လှိုင်ဘိုဘို (ဘောလုံးသမား)

လှိုင်ဘိုဘို(၈ ဇူလိုင် ၁၉၉၆ ခုနှစ်)သည် ရတနာပုံ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။[၂] သူသည် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ လက်ရွေးစင် အားကစားသမား တစ်ဦးလည်း ဖြစ်သည်။[၁]

လှိုင်ဘိုဘို
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ လှိုင်ဘိုဘို
မွေးသက္ကရာဇ် (1996-07-08) ၈ ဇူလိုင်၊ ၁၉၉၆ (အသက် ၂၇)[၁]
မွေးရပ်ဇာတိ  မြန်မာ
အရပ်အမြင့် ၁.၇၉ m (၅ ft ၁၀  in)
ကစားသည့်နေရာ အလယ်တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရတနာပုံ
အင်္ကျီနံပါတ် ၁၉
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၄- ရတနာပုံ
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၄- မြန်မာ ယူ-၂၃ ၁၃ (၂)
၂၀၁၅- မြန်မာ (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ အောက်တိုဘာ ၁၃၊ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကလပ်ကစားသမားဘဝ ပြင်ဆင်ရန်

လှိုင်ဘိုဘိုသည် ရတနာပုံအသင်းနှင့်အတူ 2015 AFC Cup ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တွင် Pahang FA အသင်းနှင့်ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည်။ ထိုပွဲတွင်ပဲ အဝါကတ်ပြခံခဲ့ရသည်။[၂][၃]


နိုင်ငံတကာကစားသမားဘဝ ပြင်ဆင်ရန်

မြန်မာ ယူ-၂၃ ပြင်ဆင်ရန်

လှိုင်ဘိုဘိုသည် နိုင်ငံကိုယ်စားပြု မြန်မာ ယူ-၂၃ အသင်းနှင့်အတူ 2016 AFC U-23 Championship qualification ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် တရုတ် တိုင်ပေ ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့ပြီး ရလဒ် ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။[၄] သို့သော် နောက်ပွဲစဉ်ဖြစ်သည့် ဟောင်ကောင် ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် အနီကတ်ပြ[၅]ခံခဲ့ရကာ နောက်ပွဲစဉ်များ လွဲချော်ခဲ့ရသည်။
ထို့ပြင် သူသည် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းကစားသော ပွဲတိုင်းတွင် ပါဝင်ခဲ့ပြီး မြန်မာ ဘောလုံးအသင်းကို ဗိုလ်လုပွဲသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုပွဲစဉ်များတွင် သူကို လှပသေသပ်စွာ ကစားတက်သော မြန်မာကစားသမားများထဲက တစ်ယောက်ဟု ဆိုကြသည်။ [၆]

မြန်မာအမျိုးသားဘောလုံးအသင်း ပြင်ဆင်ရန်

သူသည် စီနီယာတန်းကစားသမား တစ်ဦးအဖြစ် နယူးဇီလန် အမျိုးသား ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးပွဲတွင် ပထမဆုံး ပါဝင်ခဲ့သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှိုင်ဘိုဘို at National-Football-Teams.com
  2. ၂.၀ ၂.၁ လှိုင်ဘိုဘို profile at Soccerway
  3. Pahang FA vs Yadanarbon FC AFC Match report
  4. Hlaing Bo Bo leads Myanmar to 3-0 victory over Chinese Taipei in AFC U-23 Championship 2016 qualifyingBox Scores (27 March 2015)။ 30 September 2015 တွင် ပြန်စစ်ပြီး။
  5. Hong Kong U-23 vs Myanmar U-23 AFC Match report
  6. Noveanto၊ Eric (15 June 2015)။ Myanmar v Thailand: Three key battles in the SEA Games finalFootball Channel Asia။ 18 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2015 တွင် ပြန်စစ်ပြီး။