ဝီကီပီးဒီးယား:မူဝါဒများ စာရင်း

"WP:NUTSHELL"ကို ဤနေရာသို့ ညွှန်းသည်။ Wikipedia nutshell အကြောင်း အချက်အလက်များအတွက် Template:Nutshellကို ကြည့်ပါ။


မူဝါဒများ အားလုံးကို Category:ဝီကီပီးဒီးယား မူဝါဒများ တွင် ထည့်သွင်းထားပါသည်။ မူဝါဒများနှင့် လမ်းညွှန်ချက်များတွင် လမ်းညွှန်ချက်များကို ဖတ်ရှုနိုင်ပါသည်။ ဤစာမျက်နှာအား အောက်ပါကဏ္ဍများအဖြစ် ခွဲခြားထားသည်။

  • အကြောင်းအရာ၊ စွယ်စုံကျမ်းနယ်ပယ်အား သတ်မှတ်ခြင်းနှင့် ယင်းအတွက် သင့်လျော်သော အကြောင်းအရာများ
  • အပြုအမူ၊ တည်းဖြတ်သူများ အောင်မြင်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန်နှင့် လက်ခံနိုင်သော အပြုအမူများ ဖော်ပြချက်
  • ဖျက်ပစ်ခြင်း၊ စာမျက်နှာများ၊ မူများနှင့် မှတ်တမ်းများ ဖျက်ပစ်ခံရခြင်း လုပ်ငန်းစဉ် ရှင်းလင်းချက်
  • Enforcement, which accounts for various means by which standards may be enforced
  • ဥပဒေရေးရာ၊ ဥပဒေရေးရာအချက်အလက်များအရ သက်ရောက်မှုရှိသော ဥပဒေများနှင့် ယင်းတို့အား အလွဲသုံးစားမှုအတွက် ကုစားခြင်းများ
  • လုပ်ထုံးလုပ်နည်း၊ မြန်မာဝီကီပီးဒီးယား လည်ပတ်သော လုပ်ငန်းစဉ်အမျိုးမျိုး၏ စာတမ်းများ

အကြောင်းအရာ

မူဝါဒ အတိုကောက်:
ဆောင်းပါးခေါင်းစဉ်
ဝီကီပီးဒီးယား ဆောင်းပါးများ၏ စံပြုခေါင်းစဉ်သည် မြန်မာဘာသာစကား ပြောဆိုသူများအတွက် မှတ်မိလွယ်စေခြင်း၊ ရှာဖွေရလွယ်ကူခြင်း၊ လိုတိုရှင်းဖြစ်ခြင်း၊ တိကျရှင်းလင်းခြင်းနှင့် အခြားခေါင်းစဉ်များနှင့် လိုက်ဖက်စွာ တသတ်မတ်တည်း ရှိရမည် ဖြစ်သည်။
သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ
သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများသည် ဝီကီပီးဒီးယား၏ အကြောင်းအရာ မူဝါဒများနှင့် တသွေမတိမ်း လိုက်နာရမည် ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဘဝအကြောင်း အသေးစိတ်များအတွက် တိကျခိုင်မာသော စိတ်ချရသည့် အကိုးအကားများ ပါဝင်ရမည် ဖြစ်သည်။ "သက်ရှိပုဂ္ဂိုလ် (သို့မဟုတ် မကြာမီက ကွယ်လွန်သူ)၏ အကြောင်းအရာများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အနှုတ်သဘောဆောင်သည်ဖြစ်စေ၊ မရေရာသည့် စဉ်းစားဖွယ်ရာဖြစ်ပြီး အကိုးအကား မပါသော သို့မဟုတ် အကိုးအကားနည်းပါး မကောင်းမွန်သော အကြောင်းအရာများသည် ဆွေးနွေးခြင်းမရှိဘဲ ဝီကီပီးဒီးယား ဆောင်းပါးများ၊ ဆွေးနွေးချက် စာမျက်နှာများ၊ အသုံးပြုသူစာမျက်နှာများနှင့် ပရောဂျက်အမည်ညွှန်းများမှ ချက်ခြင်း ဖယ်ရှားခံရမည်ဖြစ်သည်။"
ပုံအသုံးပြုခြင်း မူဝါဒ
ယေဘုယျအားဖြင့် အခမဲ့မဟုတ်သော ပုံများတင်ခြင်းအား ရှောင်ကြဉ်ပါ။ ပုံများ၏ ရင်းမြစ်နှင့် မူပိုင်ခွင့် အခြေအနေ အသေးစိတ်အား ပုံအကြောင်း ဖော်ပြချက် စာမျက်နှာများတွင် အပြည့်အစုံ ထည့်သွင်းဖော်ပြပါ။ အသုံးဝင်သည့် ပုံများဖြစ်စေရန်နှင့် ဖြစ်နိုင်ပါက ပြန်လည်အသုံးပြုနိုင်စေရန် ကြိုးစားပါ။
ဘက်မလိုက်သော အမြင်
စာဖတ်သူများ မြင်တွေ့နိုင်သော ဆောင်းပါးများ၊ တမ်းပလိတ်များ၊ ကဏ္ဍများနှင့် ပေါ်တယ်များတွင် ရေးသားသမျှသည် ဘက်မလိုက်ဘဲ ရေးသားရမည်ဖြစ်သည်။
ကိုယ်တိုင် သုတေသနပြုမှု မဟုတ်
ဖော်ပြခံရခြင်း မရှိသေးသော သီအိုရီများ၊ အချက်အလက်များ၊ ထုတ်ပြန်ချက်များ၊ အယူအဆများ၊ အာဘော်များ၊ စိတ်ကူးအတွေးအခေါ်များ၊ ရှင်းလင်းချက် အသစ်များ၊ စိစစ်တွေ့ရှိချက်များအား ဆောင်းပါးများထဲတွင် မထည့်သွင်းရပါ။
စိစစ်အတည်ပြုခံနိုင်မှု
ဆောင်းပါးများသည် တတ်နိုင်သမျှ ရင်းမြစ်များအား အကိုးအကားပြုရမည် ဖြစ်သည်။ ကိုးကားထားသော ရင်းမြစ်များ၏ တိကျမှုများ ကျွန်ုပ်တို့ မစစ်ဆေးနိုင်သည့်အခါ နာမည်ရ စာနယ်ဇင်းမှ ထုတ်ပြန်မှု ဟုတ်မဟုတ်နှင့် အခြား လွတ်လပ်သော ရင်းမြစ်များမှ ပြန်လည်သုံးသပ်ထားခြင်း ရှိမရှိတို့အား စစ်ဆေးပါသည်။ အကိုးအကားမပြုထားသော အကြောင်းအရာများသည် စိန်ခေါ်ခြင်း ခံရမည် ဖြစ်ပြီး ဖယ်ရှားခံရမည်။
ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ
ဝီကီပီးဒီးယားသည် အွန်လိုင်း စွယ်စုံကျမ်းတစ်ခု ဖြစ်ပါသည်။ ဝီကီပီးဒီးယားကို အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုရန် ဆွဲဆောင်ခြင်းအား ကျေးဇူးပြု၍ ရှောင်ကြဉ်ပါ။
ဝီကီပီးဒီးယားက အဘိဓာန်တစ်ခု မဟုတ်ပါ
ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခု မဟုတ်သလို ဗန်းစကား သို့ဟုတ် အသုံးပြုလမ်းညွှန်လည်း မဟုတ်ပါ။
လတ်တလော ကဏ္ဍ:ဝီကီပီးဒီးယား အပြုအမူဆိုင်ရာ မူဝါဒများရှိ စာမျက်နှာများ:

တမ်းပလိတ်:Conduct policy list

နိုင်ငံကြီးသားပီသခြင်း
တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရုန့်ရင်းကြမ်းတမ်းခြင်း သို့မဟုတ် ဆတ်ဆတ်ထိမခံခြင်းတို့သည် ကျွန်ုပ်၏ လုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည်။ ယဉ်ကျေးသမှုရှိသော ဆွေးနွေးခြင်းများ ပျက်ပြားခဲ့ပါက အငြင်းပွားမှု ဖြေရှင်းခြင်းဖိုရမ်များ ရနိုင်ပါသည်။
အများသဘောဆန္ဒ
အများသဘောဆန္ဒသည် အကြောင်းအရား အငြင်းပွားမှုများ ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့၏ တစ်ခုတည်းသော ကိရိယာဖြစ်ပြီး အခြားသော အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက်လည်း အဓိက ကိရိယာ ဖြစ်သည်။
အငြင်းပွားမှု ဖြေရှင်းခြင်း
မည်သည့်အငြင်းပွားမှုကိုမဆို ပထမဆုံး ဖြေရှင်းရမည့် အဆင့်မှာ သင်နှင့် အမြင်မတူကြသူများနှင့် ဆွေးနွေးပြောဆိုခြင်း ဖြစ်သည်။ အကယ်၍ မအောင်မြင်ပါက အဆင့်ဆင့် ဆွေးနွေးမှုပုံစံများ ရရှိနိုင်ပါသည်။
တည်းဖြတ်ရေး တိုက်ပွဲ
အကယ်၍ တစ်စုံတစ်ဦးက သင့်တည်းဖြတ်မှုများအပေါ် စိန်ခေါ်ခြင်းများ ပြုလုပ်လာပါက ယင်းတို့နှင့် ဆွေးနွေးကာ ညှိနိုင်းပြောဆိုပါ။ သို့မဟုတ် အငြင်းပွားမှု ဖြေရှင်းခြင်းတစ်ခုကို စုံစမ်းရှာဖွေပါ။ ကြည့်ရှုမှုများနှင့် တည်းဖြတ်မူများအပေါ် တိုက်ခိုက်ပြင်ဆင်ခြင်းများ မပြုလုပ်ပါနှင့်။ နှစ်ဆယ့်လေးနာရီအတွင်း မည်သည့်စာမျက်နှာတစ်ခုပေါ်ရှိ မည်သည့် အပိုင်းကိုမဆို သုံးကြိမ်ထက်ပို၍ နောက်ပြန် ပြန်ပြင်ခြင်း သို့မဟုတ် ကာလရှည် တည်းဖြတ်ရေးတိုက်ပွဲဖြစ်ခြင်းသည် သင့်အကောင့်အား ပိတ်ပင်ခြင်း ခံရစေနိုင်သည်။
တည်းဖြတ်ခြင်း မူဝါဒ
သင်လုပ်နိုင်သမျှ စာမျက်နှာများအား တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်ပြီး ဆောင်းပါးများအား မပြည့်မစုံ ချန်ရစ်ခဲ့ခြင်းအား သင့်အနေဖြင့် စိုးရိမ်မနေပါနှင့်။ သိသာထင်ရှားသော ပြင်ဆင်မှုများအတွက် ရှင်းလင်းချက်များ ဖော်ပြပေးရန် အကြံပြုပါသည်။
အနှောက်အယှက်ပြုခြင်း
ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း၊ ဆောင်းပါးများအပေါ် ရိုးသားစွာပြုမူသော တည်းဖြတ်မှုများကို ပုံကြီးချဲ့ခြင်း၊ အနှောက်အယှက်ဖြစ်စေပြီး မလိုလားသော ထပ်တလဲလဲ ဆက်သွယ်ခြင်း၊ ထပ်ခါတလဲလဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းများ သို့မဟုတ် ပုဂ္ဂိုလ်ရေး အချက်အလက်များ ဖော်ထုတ်ရေးသားခြင်းတို့ဖြင့် အခြားသော တည်းဖြတ်သူများ၏ ဝီကီပီးဒီးယားတွင် မွေ့လျော်နေမှုအား ရပ်တန့်စေခြင်းများ မပြုလုပ်ရ။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း မပြုရ
ဝီကီပီးဒီးယား၏ မည်သည့်နေရာတွင်မဆို ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းများ မပြုလုပ်ရ။ အကြောင်းအရာများအပေါ်တွင် ဝေဖန်သုံးသပ်နိုင်သော်လည်း တည်းဖြတ်သူအပေါ်တွင် ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ရ။ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းများသည် လူထုအသိုင်းအဝိုင်းကို ထိခိုက်ပျက်စီးစေပြီး တည်းဖြတ်သူများကို ခြိမ်းခြောက်ခြင်း ဖြစ်စေသည်။
အကြောင်းအရာများ၏ ပိုင်ရှင်
ဝီကီပီးဒီးယား၏ မူပိုင်ခွင့်များအရ သင်သည် အချို့သော မူပိုင်ခွင့်များကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သော်လည်း သင်ဖန်တီးလိုက်သော၊ ပြင်ဆင်တည်းဖြတ်လိုက်သော စာမျက်နှာများသည် အများပြည်သူအတွက် ဖြစ်သည်။ အခြားသူများအနေဖြင့် "သင့်"အကြောင်းအရာများအား မညှာမတာ တည်းဖြတ်ခြင်းများကို ပြုလုပ်နိုင်သည်။
အသုံးပြုသူအမည် မူဝါဒ
သင့်အား ကျေနပ်စေမည့် ဘက်မလိုက်သော အသုံးပြုသူအမည် တစ်ခုကို ရွေးချယ်ပါ။ သင့်အနေဖြင့် သင့် အမည်အား ပြောင်းလဲခြင်းကို တောင်းဆိုပြုလုပ်နိုင်သော်လည်း ယင်းအား ဖျက်ပစ်နိုင်မည် မဟုတ်ပါ။
ဖျက်လိုဖျက်ဆီးပြုခြင်း
စွယ်စုံကျမ်း၏ ခိုင်မာမှုကို ထိခိုက်ပျက်ပြားစေနိုင်သည့် အကြောင်းအရာများ ဖြည့်စွက်ခြင်း၊ ဖျက်ပစ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများသည် ဖျက်လိုဖျက်ဆီးလက်သရမ်းခြင်း ဖြစ်သည်။ ယင်းသည် အွန်လိုင်းစွယ်စုံကျမ်းတစ်ခုအတွက် လက်သင့်မခံနိုင်သော အပြုအမူ ဖြစ်သည်။
 
လတ်တလော ကဏ္ဍ:ဝီကီပီးဒီးယား ဖျက်ပစ်ခြင်း မူဝါဒများရှိ စာမျက်နှာများ:

တမ်းပလိတ်:Deletion policy list

တိုက်ခိုက်သော စာမျက်နှာ
အကြောင်းအရာတစ်ခုအား ချိုးနှိမ်ရည် အဓိကရည်ရွယ်သော ဝီကီပီးဒီးယား ဆောင်းပါး၊ စာမျက်နှာ၊ ကဏ္ဍ၊ ပြန်ညွှန်း သို့မဟုတ် ပုံ တစ်ခုသည် "တိုက်ခိုက်သော စာမျက်နှာ" တစ်ခု ဖြစ်သည်။ အဆိုပါ စာမျက်နှာများကို မည်သည့် အချိန်တွင်မဆို စီမံခန့်ခွဲသူမည်သူမဆို ဖျက်ပစ်နိုင်သည်။
မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ
အကြောင်းအရာမပါသော သို့မဟုတ် ပြိုကွဲပျက်စီးစေနိုင်သော စာမျက်နှာများစသည်တို့သည် သတ်မှတ်ထားသော ကဏ္ဍများအတွင်း ရှင်းလင်းစွာကျရောက်နေသော ဆောင်းပါးများ၊ ပုံများ၊ ကဏ္ဍများ၊ စသည်တို့သည် "မဆိုင်းမတွ ဖျက်ပစ်ခြင်း" ခံရနိုင်သည်။ အငြင်းပွားဖွယ်ရာ ဖြစ်စေနိုင်သော မည်သည့်စာမျက်နှာမဆို ဖျက်ပစ်ခြင်း လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်သင့်သည်။
ဖျက်ပစ်ခြင်း မူဝါဒ
ဖျက်ရမည့် ဆောင်းပါးများအတွက် စီမံခန့်ခွဲသူတစ်ဦး လိုအပ်ပြီး အများဆန္ဒဖြင့် စီစဉ်ထားသော လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လေ့ရှိသည်။ အငြင်းပွားဖွယ်ရာ အများစုရှိနေသော ဖျက်ပစ်ရန်များအတွက် အဆင့်သုံးဆင့် လိုအပ်ပြီး တစ်ပတ်စောင့်ဆိုင်းချိန် ရှိသည်။
Oversight
တင်းကြပ်သော သတ်မှတ်ချက်များအချို့အရ အကြောင်းအရာများကို အသုံးပြုသူများနှင့် စီမံခန့်ခွဲသူများတို့မမြင်ရစေရန် ဝှက်ထားနိုင်သည်။
ဖျက်ရန် အဆိုပြုခြင်း
ဖျက်ပစ်ရမည့် ဆောင်းပါးများ ("AfD") လုပ်ငန်းစဉ်၏ ဖြတ်လမ်းအဖြစ် အငြင်းပွားဖွယ်ရာမဟုတ်သော ဖျက်ပစ်ရန်လိုသည့် ဆောင်းပါးတစ်ခုကို ဖျက်ပစ်ရန်အတွက် အဆိုပြုနိုင်သော်လည်း ထိုတစ်ကြိမ်သာ ဆောင်ရွက်နိုင်သည်။ ဖျက်ပစ်ရန် အဆိုပြုခြင်းအား ခုနစ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက စီမံခန့်ခွဲသူတစ်ဦးက ဆောင်းပါးကို ဖျက်ပစ်နိုင်သည်။
သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ဖျက်ရန် အဆိုပြုခြင်း
ကိုးကားချက်များ မပါသော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါးများကို အထူးလုပ်ငန်းစဉ်တစ်ခုဖြင့် ဖျက်ပစ်ရန် အဆိုပြုနိုင်သည်။ ဖျက်ပစ်ရန် အဆိုပြုခြင်းအား ခုနစ်ရက်အတွင်း ကန့်ကွက်သူမရှိပါက စီမံခန့်ခွဲသူတစ်ဦးက ဆောင်းပါးကို ဖျက်ပစ်နိုင်သည်။ အဆိုပြုထားသော ဖျက်ပစ်ခြင်းအား ဆွေးနွေးငြင်းခုန်ရန်အတွက် ဆောင်းပါးတွင်းရှိ ဖော်ပြချက် အနည်းဆုံးတစ်ခုကို ထောက်ပံ့ပေးနိုင်မည့် ခိုင်လုံ၍ စိစစ်အတည်ပြုနိုင်သော ကိုးကားရင်းမြစ် အနည်းဆုံး တစ်ခု လိုအပ်သည်။
တည်းဖြတ်မူ ဖျက်ခြင်း
မဆီလျော်သော စာသားများနှင့် မှတ်တမ်းများကို ရှင်းလင်းနိုင်ရန်အတွက် လုပ်ဆောင်ချက်တစ်ခုကို စီမံခန့်ခွဲသူများအတွက် ရရှိနိုင်သည်။