သူစိမ်းအိမ်ရုပ်ရှင်သည် ၂၀၁၉ခုနှစ်က ရုံတင်ပြသခဲ့သော မြန်မာရုပ်ရှင်ကားတစ်ကားဖြစ်သည်။ ဒါရိုက်တာထူးပိုင်ဇော်ဦး၏ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး လွင်မိုး၊ ရှိန်း၊ ချာလီ၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေးတို့က အဓိကသရုပ်ဆောင်ထားသည်။ဤဇာတ်ကားတွင် စိတ္တဇဇာတ်ကွက်များ ပါဝင်သဖြင့် အသက်၁၃နှစ်အောက်ကလေးများကြည့်ရန်မသင့်ကြောင်း သတ်မှတ်ထားသည်။ ဇာတ်လမ်းတစ်ခုလုံး ပရိသတ်များအား သည်းထိတ်ရင်ဖိုဖြစ်စေကာ စိတ်ဝင်စားဖွယ် ရိုက်ချက်၊ ပြကွက်၊ မြှပ်ကွက်များဖြင့် ဆွဲဆောင်ထားသော ဇာတ်ကားတစ်ကားဖြစ်သည်။[၁][၂][၃][၄]

သူစိမ်းအိမ်
အခြေခံအချက်အလက်
ဒါရိုက်တာထူးပိုင်ဇော်ဦး
စာရေးသူခမ်းမွန်
သရုပ်ဆောင်
  • လွင်မိုး
  • ရှိန်းတင်ထူး
  • ချာလီ
  • ဂျိုကာ
  • ထွန်းအန္ဒြာဗို
  • လင်းဇာနည်ဇော်
  • ဖွေးဖွေး
  • မြတ်နိုးအေး
  • ကူးကူးဇင်အောင်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဩဂုတ် ၂၀၁၉ (၂၀၁၉-၀၈)

အနှစ်ချုပ် ပြင်ဆင်ရန်

မန္တလေးတွင်နေသော နွေဦးနှင့် ကေသီတို့သည် ရန်ကုန်သို့အလည်လာစဉ် အခြေအနေအရ သူငယ်ချင်းဖြစ်သူ မြ၏အိမ်သို့ ရောက်ရှိသွားသည်။ အစပိုင်းတွင် ပျော်ရွှင်စရာ အိမ်အဖြစ်မြင်တွေ့ရသော်လည်း နောက်ပိုင်းတွင် ချောက်ချားစရာများဖြစ်လာပြီး ထိုအိမ်မှာ စိတ္တဇအိမ်ဖြစ်ကြောင်းသိလာခဲ့ရသည်။ သို့​သော် ထိုအခါတွင် အချိန်နှောင်းသွားပြီဖြစ်သည်။

ရိုက်ကူးခြင်း ပြင်ဆင်ရန်

စိတ္တဇမိသားစု ပြင်ဆင်ရန်

  • ဦးနေအောင်အဖြစ် လွင်မိုး - မြ၏ဖခင်ဖြစ်ကာ ရတနာဆိုင် ပိုင်ရှင်
  • ဒေါ်ရင်ရင်အဖြစ် ထွန်းအိန္ဒြာဗို - မြ၏မိခင်
  • မြအဖြစ် ကူးကူးဇင်အောင် - ရန်ကုန်တွင်နေထိုင်ကာ လူမှုကွန်ယက်တွင် လူသိပ်သိမခံသော နွေဦး၏ သူငယ်ချင်း
  • အိမ်နီးချင်းအဖြစ် ဂျိုကာ

နွေဦးပတ်ဝန်းကျင်မှလူများ ပြင်ဆင်ရန်

  • နွေဦး အဖြစ် ဖွေးဖွေး- မိခင်သေဆုံးသွားပြီး ဖခင်၏ အချိန်ပေးခြင်းမခံရသော မိန်းကလေးတစ်ဦးဖြစ်ကာ ရန်ကုန်တွင် ရည်းစားရှိသူ
  • မျိုးသစ် အဖြစ် ချာလီ- နွေဦး၏ ရည်းစား
  • ကေသီ အဖြစ် မြတ်နိုးအေး - နွေဦး၏ သူငယ်ချင်း
  • ရှိန်းအဖြစ် ရှိန်းတင်ထူး - မျိုးသစ်၏ သူငယ်ချင်း

ကိုးကား ပြင်ဆင်ရန်