လိုကီနတ်ဘုရား (အင်္ဂလိပ်: Loki) သည် နော့စ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ဦးဖြစ်သည်။ Fárbauti နှင့် Laufey တို့၏သားဖြစ်၍ ဟဲလ်ဘလင်ဒီ နှင့် Býleistr တို့နှင့် ညီအကိုတော်သည်။ ယော့တန်မျိုးနွယ် အန်းဂရာဘော်သာသည် ဇနီးသည်ဖြစ်ကာ သူမနှင့်အတူ ဟဲလ် ၊ ဖန်းရစ်ယာဝံပုလွေ နှင့် မြွေနဂါးကြီး ယောမွန်ဂန်ဒရာ တို့ထွန်းကားသည်။ အခြားဇနီးတစ်ဦး Sigynနှင့်အတူ နာဖီ နှင့် နာရီတို့၏ ဖခင်ဖြစ်၏ ။ လိုကီသည် မြင်းမအသွင်ဖြင့် စဗာသီဖာရီမြင်းနှင့်ရသော ခြေရှစ်ချောင်းပါသော စလေးနစ်ယာမြင်း၏ မိခင်လည်းဖြစ်သည်။ ထို့အပြင် အက်ဒါ စကားပြေ၌ ဗဲလီ၏ ဖခင်အဖြစ် ရည်ညွှန်းထားသည်။ သို့ရာတွင် ထိုစကားပြေ၌ပင် ဗဲလီ၏ ဖခင်ကို အိုးဒင် အဖြစ် နှစ်ခေါက် ရည်ညွှန်းရာ လိုကီမှာ တစ်ကြိမ်သာ ဖခင်အဖြစ် ရည်ညွှန်းဖော်ပြထား၏ ။ ရင်းမြစ်များအရ လိုကီနှင့် နတ်ဘုရားတို့၏ ဆက်နွယ်ပတ်သက်မှုသည် များစွာဖြစ်လျက် ရှိ၏ ။ တစ်ခါတစ်ရံတွင် လိုကီသည် နတ်ဘုရားတို့အားကူညီပေး၍ ရံခါ၌ ထိုနတ်ဘုရားများအပေါ် မလိုတမာစိတ်ဖြင့် ပြုမူတတ်သည်။ လိုကီသည် အသွင်ပြောင်းလဲနိုင်သူတစ်ဦးဖြစ်ကာ တသီးတခြား အဖြစ်ပျက်များ၌ ဆာမန်ငါး (ဆယ်လ်မွန်ဟု လူသိများသည်)၊ မြင်းမအသွင်၊ ယင်ကောင်နှင့် နောက်ဖြစ်နိုင်ချေရှိသူတစ်ဦးမှာ သဲ့ခ် (Þökk) ဟုခေါ်သော အမယ်အိုကြီး ဖြစ်သည်။ ဘော်လ်သရာနတ်ဘုရားကို သေစေခဲ့သည့်အတွက် လိုကီ၏ နတ်ဘုရားများနှင့် ကောင်းသောဆက်ဆံရေးမှာ ပျက်ပြားခဲ့သည်။ လိုကီကို ဗဲလီက ၎င်း၏သားများအနက် တစ်ယောက်သောသူ၏ အူများဖြင့် ချည်နှောင်ခဲ့သည်။ အက်ဒါ ကဗျာလင်္ကာ နှင့် အက်ဒါ စကားပြေ နှစ်ခုစလုံးတွင် စကားသီနတ်ဘုရားမသည် လိုကီကို ချည်နှောင်မှုပြုစဉ် ၎င်းအပေါ်ထက်ဝယ်၌ မြွေကြီးတစ်ကောင်ကို ထားသည့် တာဝန်ယူ၏ ။ ထိုမြွေကြီးက အဆိပ်များ တစ်စက်စက်ယိုစီးနေရာ ဇနီးသည်ဖြစ်သူက ခွက်ဖြင့်ခံပေးထားသည်။ ပြည့်လျှင် သွန်ပစ်၏ ။ ထိုသွန်နေစဉ် ကျလာသော အဆိပ်ရည်များ လိုကီအပေါ်သို့ကျသဖြင့် နာကျဉ်လွန်းသည့်အတွက် မြေငလျင်များကို လှုပ်ခတ်စေခဲ့သည်။ အဆုံးသတ်တိုက်ပွဲ ရက်နရော့ခ် ဖြစ်စဉ် ကြိုတင်ဖော်ပြထားမှု၌ လိုကီသည် ချဉ်နှောင်မှုများမှ လွတ်မြောက်လာပြီး ယော့တ်နာများ၏ အင်အားဖြင့် နတ်ဘုရားများကို တိုက်ခိုက်မည်ဖြစ်ပြီး ဟိမ်းဒါလာနတ်ဘုရားနှင့် ရင်ဆိုင်ရကာ ထိုနှစ်ဦး တစ်ဦးကတစ်ဦးကို သုတ်သင်သတ်ဖြတ်မည်ဖြစ်သည်။

လိုကီနတ်ဘုရား
လိုကီနှင့် ၎င်း၏ဇနီး Sigyn ၊ (Mårten Eskil Winge ၏ သရုပ်ဖော်ပုံ)
မိဘများFárbauti နှင့် Laufey
ဆင်းသက်သူများဖန်းရစ်ယာဝံပုလွေ နှင့် ယောမွန်ဂန်ဒရာမြွေနဂါး၊ နာဖီ နှင့် နာရီ၊ စလေးနစ်ယာမြင်း

လိုကီကို ညွှန်းဆိုဖော်ပြထားသည့် စာများမှာ အက်ဒါ စကားပြေ၊ အက်ဒါ ကဗျာလင်္ကာ၊ ဟိမ်းစခရင်လာ၊ စကောလ်ဒ် ကဗျာလင်္ကာများနှင့် စကန်ဒီနေးဗီးယား ရိုးရာပုံပြင်များတို့မှ နော်ဝေး ရှေးဟောင်းထွင်းစာ ကဗျာများ စသည်တို့ဖြစ်သည်။ စနပ်တန်ကျောက်တုံး နှင့် ဂေါ့စ်ဖော့သ် လက်ဝါးကပ်တိုင်တို့တွင် လိုကီကို ဖော်ပြမှုန်းချယ်ထားကြ၏ ။ လှည့်ဖျားသွေးဆောင်တတ်သော နတ်ဘုရားအဖြစ် ပညာရှင်အချို့ ဖော်ပြထားသည့် နော့စ်ဒဏ္ဍာရီလာ လိုကီ၏ အခန်းကဏ္ဍနှင့် ဇာစ်မြစ်ကို ပညာရှင်များစွာက ငြင်းခုံဆွေးနွေးလျက် ရှိကြ၏ ။ ခေတ်သစ် လူကြိုက်များသည့်ယဉ်ကျေးမှုများ၌လည်း ဖျော်ဖြေတင်ဆက်သော နယ်ပယ်အမျိုးမျိုး၌ လိုကီကို ကိုးကားညွှန်းဆို ဖော်ကျူးမှုများရှိကြသည်။

ကိုးကားရင်းမြစ်များ ပြင်ဆင်ရန်

  • Arvidsson၊ Stefan (2006)။ Aryan Idols: Indo-European Mythology as Ideology and Science။ University of Chicago Press။CS1 maint: ref=harv (link)
  • Bellows၊ Henry Adams (1936)။ The Poetic Edda: Translated from the Icelandic with an Introduction and Notes။ Princeton University Press/American Scandinavian Foundation။CS1 maint: ref=harv (link)
  • Calverley၊ William Slater (1899)။ Notes on the Early Sculptured Cross: Shrines in Monuments in the Present Diocese of Carlisle။ T. Wilson။CS1 maint: ref=harv (link)
  • Dickins၊ Bruce (1915)။ Runic and Heroic Poems of the Old Teutonic Peoples။ Cambridge University Press။CS1 maint: ref=harv (link)
  • Faulkes၊ Anthony (1995)။ Edda။ Everyman's Library။ ISBN 0-460-87616-3CS1 maint: ref=harv (link)
  • Larrington၊ Carolyne (1999)။ The Poetic Edda။ Oxford World's Classics။ ISBN 0-19-283946-2 Cite has empty unknown parameter: |1= (အကူအညီ)CS1 maint: ref=harv (link)
  • Lindow၊ John (2001)။ Norse Mythology: A Guide to the Gods, Heroes, Rituals, and Beliefs။ Oxford University Press။ ISBN 0-19-515382-0CS1 maint: ref=harv (link)
  • Madsen၊ Hans Jørgen (1990)။ "The god Loki from Snaptun"။ Oldtidens Ansigt: Faces of the Past။ Det kongelige Nordiske Oldskriftselskab။ ISBN 87-7468-274-1CS1 maint: ref=harv (link)
  • Hirschfeld၊ Max (1889)။ Untersuchungen zur Lokasenna။ Acta Germanica 1.1 (ဂျာမန်ဘာသာစကားဖြင့်)။ Berlin: Mayer & Müller။ p. 1Lokka.CS1 maint: ref=harv (link)
  • Orchard၊ Andy (1997)။ Dictionary of Norse Myth and Legend။ Orion Publishing Group။ ISBN 0-304-34520-2CS1 maint: ref=harv (link)
  • von Schnurbein, Stefanie (2000). "The function of Loki in Snorri Sturluson's 'Edda'". History of Religions 40: 109–124. University of Chicago Press. doi:10.1086/463618. 
  • Simek၊ Rudolf (2007)။ Dictionary of Northern Mythology။ translated by Angela Hall။ Boydell & Brewer။ ISBN 978-0-85991-513-7CS1 maint: ref=harv (link)
  • Thorpe၊ Benjamin (1907)။ The Elder Edda of Saemund Sigfusson။ Norrœna Society။CS1 maint: ref=harv (link)
  • Turville-Petre၊ E. O. G. (1964)။ Myth and Religion of the North: The Religion of Ancient Scandinavia။ Holt, Rinehart and Winston။CS1 maint: ref=harv (link)