ဝံပိုင့်
အင်္ဂလိပ်: Palm Civet (Viveriddae)
Temporal range: 34–0 Ma
Eocene ခေတ် မှ လက်ရှိခေတ်
A mosaic of four small photos of viverrids in trees
ဝံပိုင့် မျိုးစုများ။ (ဝဲထိပ် မှ ယာခြေ) ကြောင်ဝံပိုက်Genetta(အာဖရိကဝံပိုင့်)ကြောင်ဝံနဂါးဝံကြောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Infraorder: Viverroidea
မျိုးရင်း: Viverridae
Gray, 1821

ဝံပိုင့်[၁] (အင်္ဂလိပ်: Palm Civet, (Viverridae)[၂]) ဆိုသည်မှာ ခန္ဓာကိုယ်အရွယ် အငယ်စားနှင့် အလတ်စား အမျိုးမျိုးရှိကြသော ဇီဝမျိုးတူ နို့တိုက်သတ္တဝါများ မျိုးရင်းတစ်ခုဖြစ်ပြီး သိပ္ပံအမည်ဖြင့် "ဗီဗာရီဒီး"ဟု ခေါ်လေသည်။ ဝံပိုင့်များ၏ ပုံပန်းသွင်ပြင်သည် ကြောင်နှင့် ခပ်ဆင်ဆင်တူသော်လည်း ဗီဇမျိုးရိုး၊ စရိုက်လက္ခဏာနှင့် ခန္ဓာကိုယ်၏ အသေးစိတ် ဖွဲ့စည်းပုံများမှာမူ အတန်ပင်ကွဲပြား၏။

ဇီဝဗေဒဆိုင်ရာ မျိုးရိုးခွဲခြားခြင်း ပြင်ဆင်ရန်

(ဝံပိုင့်) ဗီဗာရီဒီး မျိုးရင်းသည် ဖီးလစ်ဒီး(ကြောင်မျိုးရင်း)၊ ဟိုင်အီးနီဒီး(ဟိုင်အီးနား)၊ ဟာပတ် စတီဒီး(မြွေပါ)၊ ပရီအိုနိုဒွန်တီဒီး(လင်စိုင်) စသည့် တိရစ္ဆာန်မျိုးရင်း တို့နှင့်အတူ နို့တိုက်သတ္တဝါ မျိုးစဉ်ခွဲ "ဖဲလစ်ဖော်မီယာ (အက်စ်ပဲရန်တို: Feliformia, lit.'ကြောင်အသွင်ရှိသတ္တဝါ')" ထဲ၌ ပါဝင်သည်။ ဝံပိုင့်မျိုးရင်းအား မျိုးစိတ် (၃၃) မျိုးပါဝင်သော မျိုးစု (၁၅) စုဖြင့် ဖွဲ့စည်းထားသည်။[၃]

တွေ့ရှိရသော ဒေသများ ပြင်ဆင်ရန်

ဝံပိုင့်များသည် အရှေ့တိုင်းဒေသများဖြစ်သော အာရှတိုက်တခုလုံး၊ အာဖရိကတိုက်တစ်ဝှမ်းလုံးနှင့် ဥရောပတိုက်၏ တောင်ပိုင်းဒေသတို့တွင် နေထိုင်ကျက်စားကြသည်။ မဒါဂတ်စကားကျွန်းနှင့် ဆူလာဝေစီကျွန်း များတွင်လည်း ကျက်စားကြပြီး၊ ကမ္ဘာ့ဟောင်းဟုခေါ်သော အရှေ့တိုင်းရှိ အပူပိုင်းဒေသများတွင် နေထိုင်ကြသည့်အပြင် အင်ဒို-ပစိဖိတ်ဒေသရှိ Wallace မျဉ်းဟုခေါ်သော အာရှနှင့် ဩစတြေးလျကြားရှိ ဇီဝမျိုးကွဲရပ်ဝန်း အပိုင်းအခြားကို ကျော်လွန်၍ ကျက်စားကြသည်ကိုလည်းတွေ့ရသည်။[၄] မျိုးရင်းဝင်အများစုသည် အပူပိုင်းမိုးသစ်တောများတွင် ပိုမိုနေထိုင်ကျက်စားကြသော်လည်း အချို့ဝံပိုင့်မျိုးနွယ်များမှာ တောအုပ်များဆာဗားနားမြက်ခင်းပြင်များနှင့် တောင်ပေါ်ဒေသများတွင်လည်း နေထိုင်ကြသည်ကိုလည်း တွေ့နိုင်သည်။

"ကြောင်ကတိုး/ကြောင်နံ့သာ" ပြင်ဆင်ရန်

ဝံပိုင့် မျိုးရင်းဝင်အများစုသည် ကြောင်ကတိုး (ဝါ) ကြောင်နံ့သာ ဟုခေါ်သည့် ခန္ဓာကိုယ်မှ ရနံ့တစ်ခုထုတ်သည့် ကြောင်အသွင်ရှိ တိရစ္ဆာန်များဖြစ်ကြလေ၏။[၁] ၎င်းရနံ့ထုတ်နိုင်သော ဝံပိုင့်အများစုမှာ "ဗီဗားရာ၊ စီဗက်တစ္စတစ်၊ ဗီဗားကျူလာ " မျိုးစုများမှ ဖြစ်ကြသည်။ ထိုကဲ့သို့ ရနံ့ထွက်ခြင်းမှာ ၎င်းမျိုးစုဝံပိုင့်များ၏ ဒွါရနားတွင် ရနံ့ထုတ်ဂလင်းတစ်ခုပါရှိသောကြောင့် ဖြစ်လေ၏။ သို့ရာတွင် ၎င်းတို့အားလုံး၏ ရနံ့တိုင်းသည် "ကတိုး" ဟူသော နှစ်လိုဖွယ်ကောင်းနေခြင်းမျိုးမဟုတ်ဘဲ တချို့သောဝံပိုင့်များ၏ ရနံ့မှာ မခံမရပ်နိုင်လောက်ပင် ပြင်းထန်သည်ဟုသိရသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်း "ကတိုး" ဟူသောအသုံးအနှုန်းသည်လည်း တခါတရံတွင် နှစ်လိုဖွယ်မကောင်းသော ရနံ့များကို ရည်ညွှန်းရာ၌လည်း လူတချို့ သုံးလေ့ရှိကြလေသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဝစ်ရှင်နရီ contributors (၂၃ ဩဂုတ် ၂၀၂၁)။ ဝံပိုင့်။ ဝစ်ရှင်နရီ။ ၂ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. "On the natural arrangement of vertebrose animals" (1821). London Medical Repository 15 (1): 296–310. 
  3. Wozencraft, W. C. (2005). "Order Carnivora" Archived 24 June 2011 at the Wayback Machine.. In Wilson, D. E.; Reeder, D. M (eds.). Mammal Species of the World (3rd ed.). Johns Hopkins University Press. pp. 548–559. ISBN 978-0-8018-8221-0. OCLC 62265494.CS1 maint: ref=harv ()
  4. Pocock၊ R. I. (1939)။ "Family Viverridae"The Fauna of British India, including Ceylon and Burma။ Mammalia. – Volume 1။ London: Taylor and Francis။ pp. 330–332။