ဦးလှဦး (၁၄ အောက်တိုဘာ ၁၉၅၇ မွေးဖွား) သည် မြန်မာနိုင်ငံရေးသမားဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။[၁]

ဦးလှဦး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ၄
အနိုင်ရမဲ အရေအတွက်၃၂၅,၄၁၈ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1957-10-14) ၁၄ အောက်တိုဘာ၊ ၁၉၅၇ (အသက် ၆၆)
မြင်းမူမြို့နယ်စစ်ကိုင်းတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်မြင့်မြင့်စိန်
သားသမီး
မိဘဦးကွန့်
ဒေါ်ရွှေအုပ်
မိခင်ကျောင်းမန္တလေးတက္ကသိုလ် B.A(Q)

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

ဦးလှဦးသည် မြင်းမူမြို့နယ်၊ ကျော့မင်းရွာတွင် မူလတန်းပညာကိုလည်းကောင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာတွင် အလယ်တန်းပညာကိုလည်းကောင်း သင်ယူခဲ့ပြီး၊ မြင်းမူမြို့တွင် အထက်တန်းပညာအောင်မြင်၍ မန္တလေးတက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ၁၉၇၉ ခုနှစ်၌ ဘွဲ့ရခဲ့သည်။ မုံရွာမြို့နယ်၊ စည်ပင်သာယာဌာန၌ သက်သာဆိုင်လုပ်ငန်းတာဝန်ခံ အဖြစ် (၈)နှစ် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၄ ခုနှစ် စက်တင်ဘာလမှ စ၍ အထက်တန်းရှေ့နေ လုပ်ငန်းဖြင့် ယနေ့အထိ လုပ်ကိုင်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ ပြည်ထောင်စုလွှတ်တော်။ 25 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2018 တွင် ပြန်စစ်ပြီး။