လော့ခ်နက်စ် (အင်္ဂလိပ်: Loch Ness; /ˌlɒx ˈnɛs/) သည် ကြီးမား၊ နက်ရှိုင်းသော ရေချို လော့ခ်ရေအိုင်အမျိုးအစားဖြစ်၍ ခန့်မှန်းခြေအားဖြင့် အင်ဗားနက်စ်မြို့၏ အနောက်တောင်ဘက် ၃၇ ကီလိုမီတာ (၂၃ မိုင်) အထိရှည်လျားသော စကော့တလန်ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည်။ ရေအိုင်မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ မီတာ (၅၂ ပေ) တွင် တည်ရှိသည်။

လော့ခ်နက်စ်
Loch Ness
A lake with a ruined castle in the foreground
ရှေ့ပိုင်းမြင်ကွင်းတွင် အားခါ့တ် ရဲတိုက်နှင့်အတူ
လော့ခ်နက်စ် Loch Ness သည် စကော့တလန်နိုင်ငံ တွင် တည်ရှိသည်
လော့ခ်နက်စ် Loch Ness
လော့ခ်နက်စ်
Loch Ness
တည်နေရာစကော့တလန်ကုန်းပြင်မြင့်
ကိုဩဒိနိတ်57°18′N 4°27′W / 57.300°N 4.450°W / 57.300; -4.450ကိုဩဒိနိတ်: 57°18′N 4°27′W / 57.300°N 4.450°W / 57.300; -4.450
အမျိုးအစားရေချို လော့ခ်ရေအိုင် (အဟာရနည်းပါး, အပေါ်အောက် အပူချိန်ခြားနားချက်နည်းပါး)[၁]
ပင်မ ရေဝင်စီးကြောင်းRiver Oich/Caledonian Canal, River Moriston, River Foyers, River Enrick, River Coiltie
ပင်မ ရေထွက်စီးကြောင်းRiver Ness/Caledonian Canal
ရေစုဝေးရာ နေရာ၁,၇၇၀ km2 (၆၈၅ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများယူနိုက်တက်ကင်းဒမ်း၊ စကော့တလန်
အကျယ်ဆုံး အလျား၃၆.၂ km (၂၂.၅ mi)
အကျယ်ဆုံး အနံ၂.၇ km (၁.၇ mi)
မျက်နှာပြင် ဧရိယာ၅၆ km2 (၂၁.၈ sq mi)
ပျမ်းမျှအနက်၁၃၂ m (၄၃၃ ft)
အနက်ဆုံး အနက်အရှိုင်း၂၂၆.၉၆ m (၁၂၄.၁၀ fathom; ၇၄၄.၆ ft)
ရေထုထည်၇.၅ km3 (၁.၈ cu mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၅.၈ m (၅၂ ft)
ကျွန်းများ1 (Cherry Island)
အနီးရှိမြို့များFort Augustus, Invermoriston, Drumnadrochit, Abriachan, Lochend; Whitebridge, Foyers, Inverfarigaig, Dores

လော့ခ်နက်ရေအိုင်သည် အငြင်းပွားဖွယ် နဲဆီ (Nessie) ခေါ် လော့ခ်နက်စ် ဧရာမသတ္တဝါကြီးကို လာရောက်ကြည့်ရှုရှာဖွေခြင်းကြောင့် အကျော်ကြားဆုံးဖြစ်၏ ။ တောင်ဘက်ဆုံးတွင် အွိုက်ခ်မြစ်နှင့် ဆက်သွယ်ထားကာ ကာလီဒိုးနီယန်တူးမြောင်းအပိုင်းမှ အွိုက်ခ်ရေအိုင်အထိ ဆက်သွယ်မှုရှိသည်။ မြောက်ဘက်ဆုံးပိုင်း၌ ဒေါ့ခ်ဖော လော့ခ်ရေအိုင်ကို စီးဆင်းသွားသည့် ဘိုနာရေလက်ကြားရှိ၍ ဒေါ့ခ်ဖောရေအိုင်မှတစ်ဆင့် နက်စ်မြစ်စီးဆင်းပြန်သည်။ ထိုမှတစ်ဆင့် အင်ဗားနက်စ်မြို့ဆီသို့ ရောက်ရှိကာ အဆုံးသတ်၌ မော်ရီဖာ့သ် ပင်လယ်ဝကျဉ်းရေအိုင်၊ ထို့နောက် မြောက်ပင်လယ် (North sea) အထိ ရောက်ရှိသည်။ မြစ်များ၊ အိုင်များ အချင်းချင်း ချိတ်ဆက်နေသော နေရာတစ်ခုဖြစ်ပြီး စကော့တလန်၏ နောက်ကျိသောရေထုနေရာတစ်ခုလည်းဖြစ်ရာ ပတ်ဝန်းကျင်ကုန်းမြေ၌ သစ်ဆွေးမြေများပြားမှုကြောင့် ရေ၏ကြည်လင်နှုန်း အလွန်နိမ့်သည်။

လော့ခ် လိုမန်ရေအိုင်ပြီးနောက် စကော့တလန်တွင် ဒုတိယအကြီးဆုံး လော့ခ်အမျိုးအစား ရေအိုင်ဖြစ်ကာ မျက်နှာပြင် အကျယ်အဝန်းမှာ ၅၆ km2 (၂၂ sq mi) ရှိလေသည်။ နက်ရှိုင်းသည့်အတွက်ကြောင့် ဗြိတိသျှကွန်းစုများတွင် ရေထုထည်အများဆုံးအိုင်လည်းဖြစ်၏ ။ အနက်ဆုံးနေရာသည် ၂၃၀ မီတာ (၁၂၆ fathom; ၇၅၅ ပေ) အထိရှိရာ[၂][၃] စကော့တလန်တွင် ဘော့ခ် မော်ရာပြီးလျှင် ဒုတိယအနက်ဆုံးအိုင်လည်းဖြစ်၏ ။ ၂၀၁၆ လေ့လာတိုင်းတာချက်များအရ အောက်ခြေအက်ကြောင်းတစ်ခုသည် အနက် ၂၇၁ m (၈၈၉ ft) အထိရှိသည်ဟု ဆိုကြသည်။ သို့သော် နောက်ထပ်သုတေသနများက ဤသည်မှာ အသံလှိုင်းတိုင်းတာမှု (ဆိုနာ) ၏ မူမမှန်ခြင်းဟု ဆုံးဖြတ်ခဲ့ကြလေသည်။[၄] လော့ခ်နက်စ်ရေအိုင်မှ ရေပမာဏသည် အင်္ဂလန်၊ ဝေလနယ်တို့မှ ရေအိုင်စုစုပေါင်း ရေပမာဏထက် ပိုများ၍[၃] အင်ဗားနက်စ်မြို့ဆီမှ တောင်ဘက် ဝီလျံခံတပ်အထိ ရောက်ရှိသော ဂရိတ်ဂလန်း (တောင်ကြားဒေသ)တွင် ရေထုအကြီးဆုံး ရေအိုင်တစ်ခုဖြစ်ပေသည်။

ကိုးကား ပြင်ဆင်ရန်

  1. Dill, W.A. (1993). Inland Fisheries of Europe, p. 227. EIFAC FAO Technical Report 52 suppl.
  2. Bathymetrical Survey of the Fresh-Water Lochs of Scotland, 1897–1909။ National Library of Scotland။ 8 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 August 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Ness, Loch။ The Gazetteer for Scotland။ 2010-02-09 တွင် ပြန်စစ်ပြီး။
  4. "A new hideaway for the Loch Ness monster? Skipper claims to have uncovered deepest crevice yet"။