သင်္ဃန်းကျွန်းပညာရေးကောလိပ်

၁၉၅၈ ခုနှစ်တွင်တည်ထောင်ခဲ့သောဒွန်ဘော့စကိုခရစ်ယာန်သာသနာပြုကျောင်းကို ၁၉၆၄ ခုနှစ်တွင်ပြည်

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ၊ င/က ရပ်ကွက် ၊ ဦးဘဟန်လမ်း တွင်တည်ရှိသည်။

သမိုင်း​ကြောင်း ပြင်ဆင်ရန်

၁၉၅၈ ခုနှစ်တွင် ခရစ်ယာန်သာသနာပြုအသင်းသည် ယခုသင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် မြေနေရာကိုဝယ်ယူပြီး ခရစ်ယာန်သာသနာပြု ဒွန်ဘောစကိုအထက်တန်းကျောင်းကိုတည်ထောင်ခဲ့သည်။ ၁၉၆၄ခုနှစ်တွင် အစိုးရသည်ထိုကျောင်းကိုပြည်သူပိုင်သိမ်းပြီး အ.ထ.က (၂) သင်္ကန်းကျွန်းအဖြစ်ပြောင်းလဲခဲ့သည်။ ထို့နောက် ဆရာအတတ်သင်ကောလိပ်ဖွင့်လှစ်ရန်ရည်ရွယ်၍ ၁၉၆၇ မှ ၁၉၆၉ ခုနှစ်အထိပြင်ဆင်မွမ်းမံခဲ့သည်။ ထို့နောက် ၂၂ - ၁၀ - ၁၉၆၉ တွင်သင်္ကန်းကျွန်းဆရာအတတ်သင်ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထိုဆရာအတတ်သင်ကျောင်းသည် ၁၉၉၈ ခုနှစ်အထိ အခြေခံပညာဦးစီးဌာန၏လက်အောက်တွင်ရှိခဲ့သည်။ ထို့နောက် ၁၉၈၈ခုနှစ်တွင် အမျိုးသားပညာရည်မြင့်မားရေး ဦးတည်ချက်နှင့်အညီ ဆရာအတတ်သင်ကျောင်းများကို ပညာရေးကောလိပ်အဖြစ်သို့တိုမြှင့်သတ်မှတ်ခဲ့သည်။ သင်္ကန်းကျွန်းဆရာအတတ်သင်ကျောင်းသည်လည်း ကောလိပ်အဆင့်(၂) သို့တိုမြင့်လာပြီး ၂၀၀၄ ခုနှစ်တွင် ပညာရေးကောလိပ်အဆင့်(၁)သို့တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် (၄) နှစ်သင်ပညာရေး ဒီဂရီကောလိပ်အဆင့်သို့မြှင့်တင်နိုင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

သင်္ကန်းကျွန်းပညာရေးကောလိပ် နှစ်(၅၀)ပြည့် ရွှေရတု မဂ္ဂဇင်း