ရှာလပတ်ရည် သည် အနောက်အာရှနှင့် အိန္ဒိယတိုက်ငယ်တို့တွင် လူသောက်များပြီး သစ်သီးနှင့် ပွင့်ဖတ်တို့မှ ထုတ်သည့် ဖျော်ရည်တစ်မျိုး ဖြစ်သည်။ အရသာမှာ ချိုပြီး အအေးခံကာ သောက်လေ့ရှိသည်။ ရေနှင့် ဖျော်၍ မသောက်လိုက ခပ်ပျစ်ပျစ်လုပ်ကာ ဇွန်းနှင့် ခပ်စားနိုင်သေးသည်။

နှင်းဆီရည်ဖြင့် လုပ်သည့် ရှာလပတ်ရည်

ရှာလပတ်ရည်ကို နှင်းဆီရည်၊ နှင်းဆီပွင့်ဖတ်၊ ပင်စိမ်းစေ့၊ စန္ဒကူး၊ ရှောက်သီး၊ လိမ္မော်သီး၊ သရက်သီး၊ နာနတ်သီး၊ ရှားစေ့တို့မှ ဖန်တီးပြီး မြန်မာ၌မူ ငှက်ပျောသီးမှလည်း လုပ်လေ့ရှိသည်။

အီရန်၊ အိန္ဒိယ၊ တူရကီ၊ ဘော့စနီးယား၊ အာရပ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အိမ်၌ လုပ်သောက်သည့် အိမ်ထွက်ဖော်ရည် ဖြစ်သည်။ မူဆလင်များ ဝါရှောင်လတွင် ဝါဖြေသည့်အခါ အဓိက သောက်ကြသည်။