ရှေးအခါက လွှမပေါ်သေးဖြင့် သစ်တောအတွင်းရှိ သစ်ပင်ကို ခုတ်လှဲလိုက်သောအခါ ပုဆိန်ဖြင့်သာ ပေါက်၍ခုတ်လှဲလိုသော အခါ ပုဆိန်ဖြင့်သာ ပေါက်၍ခုတ်လှဲခဲ့ကြရလေသည်။ သစ် ခုတ်သမားများသည် ပုဆိန်ဖြင့် သစ်ပင်ကို လိုသလို ခုတ်လှဲ နိုင်ခဲ့ကြသည်။ ပုဆိန်ကို အားစိုက်၍ ခုတ်ပုံမရသော်လည်း ပုဆိန်သွားကား ပင်စည်အတွင်းသို့ အတော်နက်နက်ပင် ဝင် သွားသည် ထိုနည်းဖြင့် သစ်ပင်သည် အကြာမီအတွင်း၌ လဲရလေတော့သည်။ လွှဆိုသည်မှာ သတ္တုအသွားပါရှိသော ဖြတ်သည့် ကိရိယာ တမျိုးဖြစ်ပြီးလျှင် အသွားတွင် ခပ်စောင်းစောင်းတပ်ဆင်ထားသော ခွေးသွားစိတ်များပါရှိသည်။ လက်သမားလွှကို မြင်ဘူးသူ များ လေသည်။ သို့သော် လွှကားအမျိုးမျိုးရှိသည်။ သစ်သားကို ဖြတ် သောလွှရှိသကဲ့သို့ ကျောက်တုံး၊ သတ္တု၊ ပလပ်စတစ်၊ သို့မဟုတ် အခြားပစ္စည်းများကို ဖြတ်သောလွှများလည်း ရှိလေသည်။ ၁၇၇၇ ခုနှစ်တွင် အင်္ဂလန်ပြည်မှ ဆယ်မျူယယ်မီလာက လွှဝိုင်းကို တီထွင်ခဲ့ပေသည်။ ထိုလွှမျိုး၏ နှုတ်ခမ်းပတ်လည်တွင် ခွေးသွား စိတ်များရှိသည်။ ထိုလွှဝိုင်းမျိုး၏ အချင်းသည် ခုနစ်ပေအထိ ရှိတတ်၍ ယင်းကို စက်အားဖြင့် လည်စေသည်။ ထိုကဲ့သို့သော လွှဝိုင်းများသည် သစ်သားကို တမိနစ်လျှင် ပေ ၂ဝဝ အထိ ဖြတ်နိုင်၍ ဖြတ်ရာတွင် အဝိုင်းပုံရှိသော သစ်ကိုဖြတ်နိုင်သကဲ့သို့ ဖြောင့်မတ်သော သစ်များကိုလည်း ဖြတ်နိုင်လေသည်။ ပတ်ဝိုင်းလွှတမျိုးလည်း ရှိသေးရာ ယင်းမှာ ကောက်ကွေးနိုင်သော သံမဏိပြားဖြစ်၍ အစွန်းဖက်တွင် ခွေးသွားစိတ်များရှိသည်။ ထို ပတ်ဝိုင်းလွှကို စက်သီးများတွင် ပတ်ထား၍ စက်သီးများကို စက် အားဖြင့် လည်စေသည်။ ဖြတ်လိုသည့် သစ်သားကို ပတ်ခွေ ထားသည့် လွှရှိရာသို့ တွန်း၍ပို့ပေးပြီးလျှင် ဖြတ်စေသည်။ ထိုလွှ မျိုးကို စည်စပ်ပျဉ်များကိုဖြတ်ရာနှင့် အိမ်ထောင်ပရိဘောဂများအနက် ပါးလွှာသောပျဉ်ပြားများရရန်အတွက် အသုံးပြုသည်။ ထိုပတ်ဝိုင်းလွှ မျိုးကိုလည်း ဝီလျံ နယူးဗာရီဆိုသူ အင်္ဂလိပ်လူမျိုးတဦးကပင် ၁၈ဝ၈ ခုနှစ်တွင် တီထွင်ခဲ့လေသည်။ ဖြတ်လွှတမျိုးလည်း ရှိသေးသည်။ သစ်ပင်များဖြတ်ရာတွင် ထိုဖြတ်လွှမျိုးကို များသောအားဖြင့် အသုံးပြုကြသည်။ ထို လွှမျိုးသည် ရှစ်ပေခန့်အထိ ရှည်တတ်ပြီးလျှင်အစွန်း နှစ်ဖက်လုံးတွင် လက်ကိုင်များရှိသည်။ ထိုလွှမျိုးကို မည်သည့်ဖက်သို့ ဆွဲသည်ဖြစ်စေ သစ်ပင်၊ သို့မဟုတ် ဖြတ် လိုသည့် ပစ္စည်းကို ဖြတ်နိုင်စေရန် ထိုလွှမျိုးရှိ ခွေးသွားစိတ် များကို ဖန်တီးထားသည်။ လွှ၏ အလေးချိန်ကြောင့် အမာ ဆုံးသစ်ကိုပင် လူနှစ်ယောက်သည် အားမစိုက်ရပဲနှင့် ဖြတ် နိုင်ပေသည်။ အမဲသတ်သမားနှင့် စက်မှုပညာသည်သုံး လွှမျိုးကို မာအောင် ဆေးထားသည့် သံမဏိခြင့် ပြုလုပ်ထား၍ အလွန်စိတ်သော ခွေးသွားစိတ်များ ပါရှိသည်။ ထိုလွှမျိုးသည် အလွန်မာသော သံမဏိများကို ဖြတ်နိုင်လေသည်။ ကြိုးလွှသည် ပတ်လည်သွားလျက်ရှိသော သံကြိုးတွင် ခွေးသွား စိတ်များ တပ်ထားသော လွှမျိုးဖြစ်သည်။ သစ်တုံးများကို ဖြတ် ရာတွင် ထိုလွှမျိုးကို အသုံးပြုလေ့ရှိကြသည်။ သစ်တောငယ်ငယ် များအတွင်း၌ သစ်ပင်များကို ခုတ်လှဲလိုသောအခါ လူတယောက် ကိုင်ကြိုးလွှကို အသုံးပြုခြင်းဖြင့် ကိစ္စပြီးစီးနိုင်လေသည်။ အုပ်စုလွှတွင် အကွာအဝေးတူ၍ တခုနှင့်တခု ယှဉ်ပြိုင်ထားသော လွှသွားများ ပါရှိသည်။ ဤလွှမျိုးဖြင့် သစ်တုံးတတုံးကို လိုသည့် သစ်သားအရွယ်များ ရရှိအောင် တကြိမ်တည်းဖြင့် ဖြတ်ပေးနိုင်သည်။ လွှသွားများကို လိုသည့်အကွာအဝေးတွင် ရွှေ့ပြောင်းတပ်ဆင်ပေး နိုင်သည်။ ရွှေ့ရှားနိုင်သည့် စင်ပေါ်တွင် သစ်တုံးများကို လွှသွားများ ရှိရာသို့ ရွှေ့ပေးခြင်းဖြင့် ဖြတ်စေနိုင်သည်။ ထိုမှတပါး ပျဉ်ပါးပါးတွင် လိုသည့် ပန်းပုံများ ဖြတ်ယူနိုင်သော ပန်းဖောက်လွှ၊ ပန်းထိမ်ဆရာများ အသုံးပြုသော ပန်းတိမ်လွှ၊ သော့ပေါက်များဖောက်ရာတွင် အသုံးပြုသောသော့ဖောက်လွှ စသော လွှမျိုးများလည်း ရှိပေသေးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)