လားဗရာဒေါနယ်သည် မြောက်အမေရိကတိုက်၏ အရှေ့မြောက်ဘက်အစွန်းတွင်တည်ရှိ၍ ကနေဒါနိုင်ငံတွင် ဖွဲစည်းပါဝင်သော နယူးဖောင်းလန်းပြည်နယ်တွင် တစိတ်တစ်ဒေသပါဝင်သည့် နယ်တစ်နယ် ဖြစ်သည်။ ကွီဗက်ပြည်နယ်၏ အရှေ့မြောက်ဘက် မြောက်အမေရိကတိုက် ကုန်းမပေါ်တွင်တည်ရှိ၍ နယူးဖောင်းလန်းကျွန်းနှင့်မူကား ကျဉ်းမြောင်းသော ဗဲလအိုင်ရေလက်ကြားဖြင့် ခြားလျက်ရှိသည်။ လားဗရာဒေါနယ်တွင် ပါဝင် သော မြောက်အတ္တလန္တိတ်ကမ်းရိုးတန်းမှာ စိန်လောရင့်ပင်လယ်ကွေ့ရှိ ဗဲလအိုင်ရေလက်ကြားမှသည် မြောက်ဘက်ဟဒ်ဆင်ရေလက်ကြားအထိ ကျယ်ပြန့်ကာ အလျားမိုင် ၆၅ဝ ရှိသည်။ လားဗရာဒေါနယ်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁၂၆၃ဝ ခန့်ရှိသည်။

Labrador
Labrador၏ အလံတော်
အလံတော်
Labrador၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): "The Big Land"
ဆောင်ပုဒ်: လက်တင်: Munus splendidum mox explebitur, lit.'Our splendid task will soon be fulfilled'
အထိမ်းအမှတ်သီချင်း: en:Ode to Labrador
Labrador သည် Newfoundland and Labrador တွင် တည်ရှိသည်
Labrador
Labrador
Labrador သည် ကနေဒါနိုင်ငံ တွင် တည်ရှိသည်
Labrador
Labrador
ကိုဩဒိနိတ်: 54°20′00″N 61°44′57″W / 54.33333°N 61.74917°W / 54.33333; -61.74917ကိုဩဒိနိတ်: 54°20′00″N 61°44′57″W / 54.33333°N 61.74917°W / 54.33333; -61.74917
နိုင်ငံကနေဒါ
ပြည်နယ်en:Newfoundland and Labrador
တည်ထောင်1763
ဧရိယာ
 • စုစုပေါင်း၂၉၄,၃၃၀ စတုရန်းကီလိုမီတာ (၁၁၃၆၄၀ စတုရန်းမိုင်)
လူဦးရေ (2016)
 • စုစုပေါင်း၂၇,၁၉၇
 • သိပ်သည်းမှု၀.၀၉၂/km (၀.၂၄/sq mi)
အချိန်ဇုန်များAST (UTC−4)
NST (UTC−3:30)
 • နွေရာသီ (DST)ADT (UTC−3)
NDT (UTC−2:30)
ပါလီမန်1
MHA4
လူမျိုးစုများအင်္ဂလိပ်, Innu, Inuit, Métis

လားဗရာဒေါကမ်းရိုးတန်းသည် ချွန်ထက်သော အစွယ်များသဖွယ် မိုးပေါ်သို့ ထိုးထွက်နေသော တောင်များဖြင့်ပြည့်နေ၏။ ကမ်းရိုးတန်းတစ် လျှောက်တွင် ရေခဲစိုင်မျောများ ပေါလောမျောနေသည်ကို တွေ့ရလေ့ရှိသည်။ ကမ်းရိုးတန်း၏ အတွင်းပိုင်း၌မူ ရွှေနှင့်ကြေးနီကို တွေ့ရှိရသည်။ အတွင်းကျ သောဒေသ၌ ဖဲလစပါးကျောက်လည်း အများအပြားရှိကြောင်းသိရ၏။ ကွီဗက်နှင့် လားဗရာဒေါ နယ်စပ်ဒေသတွင် အကောင်းစားသံရိုင်းကို တူးဖော်ရရှိသည်။ လာဗရားဒေါနယ်တွင် ဟမ်မီလတန်မြစ်ပေါ်ရှိ ဂရင်းရေ တံခွန်သည် နိုင်အဂ္ဂရာရေတံခွန်ထက် နှစ်ဆခန့်မြင့်လေ၏။ ယခုအခါ ရေအားကို အသုံးမပြုသေးသော်လည်း များစွာအသုံးဝင်နိုင်မည့် ရေတံခွန် ဖြစ်ပေသည်။ လားဗရာဒေါနယ်တွင် အဖိုးတန် ထင်းရှူးတောများရှိ၍ ယင်း တောများအတွင်း၌ အဖိုးတန်သားမွေးရသော သတ္တဝါများရှိသည်။ လားဗရာ ဒေါကမ်းရိုးတန်းအလွန်တစ်လျှောက်တွင် အဖိုးတန် ကော့ဒငါး၊ ဟဲရင်းငါး၊ ဆာမန်ငါးဖမ်းဌာနများရှိသည်။ ကမ်းရိုးတစ်လျှောက်တွင် ပင်လယ်ဖျံများကို လည်း ဖမ်းဆီးသည်။

လားဗရာဒေါနယ်သည် ရာသီဥတုအားဖြင့် အလွန်အေးသည်။ အကြောင်းနှစ်ပါးကြောင့် ဤသို့အေးခြင်းဖြစ်၏။ တစ်ကြောင်းမှာ အာတိတ် သမုဒ္ဒရာမှ စီးဆင်းလာသော အလွန်အေးသည် လားဗရာဒေါရေစီးကြောင်း သည် လားဗရာဒေါကမ်းခြေကို တိုက်ရိုက်ဖြတ်ကျော်သောကြောင့်ဖြစ်၏။ အခြားတစ်ကြောင်းမှာ နွေးသော အနောက်တောင်လေသည် လားဗရာဒေါသို့ မရောက်မီ ဟဒ်ဆန်အော်မှ ရေကြောင့်ဖြစ်၏။ လားဗရာဒေါနယ်တွင် နွေ ရာသီတိုတောင်း၍ ဆောင်းရာသီရှည်လျားသည်။ နှစ်စဉ် ပျမ်းမျှအပူချိန်မှာ ရေခဲမှတ်အောက်ပင် ရောက်သေးသည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် မုန် တိုင်းများ မကြာခဏဖြစ်ပေါ်သည်။

လာဗရာဒေါနယ်သည် ရာသီဥတု အေးလှသဖြင့် လူနေအိမ်ခြေ နည်းသော ဒေသဖြစ်၏။ ထိုဒေသ၌ ခရစ် ၁၈ဝဝ ပြည့်နှစ် မတိုင်မီ ကာလက နေထိုင်သူတို့မှာ အက်စကီးမိုးနှင့် အယ်လဂွန်ကွင်း အင်ဒီးယန်း လူမျိုးများသာဖြစ်၏။ ထို့နောက် နယူးဖောင်းလန်းမှ နှစ်စဉ်လာရောက် ငါးဖမ်းသော တံငါသည်များသည် ကမ်းရိုးတန်းတစ်လျှောက်၌ အတည် တကျ အိမ်များဆောက်လုပ်နေထိုင်ကြ၏။ ၁၉၆၁ ခုနှစ် သန်းခေါင်စာရင်း အရ လားဗရာဒေါတွင်ရှိသော လူဦးရေမှာ ၁၃၅၃၄ ဖြစ်၏။ ငါးဖမ်ခြင်း၊ သားမွေးအလို့ငှာ သတ္တဝါများ ဖမ်းခြင်းဖြင့် အသက်မွေးကြသည်များ၏။ သံတွင်းမှ သံများကို သယ်ယူပို့ဆောင်ရန်အတွက် မီးရထားလမ်းကို ၁၉၅ဝ ပြည့်နှစ်က စတင်ဖောက်လုပ်ရာ ၁၉၅၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ လားဗရာဒေါနယ်တွင် မြို့ကြီး ပြကြီးဟူ၍မရှိပေ။ ကမ်းရိုးတစ် လျှောက်တွင် ရွာများသာရှိသည်။ နိန်း၊ ဗက်တယ်ဟာဗာ၊ ကတ်တရိုက် စသည်တို့မှာ ရွာကြီးများဖြစ်၏။ ဂုစဗေးတွင် လေဆိပ်တစ်ခုရှိသည်။ လားဗရာဒေါကမ်းခြေကို ခရစ် ၉ဝဝ ပြည့်တွင် လိအဲရစ်ဆန် တွေ့ရှိသည်ဟု ယူဆကြ၏။ သို့သော် ၁၄၉၈ ခုနှစ်၌ ဂျွန်ကဲဗော့ ရောက်ရှိလာပြီးသည့် နောက်ပိုင်းတွင်မှ ထိုကမ်းခြေကို စူးစမ်းရှာဖွေခဲ့ကြ သည်။ ၁၈၄ဝ ပြည့်နှစ်တွင် ဟဒ်ဆန်ဗေး ကုမ္ပဏီက လာရောက်ကြည့်ရှု သော်လည်း အေးလွန်းသဖြင့် နောက်ဆုတ်သွားကြသည်။ နယူးဖောင်းလန်းမှ တံငါသည်များ အခြေစိုက်နေထိုင်စက အလွန်ပင်ဆင်းရဲပင်ပန်းကြ၏။ ၁၈၄၂ ခုနှစ်တွင် ဝီးလဖရက် ဂရင်းပဲအမည်ရှိသော သာသနာပြု ဆရာဝန် တစ်ဦး ရောက်ရှိလာပြီးလျှင် သူတို့ခံစားနေရသော ဒုက္ခများကို လူအများသိ စေအောင်ပြုပေး၍ အလှူခံရာမှ ရရှိသောငွေဖြင့် ဆေးရုံ၊ ကျောင်း စသည် တို့ကို ဆောက်လုပ်ပေးနိုင်ခဲ့သည်။

လားဗရာဒေါကို ပိုင်ဆိုင်ရေးနှင့် စပ်လျဉ်း၍ နယူးဖောင်းလန်းနှင့် ကွီဗက်ပြည်နယ်တို့သည် နှစ်ပေါင်းအတော်ကြာအောင် အငြင်းပွားခဲ့ရသေး ၏။ ယင်းအမှုကို ဗြိတိသျှ ပရီဗီကောင်စီက စဉ်းစား၍ ၁၉၂၇ ခုနှစ်၌ နယ်ကို သတ်မှတ်ပေးလိုက်ရာတွင် နယူးဖောင်းလန်းပြည်နယ်ပိုင် ဖြစ်သွား သည်။ တစ်ဖန် လားဗရာဒေါကို ပိုင်ဆိုင်အုပ်ချုပ်သော နယူးဖောင်းလန်း ပြည်နယ်သည် ၁၉၄၉ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် အကျုံးဝင်သော ပြည်နယ်ဖြစ်သွားလေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Labrador Nunatsuak: Stories of the Big Land။ 12 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2021 တွင် ပြန်စစ်ပြီး။
  2. Mapping Nitassinan (19 March 2021)။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)