ဝဘ်ရှာဖွေရေးစက်စနစ်

အင်တာနက်အသုံးပြု၍ ၀က်ဘ်ပေါ်တွင် သတင်းနှင့်အချက်အလက်များကို ရှာဖွေရန် ဒီဇိုင်းပြုထားသော ဆ

ဝဘ်ရှာဖွေရေးစက် (အင်္ဂလိပ်: Web Search Engine) သည် ဆော့ဖ်ဝဲစနစ် တစ်ခုဖြစ်သည်။ ၎င်းဆော့ဖ်ဝဲကို အင်တာနက် World Wide Web ပေါ်ရှိ အချက်အလက်များကို ရှာဖွေရာတွင် အသုံးပြုသည်။ ရှာဖွေရရှိလာသော ရလဒ်များကို စာမျက်နှာပေါ်တွင် တစ်ကြောင်ချင်းစီ ပြသထားသည်။ ရလဒ်များတွင် ဝဘ်စာမျက်နှာများ၊ ရုပ်ပုံများ၊ အခြားသော ဖိုင်ပုံစံများစွာလည်း ပါဝင်သည်။ အခြားသော ရှာဖွေရေးစက်စနစ်များသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသည့် စနစ်ကို အသုံးပြုကြသည်။ ရှာဖွေရေးစက်စနစ်များသည် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို Algorithm များကို အသုံးပြုကာ ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်ကြသည်။ ရှာဖွေရေးစက်စနစ်သည် ဝဘ် Directories များနှင့်မတူပေ။ ဝဘ် Directories များကိုမူ ပြုပြင်မွမ်းမံရန် လူကိုယ်တိုင်သာလျှင် ပြုလုပ်မှ ရနိုင်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

Timeline (full list)
ခုနှစ် အင်ဂျင် (စက်) လက်ရှိအခြေအနေ
1993 W3Catalog အသက်မဝင်တော့ပါ
Aliweb အသက်မဝင်တော့ပါ
JumpStation အသက်မဝင်တော့ပါ
WWW Worm အသက်မဝင်တော့ပါ
1994 WebCrawler သက်ဝင်နေဆဲ, Aggregator
Go.com အသက်မဝင်တော့ပါ, redirects to Disney
Lycos သက်ဝင်နေဆဲ
Infoseek အသက်မဝင်တော့ပါ
1995 AltaVista အသက်မဝင်တော့ပါ, redirected to Yahoo!
Daum သက်ဝင်နေဆဲ
Magellan အသက်မဝင်တော့ပါ
Excite သက်ဝင်နေဆဲ
SAPO သက်ဝင်နေဆဲ
Yahoo! သက်ဝင်နေဆဲ, Launched as a directory
1996 Dogpile သက်ဝင်နေဆဲ, Aggregator
Inktomi အသက်မဝင်တော့ပါ, acquired by Yahoo!
HotBot သက်ဝင်နေဆဲ (lycos.com)
Ask Jeeves သက်ဝင်နေဆဲ (rebranded ask.com)
1997 Northern Light အသက်မဝင်တော့ပါ
Yandex သက်ဝင်နေဆဲ
1998 Google သက်ဝင်နေဆဲ
Ixquick သက်ဝင်နေဆဲ also as Startpage
MSN Search သက်ဝင်နေဆဲ as Bing
empas အသက်မဝင်တော့ပါ (merged with NATE)
1999 AlltheWeb အသက်မဝင်တော့ပါ (URL redirected to Yahoo!)
GenieKnows သက်ဝင်နေဆဲ, rebranded Yellowee.com
Naver သက်ဝင်နေဆဲ
Teoma အသက်မဝင်တော့ပါ, redirects to Ask.com
Vivisimo အသက်မဝင်တော့ပါ
2000 Baidu သက်ဝင်နေဆဲ
Exalead သက်ဝင်နေဆဲ
Gigablast သက်ဝင်နေဆဲ
2001 Kartoo အသက်မဝင်တော့ပါ
2003 Info.com သက်ဝင်နေဆဲ
Scroogle အသက်မဝင်တော့ပါ
2004 Yahoo! Search သက်ဝင်နေဆဲ, Launched own web search
(see Yahoo! Directory, 1995)
A9.com အသက်မဝင်တော့ပါ
Sogou သက်ဝင်နေဆဲ
2005 AOL Search သက်ဝင်နေဆဲ
GoodSearch သက်ဝင်နေဆဲ
SearchMe အသက်မဝင်တော့ပါ
2006 Soso အသက်မဝင်တော့ပါ, redirects to Sogou
Quaero အသက်မဝင်တော့ပါ
Search.com သက်ဝင်နေဆဲ
ChaCha အသက်မဝင်တော့ပါ
Ask.com သက်ဝင်နေဆဲ
Live Search သက်ဝင်နေဆဲ as Bing, Launched as
rebranded MSN Search
2007 wikiseek အသက်မဝင်တော့ပါ
Sproose အသက်မဝင်တော့ပါ
Wikia Search အသက်မဝင်တော့ပါ
Blackle.com သက်ဝင်နေဆဲ, Google Search
2008 Powerset အသက်မဝင်တော့ပါ (redirects to Bing)
Picollator အသက်မဝင်တော့ပါ
Viewzi အသက်မဝင်တော့ပါ
Boogami အသက်မဝင်တော့ပါ
LeapFish အသက်မဝင်တော့ပါ
Forestle အသက်မဝင်တော့ပါ (redirects to Ecosia)
DuckDuckGo သက်ဝင်နေဆဲ
2009 Bing သက်ဝင်နေဆဲ, Launched as
rebranded Live Search
Yebol အသက်မဝင်တော့ပါ
Mugurdy အသက်မဝင်တော့ပါ due to a lack of funding
Scout (Goby) သက်ဝင်နေဆဲ
NATE သက်ဝင်နေဆဲ
2010 Blekko အသက်မဝင်တော့ပါ, sold to IBM
Cuil အသက်မဝင်တော့ပါ
Yandex (English) သက်ဝင်နေဆဲ
2011 YaCy သက်ဝင်နေဆဲ, P2P web search engine
2012 Volunia အသက်မဝင်တော့ပါ
2013 Qwant သက်ဝင်နေဆဲ
Coc Coc သက်ဝင်နေဆဲ, Vietnamese search engine
Egerin သက်ဝင်နေဆဲ, Kurdish / Sorani search engine
2015 Cliqz သက်ဝင်နေဆဲ, Browser integrated search engine

၂၀၀၀ ခုနှစ်ပတ်လည်လောက်တွင် ဂူဂဲလ်၏ ရှာဖွေရေးစက်စနစ်သည် ထင်ရှားလူသိများကာ အသုံးပြုမှု မြင့်တက်လာခဲ့သည်။[၁] ကုမ္ပဏီသည် ကောင်းမွန်သည့် ရှာဖွေမှုရလဒ်ပေါင်းများစွာကို ထောက်ပံ့ကာ ရှာပေးနိုင်သည်။ PageRank ဟုခေါ်သည့် တီထွင်မှုနည်းပညာဖြင့် ရှာဖွေပေးခြင်းဖြစ်သည်။[၂]

၂၀၀၀ ခုနှစ်တွင် Yahoo! သည် Inktomi ၏ ရှာဖွေရေးစက်စနစ်အပေါ် အခြေခံထားသည့် ရှာဖွေရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့သည်။ Yahoo! သည် Inktomi ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ Overture ကို ၂၀၀၃ ခုနှစ်တွင် ရရှိခဲ့သည်။ Overture သည် AlltheWeb နှင့် AltaVista တို့က ပိုင်ဆို်င်ကြသည်။ Yahoo! သည် ရရှိထားသည် နည်းပညာများကို ပေါင်းစပ်ကာ ကိုယ်ပိုင်ရှာဖွေရေးစက်စနစ်ကို စတင်ခဲ့သည်။

မိုက်ခရိုဆော့ဖ်သည် Bing ဟုခေါ်သည့် ရှာဖွေရေးစက်စနစ်ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။

ဈေးကွက်ဝေစု ပြင်ဆင်ရန်

ဂူဂဲလ်သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ရှာဖွေရေးစက်စနစ် တစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ မတ်လထိ ဈေးကွ၏က်၏ ၈၀.၉၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။[၃]

ကမ္ဘာပေါ်တွင် လူသုံးများသော ရှာဖွေရေးစက်စနစ်များ (ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းထက်ပိုသော) မှာ

Search engine Market share in March 2017
Google 80.52% 80.52
 
Bing 6.92% 6.92
 
Baidu 5.94% 5.94
 
Yahoo! 5.35% 5.35
 

အရှေ့အာရှ နှင့် ရုရှနိုင်ငံ ပြင်ဆင်ရန်

အရှေ့အာရှ နိုင်ငံအချို့ နှင့် ရုရှနိုင်ငံတို့တွင် ဂူဂဲလ်သည် လူသိများကာ အသုံးအများဆုံး ရှာဖွေရေး စက်စနစ် တစ်ခု ဖြစ်သည်။

ရုရှနိုင်ငံတွင် Yandex သည် ဈေးကွက်၏ ၆၁.၉ ရာခိုင်နှုန်း ရရှိထားပြီး ဂူဂဲလ်မှာမူ ၂၈.၃ ရာခိုင်နှုန်းသာ ရရှိသည်။[၄] တရုတ်နိုင်ငံတွင် Baidu သည် လူသုံးအများဆုံး ဖြစ်သည်။[၅] တောင်ကိုရီးယားနိုင်ငံတွင် အွန်လိုင်းရှာဖွေမှုများပြုလုပ်ရာတွင် Naver ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြသည်။[၆] Yahoo! ဂျပန် နှင့်Yahoo! ထိုင်ဝမ် တို့သည် ဂျပန် နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် လူသုံးများကြသည်။[၇]

ဥရောပ ပြင်ဆင်ရန်

ချက်သမ္မတနိုင်ငံမှတပါး အနောက်ဥရောပနိုင်ငံအများစုတွင် ဂူဂဲကို အသုံးများကြသည်။ ချက်သမ္မတနိုင်ငံတွင် Seznam သည် ကောင်းမွန်သည့် ပြိုင်ဘက်တစ်ခုလည်း ဖြစ်သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. Our History in depth။ W3.org။ 2012-10-31 တွင် ပြန်စစ်ပြီး။
  2. The Anatomy of a Large-Scale Hypertextual Web Search Engine။ 13 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 July 2017 တွင် ပြန်စစ်ပြီး။
  3. Desktop Search Engine Market Share။ NetMarketShare။ 30 December 2016 တွင် ပြန်စစ်ပြီး။
  4. Live Internet - Site Statistics။ Live Internet။ 2014-06-04 တွင် ပြန်စစ်ပြီး။
  5. Arthur, Charles။ "The Chinese technology companies poised to dominate the world"၊ The Guardian၊ 2014-06-03။ 2014-06-04 တွင် ပြန်စစ်ပြီး 
  6. How Naver Hurts Companies’ Productivity။ The Wall Street Journal (2014-05-21)။ 2014-06-04 တွင် ပြန်စစ်ပြီး။
  7. Age of Internet Empires။ Oxford Internet Institute။ 11 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-04 တွင် ပြန်စစ်ပြီး။
  8. Seznam Takes on Google in the Czech Republic. Doz.