လျှပ်ခံ ခေါ် ရ(စ)စစ်စတာ (Resistor) သည် အီလက်ထရွန်းနစ် ကိရိယာ အစိတ်အပိုင်းပစ္စည်း တစ်မျိုးဖြစ်ပြီး လျှပ်စစ် ပတ်လမ်း သို့မဟုတ် အီလက်ထရွန်းနစ် ပတ်လမ်းအတွင်းတွင် လျှပ်စစ်စီးမှုကို ဟန့်တားပေးထားသည်။ လျှပ်ခံအား ဗို့အားကို ထိန်းချုပ်ရာတွင် အသုံးပြုကြ‌ေပသည်။ လျှပ်ခံများကို ထိရှလွယ်သော အီလက်ထရွန်းနစ် အစိတ်အပိုင်း ပစ္စည်းများအား ပေါက်ကွဲမသွားရန် ထိန်းချုပ်ရာတွင်လည်း အသုံးပြုသည်။

လျှပ်ခံ အမျိုးကွဲ ၆ မျိုး

လျှပ်ခံများကို တွဲဆက် ချိတ်ဆက်၍ သို့မဟုတ် ပြိုင်ဆက် ချိတ်ဆက်၍ အသုံးပြုနိုင်သည်။

လျှပ်ခံတန်ဖိုးများ ခွဲခြားသတ်မှတ်ခြင်း ပြင်ဆင်ရန်

ယနေ့ခေတ် လျှပ်ခံများတွင် လျှပ်ခံပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် တန်ဖိုး သတ်မှတ်ရေးထိုးထားလေ့ ရှိသည်။ လျှပ်ခံများပေါ်တွင် အရောင်များကို အသုံးပြု၍လည်း တန်ဖိုး သတ်မှတ်လေ့ ရှိကြသည်။ အရောင်လိုင်း ၄ ခုပါဝင်သော လျှပ်ခံတွင် ပထမ ၃ လိုင်းသည် တန်ဖိုးကို ရည်ညွှန်းပြီး နောက်ဆုံးလိုင်းသည် Tolerance ကို ရည်ညွှန်းသည်။ ပထမ ၂ လိုင်းသည် တန်ဖိုး အတိုင်းပင် သတ်မှတ်သော်လည်း တတိယမြောက်လိုင်းမှာ ၁၀ ၏ ဆတိုးကိန်း အဖြစ် သတ်မှတ်လေ့ ရှိသည်။ အရောင်တန်ဖိုးကို နက်ညိုနီမော်ဝါစိမ်းပြာရမ်းခိုးဖြူဟု အတိုကောက် သတ်မှတ် မှတ်သားလေ့ ရှိကြသည်။

အနက်

အညို

အနီ

လိမ္မော်

အဝါ

အစိမ်း

အပြာ

ခရမ်း

မီးခိုး

အဖြူ

လျှပ်ခံများသည် နေရာတကာတွင် တွေ့ရသော ကိရိယာများ ဖြစ်သည်။ အမျိုးအစား အမျိုးမျိုး ရှိသလို အမျိုးမျိုးလည်း အသုံးချိနိုင်ပေသည်။ လျှပ်ခံများအား ချဲ့စက်များ တွင် ထကြွကိရိယာများအတွက် ဝန် အဖြစ် လည်းကောင်း၊ ဘိုင်းယပ်စ် ကွန်ယက်များတွင် လည်းကောင်း၊ ပြန်ကျွေး ကိရိယာများ အဖြစ်လည်းကောင်း သုံးကြသည်။ လျှပ်သိုနှင့် တွဲဖက်၍ သုံးသော အခါ အချိန်ကိန်းသေ အတိုင်း အလုပ်လုပ်သော ကိရိယာများ ဖြစ်လာပြီး ဖစ်တာ အဖြစ်လည်း သုံးနိုင်သည်။ အလုပ်လုပ်သော လျှပ်စီး နှင့် ဆစ်ဂနယ် ပမာဏကို သတ်မှတ်ရန် အတွက်လည်း အသုံးပြုကြသည်။ လျှပ်ခံများအား ပါဝါပတ်လမ်းများတွင် ပါဝါကို လွှတ်ထုတ်ခြင်းဖြင့် ဗို့အားကို လျှော့ချရန်၊ လျှပ်စီးကို တိုင်းတာရန် နှင့် ပါဝါကို ဖယ်ရှားလိုက်သည့် အခါတွင် လျှပ်သိုမှ သိုမှီးထားသော ဓာတ်အားကို လွှတ်ထုတ်ရန် အတွက်လည်း အသုံးပြုကြသည်။ ၎င်းတို့ကို အတိအကျ အလုပ်လုပ်သော ဆားကစ်များ တွင် လျှပ်စီးကို ထုတ်လွှတ်ရန်၊ တိကျသော ဗို့အား အချိုး ပေးနိုင်ရန် နှင့် တိကျသော ကိန်း တန်ဖိုး သတ်မှတ်ရန် နှင့် ဆွဲတင် ဆွဲချ လျှပ်ခံများ အဖြစ်လည်း သုံးကြသည်။ ဗို့အားမြင့် ဆားကစ်များတွင် လျှပ်ခံများအား ဗို့အားကို တိုင်းတာရန် နှင့် တန်းဆက် ချိတ်ထားသော ဒိုင်အုတ်များ သို့မဟုတ် လျှပ်သိုများ ကြားရှိ စိမ့်ထွက်သော လျှပ်စီးကို ညီမျှအောင် ပြုလုပ်ရန် အတွက်လည်း သုံးကြသည်။ ရေဒီယို ကြိမ်နှုန်း (RF) ဆားကစ်များတွင် ရီဆိုနန့် ဆားကစ်များ အတွက် ဘန်းဝစ်ကို သတ်မှတ်ရန် အသုံးပြုကြပြီး လျှပ်ညှို့များ အတွက် ကွိုင်ပုံစံ အဖြစ်လည်း အသုံးပြုကြသည်။

လျှပ်ခံများအား ခုခံမှုအား 0.0002 Ω မှ 1012 အထိ ရရှိနိုင်ပြီး ပုံမှန် ပါဝါ သတ်မှတ်ချက်မှာ 1/8 ဝပ် မှ 250 ဝပ် အထိ ရနိုင်ကာ တိကျမှု အဖြစ် 0.005% မှ 20% အထိ ရရှိနိုင်သည်။ လျှပ်ခံများကို သတ္တုပြားများ၊ သတ္တု အောက်ဆိုက်ဒ်ပြားများ သို့မဟုတ် ကာဘွန်ပြားများ ဖြင့် လည်းကောင်း၊ ကာဘွန် ကွန်ပိုဆေးရှင်း သို့မဟုတ် ကြွေ ကွန်ပိုဆေးရှင်း မို ဖြင့် လည်းကောင်း၊ သတ္တုလိပ် သို့မဟုတ် သတ္တုဝိုင်ယာပတ် ပုံစံ ဖြင့်လည်းကောင်း၊ ဖီးအဖက် ထရန်စစ္စတာ ကဲ့သို့သော တပိုင်းလျှပ်ကူးကိရိယာများ ဖြင့်လည်းကောင်း တည်ဆောက်လေ့ ရှိသည်။ အသုံးအများဆုံး လျှပ်ခံ အမျိုးအစားများမှာ ကာဘွန်၊ သတ္တု သို့မဟုတ် အောက်ဆိုက်ဒ်ပြားများဖြင့် တည်ဆောက်ကြပြီး အသုံးများသော ထုတ်ပိုးပုံစံ ၂မျိုး ရှိသည်။ ၎င်းတို့မှာ ဝင်ရိုးပုံစံ (ပုံမှန်အားဖြင့် RN55D 1% 1/4W သတ္တုပြား လျှပ်ခံ ) နှင့် ပိုမို၍ သေးငယ်သော မျက်နှာပြင်ကပ် ချစ်ပ် လျှပ်ခံ တို့ ဖြစ်ကြသည်။ အသုံးများသော အမျိုးအစားများတွင် တိကျမှု အားဖြင့် 5%, 2% နှင့် 1% တို့ ရှိပြီး တန်ဖိုး အနေဖြင့် 1Ω မှ 100MΩ အထိ ရှိတတ်သည်။ 1% အမျိုးအစားတွင် ဆယ်စု တစ်ခု၌ တန်ဖိုး ၉၆ ခု ရှိပြီး 2% နှင့် 5% အမျိုးအစားတွင် ဆယ်စု တစ်ခု၌ တန်ဖိုး ၄၈ ခု နှင့် ၂၄ ခု အသီးသီး ရှိကြသည်။ လျှပ်ခံများသည် အလွန်လွယ်ကူစွာ အသုံးပြုနိုင်ပြီး ကောင်းစွာ အလုပ်လုပ်လေ့ ရှိသဖြင့် ၎င်းတို့အား ဂရုစိုက်စရာ မလိုဟု ထင်မှတ်ကြသည်။ သို့သော်လည်း ၎င်းတို့သည် လုံးဝဥဿုံ ပြည့်စုံသော ကိရိယာများ မဟုတ်ပါ။ သူတို့တွင် ကန့်သတ်ချက်များရှိကြောင်း သင့်အနေနှင့် သတိမူမိရန် လိုအပ်ပြီး သို့မှသာလျှင် နောင်တစ်ချိန်တွင် တအံ့တဩ ဖြစ်စရာများကို ရှောင်နိုင်မည် ဖြစ်သည်။ အဓိက ပျက်ယွင်းမှုများတွင် အပူချိန် ၊ ဗို့အား၊ အချိန် နှင့် စိုထိုင်းဆ ပေါ် တွင် မူတည်၍ ခုခံအား ပြောင်းလဲခြင်း ပင် ဖြစ်သည်။ အခြား ပျက်ယွင်းမှုများတွင် ညှို့အား ပေါ် မူတည်နေခြင်း (ကြိမ်နှုန်းမြင့်သော အခါတွင် ဆိုးရွားသော သက်ရောက်မှုများ ရှိသည်)၊ ပါဝါဖြင့် အသုံးချမှုများတွင် အပူချိန် ဟော့စပေါ့တ် ဖြစ်လာခြင်း နှင့် နှောင့်ယှက်မှုနည်းသော ချဲ့စက်များတွင် လျှပ်စစ် နှောက်ယှက်မှု ထုတ်လွှတ်ခြင်းတို့ ဖြစ်ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. Horowitz, Paul (2015)။ The Art of Electronics။ New York: Cambridge University Press။ p. 5။ ISBN 978-0-521-80926-9