ရှေ့အင်ဂျင်၊ နောက်ဘီးယက်

မော်တော်ယာဉ်ဒီဇိုင်းတွင် FR သို့မဟုတ် ရှေ့အင်ဂျင်၊ နောက်ဘီးယက်ပုံစံသည် အင်ဂျင်မှာ ကားရှေ့ပိုင်းတွင် တည်ရှိပြီး မောင်းနှင်သောဘီးများသည် နောက်ဘက်တွင်တည်ရှိသည် ။ ဤပုံစံမှာ ၂၀ ရာစု မော်တော်ယာဉ်အများစု ပုံစံဖြစ်သည်။ ခေတ်သစ်ဒီဇိုင်းများသည် များသောအားဖြင့် ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်ပုံစံကို အသုံးပြုသည်။ ၎င်းကိုအထပ်မြင့် ဘတ်စ်ကားများနှင့် ကျောင်းကားများတွင်လည်း အသုံးပြုသည်။

FR အပြင်အဆင်

ရှေ့လယ်ပိုင်းအင်ဂျင်၊ နောက်ဘီးယက် ပြင်ဆင်ရန်

 
FMR အပြင်အဆင်၊ အင်ဂျင်သည် ရှေ့ဝင်ရိုးနောက်တွင် တည်ရှိသည်။

မော်တော်ယာဉ်ဒီဇိုင်းတွင် ရှေ့အလယ်အင်ဂျင်နှင့်နောက်ဘီးယက်ပုံစံ(FMR) သည် အင်ဂျင်ကို ရှေ့တွင်နေရာချပြီး ကားနောက်ဘက်ဘီးများကို မောင်းနှင်သည်။ ရှေ့အင်ဂျင်၊ နောက်ဘီးယက်ပုံစံ(FR)နှင့်ခြားနားသည်မှာ အင်ဂျင်အလေးချိန်ဗဟိုကို ရှေ့ဝင်ရိုး၏ နောက်သို့ ရွှေ့လိုက်ခြင်းဖြစ်သည်။ ဤပုံစံသည် အလေးချိန်ဖြန့်ဖြူးခြင်းကို အထောက်အကူဖြစ်စေပြီး Moment of Inertia ကို လျော့နည်းစေသောကြောင့် ထိန်းကြောင်းမောင်းနှင်မှုကို တိုးတက်စေသည်။ FMR ၏စက်မှုအပြင်အဆင်သည် FR ကားနှင့် အတူတူပင်ဖြစ်သည်။ မော်တော်ယာဉ်တစ်မျိုးတည်း၏အချို့မော်ဒယ်များကို တပ်ဆင်ထားသောအင်ဂျင်၏အရှည် (ဥပမာ - ဆလင်ဒါ ၄ ခုနှင့် ၆ ခု)နှင့် ရှေ့ဝင်ရိုးနှင့် အင်ဂျင်၏ အလေးချိန်ဗဟိုတို့၏ ဆက်စပ်မှုကို မူတည်၍ FR သို့မဟုတ် FMR အဖြစ်သတ်မှတ်နိုင်သည်။

ကိုးကားချက်များ ပြင်ဆင်ရန်