လွိုင်ကော်မြို့နယ်

မြန်မာနိုင်ငံ၊ ကယားပြည်နယ်ရှိ မြို့နယ်

လွိုင်ကော်မြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ လွိုင်ကော်မြို့ ဖြစ်သည်။

လွိုင်ကော်‌မြို့နယ်
မြို့နယ်
Skyline of လွိုင်ကော်‌မြို့နယ်
လွိုင်ကော်ခရိုင်အတွင်း တည်နေရာ (အနီ)
လွိုင်ကော်ခရိုင်အတွင်း တည်နေရာ (အနီ)
လွိုင်ကော်‌မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွိုင်ကော်‌မြို့နယ်
လွိုင်ကော်‌မြို့နယ်
လွိုင်ကော်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°40′27″N 97°12′34″E / 19.67417°N 97.20944°E / 19.67417; 97.20944ကိုဩဒိနိတ်: 19°40′27″N 97°12′34″E / 19.67417°N 97.20944°E / 19.67417; 97.20944
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်လွိုင်​ကော်
မြို့နယ်ရုံးစိုက်ရာမြို့လွိုင်ကော်မြို့
ဧရိယာ
 • မြို့နယ်၂၃၀.၉၁ စတုရန်းမိုင် (၅၉၈.၀၆ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၉၅၀ ပေ (၉၀၀ မီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၂၀)[၁]
 • မြို့နယ်၁၂၄,၁၃၀
 • သိပ်သည်းမှု၅၄၀/sq mi (၂၁၀/km)
 • မြို့ပေါ်၆၈,၀၈၃
 • ကျေးလက်၅၆,၀၄၇
 • ဒေသခံလူမျိုးများကယား (၃၈.၄၅%)
ဗမာ (၂၉.၇၆%)
ရှမ်း (၂၄.၅၃%)
ကရင် (၃.၄၇%)
ချင်း (၀.၃၁%)
ရခိုင် (၀.၂၇%)
မွန် (၀.၂၅%)
ကချင် (၀.၁၂%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၈၃၈ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်) တွင် ဦးသီရိ က သီရိဒေါရွာအဖြစ် တောင်ကွဲတောင်အနီးတွင် စတင်တည်ထောင်ခဲ့သည်။ ရှမ်းဘာသာစကားဖြင့် လွိုင်ခေါ် ဟု ခေါ်ဝေါ်ခဲ့ပြီး လွိုင် မှာ တောင်၊ ခေါ် မှာ တကွဲတပြားစီ ဟု အဓိပ္ပာယ်ရသည်။ လွိုင်ခေါ်မှ လွယ်ကော်၊ လွိုင်ကော်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။၂၀.၄.၁၈၈၈တွင် ကန္ဒရဝတီ​စော်ဘွား စဝ်လဝီက လွိုင်​ကော်မြို့​ဟော်နန်းကို စိုက်ထူခဲ့သည်။၁၉၅၁ခုနှစ်တွင် ကယားပြည်နယ်အဖြစ် သတ်မှတ်ကာ လွိုင်​ကော်မြို့ကို မြို့​တော်အဖြစ် သတ်မှတ်ထားသည်။

၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ်ကို ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခု၊ ကျေးရွာ ၁၂၇ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။၁၇.၃.၂၀၁၆တွင် ​ကျေးရွာအုပ်စုများမှ အချို့ကို ရပ်ကွက်အဖြစ် တိုးမြှင့်ခဲ့သည်။၂၀၁၇ခုနှစ်တွင် လွိုင်လင်လေးနှင့် လောပိတကျေးရွာအုပ်စုများကို မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် လွိုင်ကော်မြို့နယ်၌ ရပ်ကွက် ၃၀၊ ကျေးရွာအုပ်စု ၁၂ ခုနှင့် ကျေးရွာပေါင်း ၁၁၅ ရွာ ပါဝင်သည်။[၂][၁][၃]

ပထဝီဝင်အ​နေအထား ပြင်ဆင်ရန်

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် ၂၀ ဒီဂရီ ၅၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၇ မီနစ်နှင့် ၉၇ ဒီဂရီ ၂၂ မိနစ်အကြားတွင် တည်ပြီး အကျယ်အဝန်းမှာ ၅၉၈.၀၆ စတုရန်းမိုင် (၁,၅၄၉.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၄]

နယ်နိမိတ် ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ တောင်ဘက်တွင် ဘော်လခဲမြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိသည်။[၄]လွိုင်​ကော်မြို့နယ်၌ ​အောက်ပါမြို့များ ပါဝင်သည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၉၅၀ အထက်တွင် တည်ရှိသည်။ လွိုင်ကော်မြို့နယ်သည် တောတောင်နှင့် သစ်တောများ များပြားပြီး မြေပြန့်လွင်ပြင် နည်းပါးသည်။ ထင်ရှားသော တောင်များမှာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့ ဖြစ်သည်။[၁]

ရေဆင်း ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ထင်ရှားသည့် မြစ်ချောင်းများမှာ ဘီလူးချောင်း၊ ပွန်ချောင်းတို့ဖြစ်သည်။ ဘီလူးချောင်းသည် အနောက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပြီး ရေချိုဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် သုံးစွဲသည်။[၁]

ရာသီဥတု ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်သည် အေးမြခြောက်သွေ့ပြီး သင့်တင့်မျှတသော ရာသီဥတု ရှိသည်။ အမြင့်ဆုံး အပူချိန်သည် ၃၇.၂ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။[၁]

လူဦးရေ ပြင်ဆင်ရန်

လွိုင်​ကော်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊အစ္စလာမ်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၂.၈၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလား​ဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

လွိုင်ကော်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ ၁၂၄,၁၃၀ ဦး ဖြစ်သည်။ [၂] [၃]

စီးပွားရေး ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေးအရ အချက်အချာကျ​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ လွိုင်​ကော်စက်မှုဇုန်အပါအဝင် စက်ရုံ ၇၀၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၁၅ခုတည်ရှိသည်။

​ဈေးများ ပြင်ဆင်ရန်

  • သီရိမင်္ဂလာ​ဈေး

 

  • ကန္ဒရဝတီ ၂ထပ်​ဈေး
  • ဗဟို​ဈေး
  • ​နောင်ယား​ဈေး

ပို့​ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းကြောင်းများ ဆုံရာလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။လွိုင်ကော်လေဆိပ်မှ ရန်ကုန်မြို့သို့ ​နေ့စဉ်​လေ​ကြောင်းခရီးစဉ်ရှိသည်။ သာစည်-လွိုင်​ကော်ရထားလမ်းသည် မြို့နယ်အတွင်း ၁၀မိုင်ခန့် ဖြတ်သန်းသွားသည်။ ရှမ်းပြည်နယ် အင်း​လေးကန်နှင့် ဘီလူး​ချောင်းအတိုင်း ​ရေ​ကြောင်းခရီးဖြင့် သွားလာနိုင်သည်။​​အောင်ပန်း-လွိုင်​ကော်ကားလမ်း၊​တောင်ငူ-လိပ်သို-ယာဒို-လွိုင်​ကော်-ဟိုပုံးလမ်းတို့မှာ မြို့နယ်၏ အဓိကလမ်းမများဖြစ်သည်။[၁]

 
လွိုင်​ကော်ဘူတာ

ပညာရေး ပြင်ဆင်ရန်

အဆင့်မြင့်ပညာ ပြင်ဆင်ရန်

 

 

 

 

အ​ခြေခံပညာ ပြင်ဆင်ရန်

အထက ပြင်ဆင်ရန်

အထက်တန်းကျောင်း ၁၂ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ၅
  • အထက ၆
  • အထက ၇
  • အထက ​လောပိတ
  • အထက ​လွိုင်လင်​လေး
  • အထက နွားလဝိုး
  • အထက ကုန်းသာ
  • အထက လွိုင်​လင်​လေး[၃]

အထက(ခွဲ)/အလက ပြင်ဆင်ရန်

  • အလက (ထ(ခွဲ)) ချိကယ်
  • အလက (ထ(ခွဲ)) နာနတ်​တော
  • အလက (ထ(ခွဲ)) ပန်ကန်း
  • အလက (ထ(ခွဲ)) ကွန်နား
  • အလက (ထ(ခွဲ)) ​လောဓမ္မ
  • အလက (ထ(ခွဲ)) ​ရှမ်းရွာ
  • အလက (ထ(ခွဲ)) ဝါရီ​ကောခူ
  • အလက ၂
  • အလက ၃
  • အလက ​ဒေါတမ
  • အလက ​​ထေးငှားလျား
  • အလက နိုးကိုး
  • အလက ​လောဓ​လေး

အမက ပြင်ဆင်ရန်

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၂ကျောင်းရှိသည်။ [၁]

ကျန်းမာရေး ပြင်ဆင်ရန်

​ဆေးရုံများ ပြင်ဆင်ရန်

လွိုင်ကော်မြို့နယ်တွင် ပြည်နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၂ ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု တည်ရှိသည်။

  • လွိုင်​​ကော်ပြည်သူ့​ဆေးရုံကြီး
  • ​လောဓ​လေး တိုက်နယ်​ဆေးရုံ
  • လွိုင်လင်​လေး တိုက်နယ်​ဆေးရုံ

[၁]

ထင်ရှား​သော​နေရာများ ပြင်ဆင်ရန်

 

  • ဆု​တောင်းပြည့် မြို့နာမ်​စေတီ

 

  • သီရိမင်္ဂလာပုံ(​​ဟော်ကြီး​ကျောင်း)

 

  • ခရစ်​တော်ဘုရင် ဘုရား​ကျောင်း
  • နောင်ယားကန်

 

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ လွိုင်ကော်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်ကယားပြည်နယ် အစိုးရအဖွဲ့
  3. ၃.၀ ၃.၁ ၃.၂ လွိုင်​ကော်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 24 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ လွိုင်ကော်မြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။