လူဝံ
Orangutans (အိုရန်ဂူတန်)
Temporal range: Early Pleistocene – Recent
Bornean orangutan
(Pongo pygmaeus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
Superfamily: Hominoidea
မျိုးရင်း: Hominidae
မျိုးရင်းသေး: Ponginae
မျိုးစု: Pongo
Lacépède, 1799
အမျိုးအစား မျိုးစိတ်
Pongo pygmaeus
Lacépède, 1799 (Simia satyrus လင်းနီးယပ်၊ ၁၇၆၀)
မျိုးစိတ်

Pongo pygmaeus
Pongo abelii
Pongo tapanuliensis
Pongo hooijeri
Pongo weidenreichi

ရှင်သန်ဆဲ မျိုးစိတ် သုံးခုအား တွေ့ရှိရသော ဒေသများ
Synonyms

Faunus Oken, 1816
Lophotus Fischer, 1813
Macrobates Billberg, 1828
Satyrus Lesson, 1840

လူဝံသည် မျောက်ဝံလေးမျိုးတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ အကြီးဆုံးနှင့်ကြမ်းကြုတ်ခတ်ထန်ပြီး အသန်စွမ်းဆုံး မျောက်ဝံမျိုးမှာ ဂေါ်ရီလာမျောက်ဝံဖြစ်၍ အခြားမျောက်ဝံမျိုးမှာ ချင်ပန်ဇီမျောက်ဝံနှင့် မျောက်လွှဲကျော်တို့ဖြစ်ကြသည်။

လူဝံသည် ဂေါ်ရီလာမျောက်ဝံနှင့် ချင်ပန်ဇီမျောက်ဝံတို့ကဲ့သို့ လူနှင့်အလွန်တူသည်။ လူဝံအထီးကြီးသည် တစ်ခါတစ်ရံ လေးပေခွဲမှ ငါးပေအထိမြင့်သည်။ ကိုယ်လုံးကိုယ်ထည်တုတ်ခိုင်၍ တစ်ကိုယ်လုံးတွင် နီညို ညိုအမွှေးရှည်များ ဖုံးအုပ်လျက်ရှိသည်။ ခြေထောက်များမှာတို၍ လက်တံများက ခြေထောက်ထက်ပိုရှည်ရာ လက်နှစ်ဖက်ကို ဆန့်လိုက်သည့်အခါ ခုနစ်ပေထိပင်ရှည်သည်။ လူဝံသည် မတ်မတ်ရပ်လိုက်သည့်အခါ လက်တံ များသည် ခြေမျက်စိထိမှီကြသည်။ မြေကြီးပေါ်တွင် လမ်းလျှောက်သည့်အခါ လက်ခေါက်ဆစ်များကို အသာအသာဖိ၍ လျှောက်တတ်ကြသည်။ လူဝံတို့၏ ဇာတိနေရပ်မှာ အရှေ့အိန္ဒိယကျွန်းစုရှိ ဗော်နီယိုကျွန်း နှင့် ဆူမတြားကျွန်း စိမ့်တောများဖြစ်ကြသည်။ လူဝံများသည် မြေကြီးပေါ် တွင် မတ်မတ်ရပ်၍ လမ်းလျှောက်ရာ၌ ကိုးရိုးကားယား နိုင်လှသော်လည်း သစ်ပင်များပေါ်၌ကား အလွန်ကျင်လျှင်၏။ တောထဲရှိ သစ်ပင်တစ်ပင်မှတစ်ပင်သို့၊ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်းသို့ လွှဲ၍လွှဲ၍ ခုန်သွားလေ့ရှိကြသည်။ သစ်သီးဝလံများနှင့် အရည်ရွှမ်းသောသစ်ဥသစ်ဖုများကို စားသောက်ကြသည်။ လူဝံများသည် အထီး အမ နှစ်ကောင်တွဲသော်လည်းကောင်း၊ သားငယ် သမီးငယ် နှစ်ကောင် သုံးကောင်ပါသော မိသားစုကလေးဖြင့်သာသော်လည်းကောင်း နေထိုင်လေ့ရှိကြသည်။ အုပ်စုဖွဲ့၍ သွားလာနေထိုင်လေ့မရှိချေ။

လူဝံများသည် အမြီးမရှိ။ မျောက်ကဲ့သို့ ပါးစောင်အိတ်လည်းမရှိချေ။ လူဝံများသည် အေးချမ်းစွာနေထိုင်ကြသည်။ သို့သော် ရန်စခံရ သောအခါမျိုးတွင် ပြင်းထန်စွာ ပြန်လည်ရန်မူတတ်သည်။ နေဝင်ချိန်တွင် သစ်ပင်များပေါ်၌ ပြုလုပ်ထားသော အသိုက်များထဲ၌ အိပ်စက်ကြသည်။ ဖမ်းဆီးရမိထားသော လူဝံများကို အလွယ်တကူနှင့် သင်ကြားယူနိုင်သည်။ လူတို့ပြုလုပ်သမျှကို အတုခိုး၍ ပြုလုပ်လေ့ရှိသည်။ ချင်ပန်ဇီမျောက်ဝံ တို့လောက် အသိဉာဏ်မကောင်းသော်လည်း ယင်းတို့၏ မျက်နှာအမူအရာ အနေအထားကို ပြောင်းလဲတတ်သောကြေင့် စိတ်ဝင်စားဖွယ်ကောင်းပေ သည်။ လူဝံသည် ပါဏဗေဒအလိုအရ ပရိုင်းမိတ်မျိုးစဉ်တွင် ဆီမိုင်အီဒီး မျိုးရင်း၌ပါဝင်သည်။ ဂေါ်ရီလား မျောက်ဝံမျိုးလောက် ကြမ်းကြုတ်ခက်ထန် ခြင်းမရှိချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)