လီကွန်ဟီး (Lee Kun-hee) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ဆမ်ဆောင်း အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်သည်။ Samsung Slush ရန်ပုံငွေများအလွဲသုံးစားမှုနှင့် ပတ်သက်သော မကောင်းသတင်းများကြောင့် ၂၀၀၈ ခုနှစ် ဧပြီ ၂၁ တွင် အလုပ်ထွက်လိုက်သော်လည်း ၂၀၁၀ မတ်လ ၂၄ တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

လီကွန်ဟီး
၂၀၁၃ ခုနှစ်က တွေ့ရသော လီကွန်ဟီး
မွေးဖွား (1942-01-09) ဇန်နဝါရီ ၉၊ ၁၉၄၂ (အသက် ၈၂)
Ŭiryŏng, South Kyŏngsang, South Korea[၁]
နိုင်ငံလူမျိုးတောင်ကိုရီးယား
မိခင်ကျောင်းWaseda University
George Washington University
အလုပ်အကိုင်ဆမ်ဆောင်း၏ ဥက္ကဋ္ဌ
ကြွယ်ဝမှုIncrease US$ ၁၄.၈ ဘီလီယံ (မေ ၂၀၁၆)[၂]
အိမ်ထောင်ဖက်(များ)Hong Ra-hee[၃]
သားသမီးLee Jae-yong
Lee Boo-jin
Lee Seo-hyun
Lee Yoon-hyung†
မိဘ(များ)Lee Byung-chul
Park Du-eul
လီကွန်ဟီး
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်이건희
ဟန်ဂျာ李健熙
RRအက္ခရာဖလှယ်ခြင်း:I Geonhui
MRအက္ခရာဖလှယ်ခြင်း:Yi Kŏnhŭi

သူသည် တိုကျို Waseda တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်တွင် MBA သင်တန်းကို တက်ရောက်ခဲ့သော်လည်း ဘွဲ့မရရှိခဲ့ပါ။ သူသည် ကိုရီးယား၊ အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကားများကို တတ်ကျွမ်းပြောဆိုသည်။ ၁၉၉၆ ခုနှစ်တွင် သူသည် နိုင်ငံတကာအိုလံပစ်ကော်မတီတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ပျှမ်းမျှ ၁၂.၆ ဘီလျံဒေါ်လာ ဝင်ငွေဖြင့် သူနှင့်သူမိသားစုကို Forbes ၏ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းတွင် ထည့်သွင်းခဲ့သည်။ သူသည် ဆမ်ဆောင်းအဖွဲ့အစည်းကြီးကို တည်ထောင်သူ လီဗျောင်ချူး၏ တတိယမြောက်သားဖြစ်သည်။

Forbes မဂ္ဂဇင်းကြီး၏ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်များ စာရင်းတွင် ၄၁ နေရာမြောက်တွင်ရှိသူအဖြစ် ထည့်သွင်းဖော်ပြခံခဲ့ရပြီး ဘန်ကီမွန်း၏နောက် ဒုတိယအချမ်းသာဆုံး တောင်ကိုရီးယားလူမျိုးဖြစ်သည်။

Samsung ရန်ပုံငွေများ အလွဲသုံးစားမှု ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ ဥပဒေရေးရာများ၊ တရားသူကြီးများနှင့် အစိုးရအရာရှိများပေါ်တွင် ဩဇာလွှမ်းမိုးရန် ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှု၌ ဆမ်ဆောင်းက တာဝန်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် သူ၏ အိမ်နှင့်ရုံးကို ကိုရီးယားရဲဌာနမှ ရုတ်တရက်သိမ်းယူခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် သူ့ကို ဒုတိယအကြိမ်အဖြစ် တောင်ကိုရီးယားအစိုးရရှေ့နေများက စစ်မေးရာ သူက သတင်းထောက်များအား “အရာအားလုံးအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်၊ ကိုယ်ကျင့်တရားနဲ့ တရားဝင်အကျိုးဆက်တွေအကုန်အတွက် တာဝန်ခံမှာပါ ”ဟု ဖြေကြားခဲ့သည်။

ထိုစကားသည် ဧပြီလ ၄ ရက်နေ့က သူ၏ပထမ ထွက်ဆိုမှုဖြစ်သော ဆမ်ဆောင်းရန်ပုံငွေအမှုသည် သူ၏ ရာထူးနေရာနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟူသည်နှင့် မကိုက်ညီခဲ့ချေ။ သူသည် ဆမ်ဆောင်း၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ကြိုးစားနေခြင်းကို ပိုမိုခိုင်မာစေခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့တွင် သူသည် တရားဝင်နုတ်ထွက်ခဲ့ပြီး ပြောကြားခဲ့သည်မှာ “ကျွန်တော်အပါအဝင် ဒီကုမ္ပဏီကြီးက တိုင်းပြည်ကို ပြဿနာကြီးဖြစ်စေခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်၊ အရာအားလုံးအတွက် တရားဥပဒေကြောင်းအရရော ကိုယ်ကျင့်သိက္ခာအရပါ ကျွန်တော်က လုံးဝတာဝန်ယူပါတယ်”။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် New York Times သတင်းစာက ဆိုးလ်မြို့ဗဟိုတရားရုံးချုပ်က သူ့အား ငွေကြေးအလွဲသုံးစားမှုနှင့် အခွန်ရှောင်ရှားမှုတို့အတွက် အပြစ်ရှိကြောင်းသတ်မှတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အစိုးရရှေ့နေများက သူ့အား ထောင်ဒဏ် ၇ နှစ်နှင့် ၃၄၇ မီလျံဒေါ်လာ ဒဏ်ကြေးပေးဆောင်ပါရန် တောင်းဆိုခဲ့သည်။ တရားရုံးတော်က သူ့အား ဒဏ်ကြေး ၁၀၉ မီလျံဒေါ်လာနှင့် ရပ်ဆိုင်းထောင်ဒဏ် ၃ နှစ်ကျခံစေခဲ့သည်။ သူသည် စီရင်ချက်အား တုံ့ပြန်မှု မပြုလုပ်ခဲ့ချေ။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်မူ တောင်ကိုရီးယား အစိုးရက ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် ဖြောင်ချန်းမြို့လေလံပွဲအား ကူညီရန် သူ့အား ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည်။ သို့သော် IOC က သူတို့ ကော်မရှင်အဖွဲ့ကိစ္စများတွင် ပါဝင်ပတ်သက်ခွင့်ကို ၅ နှစ် ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၀ မတ်လ ၂၄ တွင် သူသည် ဆမ်မ်ဆောင်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌအနေဖြင့် ပြန်လည်ဝင်ရောက်လုပ်ကိုင်မည်ဟု ကြေညာခဲ့သည်။


ဆမ်ဆောင်း၏ ဥက္ကဋ္ဌအဖြစ် အောင်မြင်မှုများ ပြင်ဆင်ရန်

၁၉၉၀ နှစ်ဦးပိုင်းများတွင် ဆမ်ဆောင်းအဖွဲ့ကြီးသည် အရည်သွေးနိမ့်ကုန်ပစ္စည်များကို အလွန်အာရုံစိုက်ကာ အရေအတွက်များစွာ ထုတ်လုပ်နေပြီး အရည်အသွေး၌ ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားခြင်းမရှိမှုအပေါ် Lee က ပြောသည့် နာမည်ကြီး စကားမှာ “သင့် မိန်းမနှင့် ကလေးများကလွဲ၍ ကျန်တာအကုန် ပြောင်းလဲပစ်ပါ”ဟု ဖြစ်သည်။ ထိုပြောင်းလဲအစားထိုးမှုသည် ယခုအခါ ကျယ်ပြန့်အောင်မြင်သည်ဟု ယူဆရသည်။ ထိုအဖွဲ့ကြီး၏ လက်ခွဲဖြစ်သော ဆမ်ဆောင်းလျှပ်စစ်ကုမ္ပဏီသည် ယခုအခါ ကမ္ဘာ့လျှပ်ကူးပစ္စည်းထုတ်လုပ်မှု တည်ထွင်မှုဈေးကွက်တွင် ဦးဆောင်နေသော ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်နေပြီး Fortune မဂ္ဂဇင်း၏ ၂၀၀၇ ခုနှစ် ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းကြီး ၁၀၀ ထဲတွင် စာရင်းသွင်းခံနေရသည်။

အင်တာဗျူးတစ်ခုတွင် ဆမ်မ်ဆောင်းက တောင်ကိုရီးယား၏ အာရုံဝင်စားမှုကို ရယူနိုင်ခဲ့သည်က သူက ဂုဏ်ယူထုတ်ဖော်ခဲ့ဖူးသော်လည်း သူ၏ ပန်းတိုင်သစ်မှာ ဆမ်မ်ဆောင်းသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်ရန် ကမ္ဘာတစ်ဝန်းလုံး၏ စွမ်းရည်များကို ဆွဲဆောင်ရန်ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုယ်ပိုင်မိသားစု ဘဝ ပြင်ဆင်ရန်

သူ၏ မွေးချင်းများနှင့် ထိုသူတို့၏ သားသမီးများသည်လည်း ကိုရီးယားစီးပွားရေးလောကတွင် အဓိကကျသော ဦးဆောင်သူများဖြစ်ကြသည်။ သူ့အစ်ကိုအကြီး၏ သားသည် စားသောက်ကုန်၊ ယမကာနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ချုပ်ကိုင်ထားသော CJ အဖွဲ့ကြီး၏ လက်ရှိဥက္ကဋ္ဌဖြစ်သည်။ ဒုတိယအစ်ကို၏ သားသည် အကြီးဆုံးမီဒီယာထုတ်လုပ်ရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် Saehan မီဒီယာကို တည်ထောင်လုပ်ကိုင်နေသည်။ သူ၏ အစ်မကြီးသည် တိုင်းပြည်တွင် အကြီးဆုံးစက္ကူထုတ်လုပ်ရေး၊ အီလက်ထရောနစ်နှင့် ကြေးနန်းဆက်သွယ်ရေးများ ထုတ်လုပ်သည့် Hansol အဖွဲ့၏ ပိုင်ရှင်ဖြစ်သည်။

သူ့အစ်မများထဲမှ တစ်ဦးသည် LG Semiconductor ၏ ဥက္ကဋ္ဌဖြစ်ပြီး LG အဖွဲ့အစည်းကြီးတစ်ခုလုံး၏ ဥက္ကဋ္ဌနှင့် ညီအစ်ကိုတော်သူ Koo Ja-hak နှင့် လက်ထပ်ထားသူဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် ကိုရီးယားနိုင်ငံ၏ အကြီးဆုံး စားသောက်ကုန်ဝန်ဆောင်မှုအဖွဲ့ကြီးကို စီမံခန့်ခွဲလျက်ရှိသည်။ သူ၏ ညီမဖြစ်သူ Lee Myung Hee သည် လက်ရှိအချိန်တွင် ကိုရီးယား၏အကြီးဆုံး လက်လီကုမ္ပဏီကြီးဖြစ်သည့် Shinsegae Group ၏ ဥက္ကဋ္ဌဖြစ်ပြီး အဓိကအားဖြင့် Shinsegae Department Sotre များနှင့် E-Mart များကို ကိုင်တွယ်သည်။ သူ့သမီးဖြစ်သူ Lee Yoon-hyung သည် ၂၀၀၅ ခုနှစ်တွင် သူမကိုယ်သူမ သတ်သေခဲ့ပြီး သူသည် သမီး၏အသုဘအား တက်ရောက်ခြင်းမပြုခဲ့ချေ။ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် သူသည် တက္ကဆက်ပြည်နယ် Houston မြို့ရှိ MD Anderson ကျန်းမာရေးစင်တာတွင် ကင်ဆာရောဂါစစ်ဆေးမှုများပြုလုပ်ရင်း အချိန်ကုန်ခဲ့ရသည်။

ဆုတံဆိပ်များ ပြင်ဆင်ရန်

၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် သူသည် Korea Society မှ James A. Van Fleet ဆုကို ရရှိခဲ့သည်။

အဆိုအမိန့်များ ပြင်ဆင်ရန်

“ဉာဏ်ကြီးရှင်တစ်ဦးက လူသန်းပေါင်းများစွာကို လုပ်ကျွေးနိုင်တယ်၊ နောင်လာမည့်နှစ်တွေမှာ တီထွင်ဖန်တီးမှုသည် စီးပွားရေးအောင်မြင်မှု၏ အဓိကအကျဆုံးလက်နက်ဖြစ်လာတဲ့အခါ အတော်ဆုံးတွေကိုသာ ခန့်အပ်ဖို့လိုပါတယ်၊ ဉာဏ်ကြီးရှင်တစ်ဦး၏ စီးပွားရေးတန်ဖိုးသည် ၁ ဘီလျံဒေါ်လာထက်လည်း ပိုပါတယ်၊ ကျွန်တော်က အဲဒီလို ဉာဏ်ကြီးရှင်မျိုးဖြစ်တယ်”


“စီးပွားရေးလောကဆိုတာ သိသာထင်ရှားစွာ ပြောင်းလဲတတ်ပါတယ်၊ နောက်အနာဂတ်မှာ ဘယ်အပိုင်းကဏ္ဍမျိုးက အခွင့်အရေးရှိပြီး တိုးတက်မလဲဆိုတာကို ကြိုမြင်နိုင်ဖို့ တဖြည်းဖြည်း ခက်သထက်ခက်လာနေပြီ၊ ဒါပေမယ့် အတော်ဆုံးနဲ့ အထက်မြက်ဆုံးတွေကိုသာ ခန့်ထားရင် အနာဂတ်မှာ ဘယ်လိုကိစ္စမျိုးပဲဖြစ်လာဖြစ်လာ ဖြေရှင်းနိုင်ပါလိမ့်မယ်”


“လက်ရှိလောကထဲမှာ ကိစ္စတွေအများကြီးဖြစ်ပျက်နေတဲ့အခါ ပြဿနာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုရဲ့ တကယ့်ရှုထောင့်အစစ်အမှန်ကို နားလည်ဖို့အတွက် ခက်ခဲပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်က ကျွန်တော့်ဝန်ထမ်းများကို ဖြစ်လာတဲ့အခြေအနေရဲ့ အမျိုးမျိုးသောရှုထောင့်တွေကနေ ခွဲခြမ်းစိတ်ဖြာဖို့ တိုက်တွန်းတာဖြစ်ပါတယ်၊ ဒီလိုတွေးတောခြင်းဟာ အခြေအနေတစ်ခုရဲ့ အစစ်အမှန်ကိုမြင်ရပြီး တနည်းပြောရရင် ဆင်ခြင်ဉာဏ်ရှိရှိ တုံ့ပြန်စေနိုင်ပါလိမ့်မယ်”


“စီအီးအို တစ်ယောက်ကို သူလုပ်ခဲ့တဲ့ ငွေကြေးဆိုင်ရာကိစ္စတွေအားနည်းတာကြောင့် ဖြုတ်ပစ်လိုက်တယ်ဆိုတာဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်၊ စီအီးအိုတစ်ယောက်က ကဏ္ဍတစ်ခုမှာ မှားယွင်းပြုမူဆုံးဖြတ်မိပေမယ့် တခြားနေရာတွေမှာ အများကြီးကောင်းအောင် လုပ်နိုင်တဲ့အဖြစ်အပျက် အခြေအနေတွေ တော်တော်များများ ကျွန်တော်ကြုံဖူးခဲ့ပါတယ်၊ ဒါတွေဟာ ဂျပန်စီးပွားရေးလုပ်ငန်းစုကြီးတွေက အမေရိကန်လုပ်ငန်းစုကြီးတွေထက် ပိုပြီး ပြည့်စုံအောင်မြင်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ပါပဲ”

ကိုးကား ပြင်ဆင်ရန်

  1. Louis Kraar (12 Apr 2010)။ Lee Kun-Hee South Korean businessman။ Britannica။ 18 Feb 2017 တွင် ပြန်စစ်ပြီး။
  2. "Lee Kun-Hee"Forbes (profile)6 Oct 2014 တွင် ပြန်စစ်ပြီး
  3. Hong Ra-hee makes comeback as Leeum’s director