ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်

၁။  စံတော်မှီဝိသေသလက္ခဏာ

ဤတိုတောင်းသော ဩဝါဒ(၃)စောင်သည် ရှေးဦးသန့်ရှင်းသူများသို့ အဖိုးမဖြတ်နိုင်သော ပုဂ္ဂိုလ်ရေးပေးစာ ဖြစ်သည်။

အချို့ခရစ်ယာန်များသည် အခြားသူများ အထူးသဖြင့် အတုအယောင် ယုံကြည်သူများအား စကားပြောလို သောအခါမည်ကဲ့သို့ စကားစ၍ မည်ကဲ့သို့ နိဂုံးချုပ်မည်နည်းဟု ပြောတတ်ကြသည်။ ထိုအခက်အခဲကို ‘ဒုတိယနှင့် တတိယဩဝါဒစာစောင်က အဖြေပေးထားသည်။ ဒုတိယ ဩဝါဒစာစောင်တွင် မိမိအိမ်(အိမ်သို့မဟုတ်အသင်းတော်) ကိုထိန်းသိမ်းဖို့ လုံခြုံစွာတံခါးပိတ်ဝါဒ ကျင့်သုံးဖို့ သွန်သင်ထားသည်။ တတိယဩဝါဒကျမ်းကမူ သာဝကခရီးသည် များနှင့်သာသနာပြုဆရာများအား လက်ခံဖို့ ” တံခါးဖွင့်ဝါဒ” ကို ကျင့်သုံးထားသည်။


၂။  ကျမ်းရေးသူ

အပြင်ပန်းသဏ္ဌာန်ဖြင့် ကြည့်ရလျှင် ဒုတိယဩဝါဒစာသည် ပထမဩဝါဒစာထက် အားနည်းသည်ဟု ယူဆ စရာရှိသော်လည်း အခြေအနေအတိုင်းအတာနှင့် လိုက်လျောညီထွေအောင် ရေးသားခြင်း ဖြစ်သည်။ Trenneus နှင့် အခြားသူများစွာက ဤကျမ်းသည် ပထမစာစောင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူသည်။ (အခန်းနှင့်အခန်းငယ်များ ကို ရာစုနှစ်ပေါင်းကြာမှ ခွဲစိပ်ခြင်း ဖြစ်သည်။ ) Origen ကသံသယရှိသော်လည်း Clement နှင့် Dionysius (bothof Alexandria) က ယောဟန်၏ စာအတိုင်း သဘောထားရှိကြသည်။ Cyprian ကမူ ရှင်ယောဟန်၏ အခန်းငယ် ၁ဝကို ကိုးကားသည်ဟုဆိုသည်။

အတွင်းလက္ခဏာသည် ရှင်ယောဟန်ဩဝါဒပထမစာစောင်နှင့် တတိယစာစောင်ရေးသားဟန် အသုံးအနှုန်း ဝေါဟာရ အတိုင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယနှင့်တတိယဩဝါဒစာစောင်များသည် အဖွင့်ပိုင်းတွင် ပထမဩဝါဒစာစောင်နှင့်မတူညီပါ။ မပြောပလောက်သော ကွဲပြားသည်မှအပ လက်ရာ အသွင်အပြင်နှင့် ရေးသားသည့်အချိန်ကာလ တစ်ထေရာတည်းရှိသည်။

ဤဒုတိယဩဝါဒစာစောင်တွင် မယုံသင်္ကာအငြင်းပွားဖွယ်ရာ အကြောင်းရှာမတွေ့ပါ။ (ပထမဩဝါဒစာစောင် နိဒါန်းကို အသေးစိတ်ပြန်ဖတ်ပါ။ )

၃။  အချိန်ကာလ

         ပထမဩဝါဒစာစောင်မှာ ရှင်းပြပြီးသည့်အတိုင်း ကာလအပိုင်းအခြားနှစ်ခု ဖြစ်နိုင်ဖွယ်ရာရှိသည်။ ယေရှုရှလင် ဗိမာန်တော်မပျက်စီးမှီ နှစ်ပေါင်း(၆ဝ)ခန့် သို့မဟုတ် ထိုထက်နောက်ကျ၍ (၈၅-၉ဝ)အကြား ဖြစ်နိုင်သည်။ ယေရှုရှလင်ကို ဗဟိုထား၍တွက်ချက်လျှင် သက်ကျားအို တမာန်တော်ဧဖက်၏ ဘဝနောက်ဆုံးကာလတွင် ဖြစ်နိုင်သည်။

၄။  နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

         ထိုအချိန်ကာသည်  ကနဦး အသင်းတော်မှ ဒေသနာရှင်များ ခြေသလုံးအိမ်တိုင်ဖြင့် လှည့်လည် တရားဟော သောကာလ ဖြစ်သည်။ နဖူးတွေ့ဒူးတွေ့ လိုက်လံ ဟောကြားရသည်။ ထိုဧဝံဂေလိနှင့် အမှုတော်ဆောင်များကို အစား အသောက်၊နဝကမ္မအလှူငွေများဖြင့် အိမ်ရှင်များက ဧည့်ဝတ်ကျေပွန်သော ကာလ ဖြစ်သည်။ သို့သော်လည်း ကံဆိုး သည်မှာ မိစ္ဆာဒိဋ္ဌိဆရာများနှင့် ဘာသာရေးဆရာများသည် ခြေလှမ်းသွက်လက်စွာဖြင့် ထိုလမ်းစဉ်အတိုင်း ခြေရာလိုက်နင်းကြသဖြင့် တံခါးပိတ်ထားရပြန်သည်။ (ပထမဩဝါဒစာစောင်ကိုကြည့်)။

ပထမရာစုနှစ်မှာ ဘာသာရေးအမြတ်ကြီးစားသူများကို သတိထား၍ တံခါးပိတ်ဝါဒကျင့်သုံးရန် အရေးကြီး သည်မှန်လျှင် ယနေ့ဂိုဏ်းဂန၊ဘာသာရေးယုံကြည်မှုနှင့် မှားယွင်းသောဘာသာရေးအယူဝါဒများကို ကျမ်းစာရှင် တမာန်တော်ယောဟန်က မည်သို့ပြောပါမည်နည်း။

ဒုတိယဩဝါဒစာစောင်၏ အနှစ်သာရမှာ ဒေသနာတော်မပါသော သင်ဆရာ၊ဟောဆရာများနှင့် ကင်းကင်းရှင်းရှင်း နေရမည့်အကြောင်း ဖြစ်သည်။ (ငယ်၁ဝ-၁၁)

ပါဝင်သည့်အချက်များ

၁။  တမာန်တော်၏နှုတ်ဆက်ပဏ္ဍာ-ကျေးဇူးတော်ကရုဏာတော်နှင့်ငြိမ်သက်ခြင်း (၁:၁၂-၁၃)

၂။  တမာန်တော်၏ပျော်ရွှင်ရာ- နာခံသော သားသမီးများ (၁:၄)

၃။  တမာန်တော်၏ညွှန်ကြားချက် –ချစ်ခြင်းမေတ္တာခံယူခြင်း (၁:၅-၆)

၄။  တမာန်တော်၏ပူပင်သောက –အန္တီခရစ်နှင့်လိမ်ညာသူများ(၁:၇-၁၁)

၅။  တမာန်တော်၏မျှော်လင့်ချက် – ပုဂ္ဂလိကခရီးစဉ်(၁:၁၂-၁၃)

TAGS: ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်

ကိုးကား ပြင်ဆင်ရန်