သတ္တပဏ္ဏိလိုဏ်ဂူ သည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ရာဇဂြိုဟ်ပြည် ၏ အနောက်တောင်ဘက် ၃ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် ဗုဒ္ဓဘာသာဂူတစ်ခု ဖြစ်သည်။ [၁][၂]ဤဂူကို Sapta parni guha(Skr.) or Sattapanni guha(Pali) ဟုလည်း ခေါ်ဆိုကြသည်။ တောင်ကုန်းတွင် ပြုလုပ်ထားသည့် ဂူဖြစ်သည်။ ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ ဤဂူတွင် သီတင်းသုံးခဲ့သည်ဟု ယုံကြည်မှုများ ရှိသည့်အတွက် ဤဂူသည် ဗုဒ္ဓဘာသာဆိုင်ရာ အရေးကြီးသည့် နေရာလည်း ဖြစ်သည်။ [၃]ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဤဂူ၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ အနာဂတ်ကာလ သာသနာတော်အတွက် ဘုရားဟောသည့်တရားတော်များကို သင်္ဂါယနာတင်ရန်အတွက် ရဟန်းတစ်ရာခန့်သည် အသျှင်အာနန္ဒာနှင့် အသျှင်ဥပါလိကို တာဝန်ပေးအပ်ခဲ့သည်။[၁][၄][၅] ဗုဒ္ဓသည် သူ၏ သင်ကြားပြသမှုများကို စာဖြင့်ချရေးမှုမပြုခဲ့ပေ။ ဤပထမသင်္ဂါယနာတင်ပွဲတွင် အသျှင်အာနန္ဒာသည်သူ၏ မှတ်သားထားသည့် တရားတော်များကို နုတ်ထွက်စကားဖြင့် “အခါတစ်ပါး၌ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရသည်” ဟူသည့် စကားဖြင့် အစချီကာ တရားတော်များကို မှတ်တမ်းတင်ခဲ့သည်။ အသျှင်ဥပါလိသည် ရဟန်းများအတွက် ပညတ်တော်မူခဲ့သည့် ဝိနည်းများကို ရွတ်ဆိုကာ မှတ်တမ်းတင်ခဲ့သည်။ ဤမှတ်တမ်းတင်ခဲ့သည်များကို ဝိနယပိဋကတ်တွင် ဖတ်ရှုနိုင်သည်။[၁][၆]

သတ္တပဏ္ဏိလိုဏ်ဂူ
သတ္တပဏ္ဏိလိုဏ်ဂူ
တည်နေရာRajgir, Bihar
ကိုဩဒိနိတ်25°00′26″N 85°24′39″E / 25.007175°N 85.410792°E / 25.007175; 85.410792ကိုဩဒိနိတ်: 25°00′26″N 85°24′39″E / 25.007175°N 85.410792°E / 25.007175; 85.410792
အုပ်ချုပ်မှုArcheological Survey of India
ဂူအဝင်ပေါက်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Paul Gwynne (30 May 2017)။ World Religions in Practice: A Comparative Introduction။ Wiley။ pp. 51–52။ ISBN 978-1-118-97228-1
  2. Jules Barthélemy Saint-Hilaire (1914)။ The Buddha and His Religion။ Trübner။ pp. 376–377။
  3. Digha Nikaya 16, Maha-Parinibbana Sutta, Last Days of the Buddha, Buddhist Publication Society
  4. Kailash Chand Jain (1991)။ Lord Mahāvīra and His Times။ Motilal Banarsidass။ p. 66။ ISBN 978-81-208-0805-8
  5. Chakrabartia, Dilip K (1976). "Rājagriha: An early historic site in East India". World Archaeology 7 (3): 261–268. doi:10.1080/00438243.1976.9979639. 
  6. Peter Harvey (2013)။ An Introduction to Buddhism: Teachings, History and Practices။ Cambridge University Press။ pp. 88–89။ ISBN 978-0-521-85942-4