ဦးသောင်းစုငြိမ်း (၁၉၇၇ မွေးဖွား[၁]) သည် မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ထိပ်တန်း သတင်းဂျာနယ်များတွင် အပါအဝင်ဖြစ်သော ၇ ရက် နေ့စဉ်သတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာကုမ္ပဏီဖြစ်သော Information Matrix ကို တည်ထောင်သူဖြစ်သည်။[၂] သူ၏ ဖခင်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သော ဦးဝင်းအောင် ဖြစ်သည်။[၂] သူသည် ယခုလက်ရှိ 7Day ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။[၃] သူသည် နယူးယောက်မြို့တော်ကောလိပ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူခဲ့သော်လည်း တတိယနှစ်တွင် နုတ်ထွက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။[၄]

သောင်းစုငြိမ်း
မွေးဖွား၁၉၇၇
မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
ကျော်ကြားမှုအရင်းခံ၇ ရက် နေ့စဉ်သတင်းစာ တည်ထောင်သူ
အိမ်ထောင်ဖက်(များ)ဒေါ်စုစုစိုးညွန့်
မိဘ(များ)ဦးဝင်းအောင် (ဖခင်)
ဝက်ဘ်ဆိုဒ်thaungsunyein.com

ဦးသောင်းစုငြိမ်းသည် ဒေါ်စုစုစိုးညွန့်နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ဦး ထွန်းကားခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Roughneen၊ Simon။ "For Burma’s New Newspapers, a Daily Struggle to Profit"၊ The Irrawaddy၊ 26 August 2013။ 17 July 2015 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ "My Business: Running a newspaper in Burma"၊ BBC၊ 4 September 2013။ 17 July 2015 တွင် ပြန်စစ်ပြီး 
  3. Kyaw Hsu Mon; Nan Tin Htwe။ "Myanmar media reform: Publish and be damned?"၊ Myanmar Times၊ 7 January 2013။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  4. ၄.၀ ၄.၁ U Thaung Su NyeinMyanmar Business Conference။ 20 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2015 တွင် ပြန်စစ်ပြီး။