်တရဖျားကြီး
မယ်တော်မသိ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ ပြင်ဆင်ရန်

မြန်မာရာဇဝင်ကျမ်းများတွင် ရွှေတောင်တက်၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် အသက် နန်းသက် ထီးနန်းသက်တမ်း ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၂၃ စက်တင်ဘာ ၁၃၁၃ – ၁၃၃၉ ၂၈ [sic] ၁၃၃၆/၃၇–၁၃၃၉/၄၀ [note ၁]
ဇာတာတော်ပုံ ရာဇဝင် (reconciled) ၂၅
မဟာရာဇဝင်ကြီး c. ၁၃၂၁–၁၃၃၉/၄၀ ၁၈ [၁]
မဟာရာဇဝင်သစ် c. ၁၃၁၂–၁၃၃၉/၄၀ ၂၇ [၂]
မှန်နန်း ရာဇဝင် [၃]

မှတ်စုများ ပြင်ဆင်ရန်

  1. ဇာတာ (ဇာတာ၊ ၁၉၆၀၊ စာ ၄၃၊ ၇၀) တွင် မြန်မာသက္ကရာဇ် ၆၇၅ တွင် မွေးဖွားပြီး ၇၀၁ ခုနှစ်တွင် ကွယ်လွန်သည်ဟု ဖော်ပြထားသဖြင့် အသက် ၂၆ နှစ် ဖြစ်ရမည်ဖြစ်သော်လည်း ၂၉ နှစ်တွင် ကွယ်လွန်သည်ဟု မှားယွင်းစွာ ဖော်ပြထားသည်။ ၆ နှင့် ၉ အား မှားယွင်းရေးသားထားဟန်တူသည်။

ကိုးကား ပြင်ဆင်ရန်

  1. မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၁
  2. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၄
  3. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၀

ကျမ်းကိုးစာစုများ ပြင်ဆင်ရန်

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII. 
ရွှေတောင်တက်
မွေးဖွား ၂၃ စက်တင်ဘာ ၁၃၁၃ ကွယ်လွန် c. ဩဂုတ် ၁၃၃၉
Regnal titles
ယခင်က
တရဖျားကြီး
စစ်ကိုင်းဘုရင်
၁၃၃၅/၃၆ – c. ဩဂုတ် ၁၃၃၉
ဆက်ခံသူ
ကျစွာ