လမ္ပရီငါး
(အင်္ဂလိပ်: Lamprey)
Temporal range: Late Devonian–Holocene[၁]
A en:European river lamprey (Lampetra fluviatilis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Infraphylum: Agnatha
မျိုးပေါင်း: Hyperoartia
မျိုးစဉ်: Petromyzontiformes
Berg, 1940[၂]
အမျိုးအစား မျိုးစိတ်
Petromyzon marinus
Subgroups

† = မျိုးသုဉ်း

လမ္ပရီငါး (အင်္ဂလိပ်: Lamprey) သည် ငရှဉ့်ကဲ့သို့ ခန္ဓာကိုယ်ရှည်လျား လျားရှိသော သတ္တဝါတစ်မျိုးဖြစ်သည်။ ထိုငါးကိုယ်၌ အခြားငါးများမှာကဲ့ သို့ အကြေးများမရှိသည့်အပြင် ချောမွတ်၍လည်းနေပြန်သေးသည်။ မေးရိုး လည်းမရှိချေ။ လမ္ပရီငါးကို သမုဒ္ဒရာတိုင်း၊ ပင်လယ်တိုင်းနှင့် မြစ် တိုင်းလို လိုတွင်တွေ့နိုင်၏။ ထိုငါး၏ပါးစပ်သည် ခွက်ပုံဖြစ်နေပြီးလျှင် ထိုပါးစပ်ဖြင့် အခြားရေသတ္တဝါများ၏ကိုယ်ကို တွယ်ကပ်၍ သွေးများကို စုတ်ယူလေ သည်။ လမ္ပရီငါး၏ သွေးအစုတ်ကိုခံရသော ရေသတ္တဝါများသည် များသော အားဖြင့်သေကုန်ကြလေသည်။

အင်္ဂလန်ပြည့်ရှင် ပထမ ဟင်နရီဘုရင် (၁ဝ၆၈ - ၁၁၃၅) သည် သူအလွန်ကြိုက်နှစ်သက်သော လမ္ပရီငါးကို စားရာမှစာမကျေသဖြင့် နတ်ရွာစံသည်ဟုဆိုသည်။ ရောမခေတ်ကောင်းစဉ်ကလည်း ကြေးရတတ်များက ဂုဏ်သရေရှိဧည့်သည်ကြီးများကို ထိုငါးများဖြင့်ကျွေးမွေးနိုင်ရန် ရေကန်များ တွင် အထူးမွေးမြူထားကြပြီးလျှင် ကျေးကျွန်များကိုသတ်ဖြတ်ကာ ကန်ထဲ သို့ပစ်ချ၍ ထိုငါးများကိုကျွေးသည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ ထိုခေတ် ရောမလူမျိုးတို့က အရသာများတွင် လမ္ပရီငါးသည် ကောင်းဆုံးအရသာ တစ်ခုဖြစ်သည်ဟု ယူဆကြကုန်သည်။

လမ္ပရီငါး၏အရောင်မှာညို၍ အညိုရင့်ရောင်နှင့် အစိမ်းရောင်အစက်များနှင့် အကွက်များရှိသည်။ အလျားမှာ ၁၆ လက်မမှ လက်မ ၂ဝ အထိရှိသည်။ လမ္ပရီငါးသည် ဆိုင်ကလိုစတိုမာတာမျိုးစဉ်တွင်ပါဝင်၍ အထက် တွင်ဖော်ပြခဲ့သည့်အတိုင်း ငါးများတွင်ရှိစမြဲဖြစ်သော အကြေးများ မပါရှိ သည့်အပြင် ဆူးတောင်အစုံလည်းမပါရှိချေ။ ထိုမျှသာမကသေး၊ အခြား အတွင်းဘက် အနာတမီဆိုင်ရာတို့တွင်လည်း သာမန်ငါးများနှင့် များသော အားဖြင့်မတူချေ။ ထို့ကြောင့်လည်း သိပ္ပံပညာရှင်များက လမ္ပရီငါးမျိုးသည် ရှေးခေတ်ကျောရိုးရှိ သတ္တဝါများ၏အဆက်အနွယ်ဖြစ်လိမ့်မည်ဟု ယူဆကြ ခြင်းဖြစ်သည်။

လမ္ပရီငါးအားလုံးသည် ရေချိုတွင်သာ ဥများကိုအုကြလေသည်။ ဥများကို နွေကူးရာသီ၌ အုတတ်ကြသည်။ ပင်လယ်လမ္ပရီငါးများသည် အုချိန်ကျရောက်သောအခါ မြစ်များသို့သွားကြ၍ ဥများကို အုကြပြီးလျှင် သေကုန်ကြလေသည်။

ပင်လယ်လမ္ပရီငါးများသည် အုပ်နှင့်ချီ၍ ရေချိုများသို့ သွား ရောက်ကာ ရေချိုရှိငါးများ၏ သွေးများကိုစုတ်ယူကြခြင်းဖြင့် ရေချိုငါးများ ကို သတ်ပစ်လေ့ရှိကြသည်။

လမ္ပရီငါးတွင် အဓိကအားဖြင့် မျိုးစိတ်နှစ်ခုရှိရာ ပင်လယ်နေ လမ္ပရီငါးမျိုးစိတ်ကို ပါဏဗေဒအလိုအရ ပက်ထရိုမိုက်ဇွန်မရင်းနပ်ဟုခေါ်၍ မြစ်များအတွင်းနေ လမ္ပရီငါးမျိုးစိတ်ကို ပက်ထရိုမိုက်ဇွန် ဖလူဗီယာတိလစ် ဟုခေါ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "Petromyzontiformes"။ FishBase order။ January 2009။
  2. Fossilworks: Petromyzontida။ 5 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2021 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)