လန်ဒန်တံတားသည် လန်ဒန်မြို့ကို ဖြတ်သန်းစီးဆင်းသည့် သိမ်းမြစ်ကို ဖြတ်၍ ဆောက်ထားသော တံတားတစ်စင်းဖြစ်သည်။ အဆိုပါတံတားသည် လန်ဒန်မြို့လယ်တွင် တည်ရှိပြီး Railway Bridge Tower Bridge ကြားတွင် တည်ရှိသည်။ တံတားတောင်ဘက်တွင် Southwark Cathedral ဘုရားကျောင်းနှင့် London Bridge ဘူတာရုံတို့ တည်ရှိသည်။

London Bridge
လန်ဒန်တံတား (ဒီဇင်ဘာ ၂၀၁၅)
ကိုဩဒိနိတ်51°30′29″N 0°05′16″W / 51.50806°N 0.08778°W / 51.50806; -0.08778
သယ်ဆောင်မှုFive lanes of the A3
ဖြတ်သန်းမှုသိမ်းမြစ်
တည်နေရာCentral London
ပြုပြင်ထိန်းသိမ်းသူBridge House Estates,
City of London Corporation
ရေဆန်ပိုင်းရှိ တံတားကန်နွမ်လမ်း မီးရထားတံတား
ရေစုန်ပိုင်းရှိ တံတားTower Bridge
အချက်အလက်များ
တံတားဒီဇိုင်းPrestressed concrete box girder bridge
စုစုပေါင်းအရှည်၂၆၉ m (၈၈၂.၅ ft)
အကျယ်၃၂ m (၁၀၅.၀ ft)
အကျယ်ဆုံး တံတားအခန်း၁၀၄ m (၃၄၁.၂ ft)
ရေလမ်း ကင်းလွတ်အမြင့်၈.၉ m (၂၉.၂ ft)
ခံနိုင်ရည်သက်တမ်းလက်ရှိတံတား (၁၉၇၁–လက်ရှိ)
Victorian stone arch (၁၈၃၂–၁၉၆၈)
Medieval stone arch (၁၁၇၆–၁၈၃၂)
အမျိုးမျိုးသော သစ်သားတံတားများ(အေဒီ ၅၀–၁၁၇၆)
သမိုင်းကြောင်း
ဖွင့်လှစ်သည့်နေ့၁၇ မတ် ၁၉၇၃; ၅၁ နှစ် အကြာက (၁၉၇၃-၀၃-17)
ရှေးခတ် လန်ဒန်တံတား ပန်းချီကား
လန်ဒန်တံတားဟောင်းဟား ဖျက်ချနေပုံ

တံတားကို ၁၇၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားတည်ရှိသော နေရာသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ရောမလူမျိုးများ ဝင်ရောက်နေထိုင်ခဲ့သော နေရာဒေသတခုတွင် ဖြစ်ခဲ့သည်။ အေဒီ ၅၀ ခန့်က ရောမလူမျိုးများသည်လှေများကို တစ်စင်းနှင့်တစ်စင်း ဆက်သွယ်ပြီး သိမ်းမြစ်ကို ဖြတ်၍ တံတားအဖြစ် အသုံးပြုခဲ့ကြသည်။ အေဒီ ၅၉ခန့်တွင် အုတ်တိုင်များ စိုက်ထူကာ တံတားအဖြစ် တည်ဆောက်ခဲ့ပြီး ၎င်းတို့သည် တံတားအနီးတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ အေဒီ ၆၀ ခန့်တွင် Britons လူမျိုးစုခေါ် Celtic Iceni လူမျိုးများ၏ ဘုရင်မ Boudicea ကဦးဆောင်၍ တံတားကို ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာကို သိမ်းပိုက်ခဲ့သည်။ သို့သော် Queen Boudicea ၏ လက်ထက်တွင် စစ်ရှုံးပြီး အဆိုပါနေရာအား ရောမလူမျိုးများက ပြန်လည်သိမ်းပိုက်ကာ မြို့သစ်တည်ဆောက်ခဲ့ကြသည်။

အေဒီ ၂ရာစု တွင် ကျန်ရှိသော ရောမလူမျိုးတို့က အဆိုပါတံတားကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြပြီး Stane Street နှင့် Watling Street တို့ကို ဆက်သွယ်ထားခဲ့ကာ ထိုအချိန်က တံတားကို ရိုမန်တံတားဟု ခေါ်ဆိုခဲ့ကြသည်။ ‌အေဒီ ၁၃၀၅တွင် နာမည်ဆိုးဖြင့် ကျော်ကြားသူများက သစ္စာဖောက်တို့၏ ဦးခေါင်းများကို ချွန်ထက်သောအရာများဖြင့် ထိုးဖောက်သုတ်သင်ခဲ့ပြီး တောင်ဘက်ဂိတ်အစောင့်များ စခန်းချရာ ဂိတ်အဝင်၊ အထွက်လမ်းရှိ ကတ္တာရာများအတွင်းသို့ ၊ဦးခေါင်းခွံများကို မြှုပ်နှံခဲ့ကြသည့် ဓလေ့တစ်ခုထွန်းကားခဲ့သည်။ ‌အေဒီ ၁၆၆၀ ခန့်တွင် ထိုဓလေ့မှာ ကွယ်ပျောက်ခဲ့သည်။ ထို့နောက်တံတားကို ၁၈၃၁ခုနှစ်တွင် ဖြိုချခဲ့ပြီး အသစ် တစ်စင်း ထပ်မံတည်ဆောက်ခဲ့ပြန်သည်။

အေဒီ ၁၇၅၀၌ Westminster တံတားတည်ဆောက်ပြီးစီးသည့်အချိန်တွင် အဆိုပါတံတားသည် ပုံစံသာကျန်ရှိပြီး အသုံးပြု၍မရတော့ပေ။ ၁၉၇၆ခုနှစ်တွင် တစ်စစီဖြိုချပြီး ခေတ်မီပုံစံတံတားအဖြစ် ပြန်လည်တည်ဆောက်ခဲ့ကာ လန်ဒန်တံတားဟု အမည်ပေးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လ အဲလီဇဘတ် ဘုရင်မကြီး၏ စိန်ရတုမွေးနေ့အခမ်းအနားတွင် အဆိုပါ တံတားကို သမိုင်းဝင်တံတားအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်။ ယခုအခါ လန်ဒန်တံတားသည် ဗြိတိန်နိုင်ငံ၏ ဂုဏ်ယူဖွယ်တံတားတစင်းဖြစ်ပြီး နေ့စဉ်အဆိုပါတံတားပေါ်မှ ယာဉ်မျိုးစုံဖြတ်သန်းလျက်ရှိကာ လန်ဒန်မြို့၏ ပို့ဆောင်ရေးကဏ္ဍတွင် အားထားရသော တံတားတစ်စင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့အလင်း သတင်းစာ