သင်္ချာသင်္ကေတအသုံးအနှုန်းများ

သင်္ချာဆိုင်ရာ အရာဝတ္ထုနှင့် အကြံဉာဏ် အချက်အလက်များကို ဖော်ပြရန်သုံးသည့် သင်္ကေတအသုံးအနှ

သင်္ချာဆိုင်ရာ အရာဝတ္ထုနှင့် အကြံဉာဏ် အချက်အလက်များကို သင်္ချာသင်္ကေတ အသုံးအနှုန်း (mathematical notation) များသုံး၍ ရေးကြသည်။ သင်္ချာသင်္ကေတ အသုံးအနှုန်းများကို သင်္ချာ၊ သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များ၊ ဘောဂဗေဒနှင့် တစ်ခါတစ်ရံတွင် လူမှုသိပ္ပံဘာသာရပ်များ၊ နိစ္စဓူဝကိစ္စများတွင်လည်း သုံးကြသည်။ နံပါတ် ၀၊ ၁၊ ၂ စသည့် အသုံးများသော သင်္ကေတရိုးရိုးများမှသည်၊ dx/dy အစရှိသည့် ကဲကုလပ်အသုံးအနှုန်းများအလယ်၊ ပန်းရို့အမှတ်အသား (Penrose notation) နှင့် ကော့ဆက်တာ-ဒင်ကင်ပုံ (Coxeter-Dynkin diagram) စသည့် သဘောတရားရေးရာဆန်ကာ အများပြည်သူ အသုံးမများသည့် မှတ်သားပုံများအဆုံး အမျိုးမျိုးရှိနိုင်သည်။