သန်းဌေး

မြန်မာနိုင်ငံရေးသမား

ဦးသန်းဌေး သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ​ဟောင်းတစ်ဦးဖြစ်သည်။ သူသည် ဦးသိန်းစိန်အစိုးရလက်ထက်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနစွမ်းအင်ဝန်ကြီးဌာနတို့တွင် ပြည်​ထောင်စုဝန်ကြီးတာဝန် ထမ်း​ဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနတွင်လည်း ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။[၃]


သန်းဌေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၃ ဩဂုတ် ၂၀၁၆ – ၁၂ စက်တင်ဘာ ၂၀၂၂
ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်း (၂၀၁၆ - ၂၀၂၂)
ဦးခင်ရီ (၂၀၁၆ - ၂၀၂၂)
ယခင်လူဦးသိန်းစိန်
ဆက်ခံသူဦးခင်ရီ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၅ ဇူလိုင် ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅[၁]
ယခင်လူဇေယျာအောင်
ဆက်ခံသူဉာဏ်ထွန်းအောင်
စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၅ ဇူလိုင် ၂၀၁၃
ယခင်လူလွန်းသီ
ဆက်ခံသူဇေယျာအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူကျော်မြင့် (NLD)
မဲဆန္ဒနယ်မြန်အောင်မြို့နယ်
အနိုင်ရမဲ အရေအတွက်၈၁,၉၉၆ (၇၆.၉၉%)[၂]
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-11-12) ၁၂ နိုဝင်ဘာ၊ ၁၉၅၄ (အသက် ၆၉)
မြန်အောင်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်စိုးဝတ်ရည်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၂၀၁၀
ရာထူး ဗိုလ်မှူးချုပ်

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင် အဓိကအတိုက်အခံပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အငြင်းပွားဖွယ်ကိစ္စများဖြင့် အနိုင်ရခဲ့သည်။[၄]

နိုင်ငံရေး လှုပ်ရှားမှုများ ပြင်ဆင်ရန်

ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မြန်အောင်မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဦးသန်းဌေး သည် ၂၀၁၆တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ၌ နေပြည်တော် ​ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ယင်းရွေးကောက်ပွဲတွင် ဦးသန်းဌေးသည် ဇေယျာသီရိမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။[၅] ယင်းမဲဆန္ဒနယ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် သူရရွှေမန်း[၆] ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း [၇]တို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာအနိုင်ရခဲ့သည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင်နှင့် ပြီးဆုံးပြီးသည့် အချိန်တွင်ပြုလုပ်သော  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲများသို့  ဦးသန်းဌေးသည်  အခြားသောနိုင်ငံရေးပါတီများနှင့်အတူ တက်ရောက်သည်။[၈] [၉] [၁၀]ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမျှတမှုမရှိဟု ဝေဖန်သည်။[၁၁] အခြားပါတီများနှင့်အတူ ကန့်ကွက်ကြောင်းစာထုတ်သည်။[၁၂]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နောက်ပိုင်းကာလများတွင် ဦးသန်းဌေးသည်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်ရသည်။[၁၃] တစ်ဖက်တွင်လည်း  ခါးနာရောဂါကြောင့်  ခွဲစိတ်ကုသမှုကို ခံယူရ၍ ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပေးသည်။[၁၄]

၂၀၂၂ အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ညီလာခံတွင် ပါတီ ဥက္ကဋ္ဌတာဝန်မှ တရားဝင် နုတ်ထွက်သွားသည်။[၁၅]

ကိုးကား ပြင်ဆင်ရန်

  1. Top ministers resign။ Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
  2. Irrawaddy Division။ Alternative Asean Network on Burma။ 22 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
  3. Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization. 
  4. [အနိုင်ရ ကြံခိုင်ရေးကိုယ်စားလှယ် ၁၄ ဦးကို NLD ကန့်ကွက်လွှာတင်သွင်း အနိုင်ရ ကြံခိုင်ရေးကိုယ်စားလှယ် ၁၄ ဦးကို NLD ကန့်ကွက်လွှာတင်သွင်း]။
  5. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ အနိုင်ရMyanmar Now (၉ နိုဝင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေMyanmar Now (၇ နိုဝင်ဘာ ၂၀၁၀)။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၁၅ အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် တပ်ချုပ် တွေ့ဆုံMyanmar Now (၁၄ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. တပ်ချုပ်နှင့် ၃၄ ပါတီ တွေ့ဆုံမှုအပေါ် သူတို့အမြင်Myanmar Now (၁၇ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. တပ်ချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုအပေါ် အကဲခတ်တွေအမြင်VOA (၁၆ ဩဂုတ် ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲကို အသိမှတ်မပြုဘူးလို့ပြောBBC Burmese (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ရွေးကောက်ပွဲ ကန့်ကွက်လွှာ၂၀၀ နီးပါး ကြံ့ခိုင်ရေးပါတီက UEC သို့ တင်ထားဧရာဝတီ (၂၈ ဒီဇင်ဘာ ၂၀၂၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဦးခင်ရီဥက္ကဋ္ဌသစ် ဖြစ်လာဖွယ်ရှိMyanmar Now (၂၂ ဩဂုတ် ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပါတီခေတ္တဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်ရီအား လွှဲပြောင်းပေးအပ်Eleven (၂၂ စက်တင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြန်အရွေးချယ်မခံဘူးလို့ ပြောRFA Burmese (၄ အောက်တိုဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။